Skip to main content

ကျ နှင့် ကြ

မြန်မာစာ အဖျားမကျသေးပါ

နိုင်ငံကျော်အရီးတောင်း လက်ဖက်ကို အားပေးကျ(အားပေးကြ)သော မိတ်ဆွေ သူငယ်ချင်း များ အတွက်သတင်းကောင်းလေးပါ 
မြန်မာစာအထူးနေရာတခုမှာ ကျ နဲ့ ကြ ကိုမေးတာ ဖြေတာတွေတွေ့တယ်။ သူတို့ရေးတာတွေကို တခုတလမှ မပြင်ပါ။ အမှန်-အမှားကိုလည်း ထောက်ပြခြင်း မလုပ်ပါ။ မြန်မာစာသမားတွေက မြန်မာစာစပယ်ရှစ်လစ်တွေ ပြောတာကိုသာ လက်ခံကြတယ်။ ဆရာဝန်ကိုလည်း မကြာခဏ မေးကြတယ်။ မြန်မာပြည်မှာ မြန်မာစာကျသူ မရှိ။ သို့သော် မှားရေးနေကြ၏။ မှားရေးနေသောစာများကို အလွန်သဘောကျနေသူတွေက များကြ၏။ 
ကျ နဲ့ ကြ အသုံးပြုပုံလေးရှင်းပြပေးပါ သိပ်မကွဲလို့ပါ
• ကျသူကိုယ်တိုင်က ကြိယာပုဒ်။ အောက်ကျ လဲကျ ပြုတ်ကျ။ ကျကြိယာကိုအထူးပြုသည်။ သွားနေကျစားနေကျ လုပ်နေကျ။ (ကြိယာ၏ အလေ့အထ) ကြကိုယ်ပိုင်အဓိပ္ပါယ်မရှိ။ နမ်သည်ဗဟုဝုစ်ကိန်းဖြစ်ကြောင်း ကြိယာတွင် အထောက်အကူပြုဖော်ပြသည်။ လူအများ စုဝေးနေကြသည်။ သိသလောက်ဝင် အာ တာ။ တတ်လို့ဟုတ်ဖူး။
• ဖတ်ဖူးတာလေး လုပ်ကြကိုင်ကြ သွားကြလာကြ စားကြ သောက်ကြ အများဆိုင် ဈေးကျ ကျကွဲ ကျတော့မယ် အမြင့်မှအောက်သို့ကျ
• ကျ က ပြုတ်ကျ လဲကျ စာမေးပွဲကျ ကြ က သွားကြ လာကြ စားကြ သောက်ကြ အဲလို သုံးရတာပါ သိသလို ရေးပြတာပါ အပြည့်အစုံ တော့ မဟုတ်ဘူးပေါ့
• အောက်ကျနောက်ကျဖြစ်အောင် မလုပ်ကြနဲ့။ ဆရာကြီးရှင့် "ကျ" နဲ့ "ကြ"အသုံးကို ခွဲခြား ရှင်းပြပေးပါရှင့်။ စာအုပ်တချို့မှာ "ကြ"လို့ ရေးရမယ့်စာလုံးကို "ကျ"လို့ရေးနေတာ တွေ့ရလို့ပါရှင့်။ ကျကျနန၊ ချက်ကျ၊ စားနေကျကြောင်ဖား၊ စိတ်တိုင်းကျ၊ မတင်မကျ၊ လုပ်နေကျအလုပ်၊ အားကျ၊ အံဝင်ခွင်ကျ၊ သူငယ်နာကျဗဟုံး အစရှိတဲ့စာလုံးတွေကို "ကျ"နဲ့ ရေးရပါတယ်။ ကျီကြ၊ ကြခတ်ဝါး၊ ကြသောင်းဝါး၊ ကြငှန်း၊ ကြဥပင်၊ ကြလှဲဝဲ၊ ကြောင့်ကြ၊ သွားကြလာကြ၊ အစရှိတဲ့ စာလုံးတွေကိုတော့ "ကြ"နဲ့ ရေးရပါတယ်။ {ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) လူငယ်တွေမေးကြတဲ့ထွေထွေရာရာမြန်မာစာ-၁} ကျ စားနေကျကြောင်ဖား၊ ကျပန်းစကား( -ပြောပွဲ)၊ နေသားကျ-၊ ကြုံရာကျပန်း၊ အားကျ-၊ မတင်မကျ၊ လုပ်နေကျ( -အလုပ်)၊ ချ၍ ကျ-၊ ခွင်ကျအံဝင် (အံဝင်ခွင်ကျ)၊ ကျပေါက်-၊ကျပျောက်-၊ ကျကျနန၊ စိတ်တိုင်းကျ။ ကျဗဟုံးသူငယ်နာ။ ကြ ကျီကြ၊ သွားကြလာကြ-။ ကြောင့်ကြ-။ ကြငှန်း။ ကြစုသီး ကြခတ်ဝါး၊ ကြလိုဝါး၊ ကြသောင်းဝါး၊ ကြလှဲ (ဝဲ)။ (မြန်မာပင့်ရစ်ခွဲထားရကန်၊ ဆရာကြီးဒေါက်တာထွန်းတင့်)
• ကျက ပစ္စည်း ကြကကိရိယာ
• ဟုတ်လို့လား ကျ က ကြိယာဗုဒ်မဟုတ်လား။
• နေကြ သွားကြ လာကြ လုပ်ကြ လုကြ စားကြ မုန်းကြ ချစ်ကြ ကွဲကြ (ချစ်သူ လင်မယား) တာဝန္က် ပြုတ်ကျ ရာထူးက် ကွဲကျ(ပုလင်း ပန်းကန်း)
• တော်တော်လေးခွဲရခက်တယ် သေချာဂရုစိုက်ပြီး သုံးတာတောင် တစ်ခါတစ်ခါ(တခါတခါ) ဘယ်ဟာက အမှန်လည်း ခုထိမကွဲဘူးရယ်
- ကျ နဲ့ ကြ ကိုလည်း ပြင်ပေးပြောပေးပါဦးဆရာ။ သတင်းသမားတွေ၊ ဂျာနယ်တွေကအစ အရမ်းလွဲလာတယ် ဆရာ။ ပိုပိုဆိုးလာလို့ ကူညီပြုပြင်ပေး ပြောပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်ခမျ။
- ကျွန်မကတော့ ကြ နဲ့ ကျ အသုံးကို မဝေခွဲဖြစ်နေလို့ပါရှင့်လို့ မေးခဲ့လို့။
- ဆရာ ကျ နဲ့ ကြ ကိုရော သိချင်ပါတယ်။ တခါရေးဖူးသလားဆရာ။ ပြန်ရှာကြည့်ချင်လို့ပါ။
- ဒီတခေါက်အိမ်ပြန်ရင် ဆီးကြိုနေကျ ဖေဖေမရှိတော့ပါ။ ဆရာရှင့် ဆီးကြိုနေကျလား ဆီးကြိုနေကြလား သိပါရစေ။
- ဗမာဆိုင်းဝိုင်းနဲ့ ကုလားက ကနေတဲ့ ဗီဒီယိုမှာ သဘောကြလို့ လို့ရေးထားတယ်။ သဘောကျလို့ ရေးရမယ်။ သဘောကျကြလို့လို့လည်း ရေးနိုင်တယ်။ စားရာကို သွားရကျသည်။ အကသွားကြည့်ကြသည်။ ဘောလုံးပွဲ သရေကျသည်။ မြန်မာစာလည်း ကုလားကဖြစ်လိုက်၊ တရုပ်ကဖြစ်လိုက်။
- မနက်စာ ရှမ်းခေါက်ဆွဲလေးလုပ်စားကျ(ကြ) မယ်
- ယနေ့ ပန်းသီး ချောကလက် ပန်းစည်းမရသူများ စာရင်းပေးထားပါ အမေများနေ့ကြ (ကျ) ပို့ပေးမည်ဖြစ်ကြောင်း
- ရွှေဆိုင် စိန်ဆိုင်တွေမှ ၆လ ၃လ အရစ်ကြရောင်းပုံစနစ်က အရစ်ကြ - အရကျစ်ပါ (သတ်ပုံကိုပြောလိုရင်တော့ အရစ်ကျ လို့ရေးတာက မှန်။ အိမ်ကို အရစ်ကျပေးစနစ်နဲ့ ဝယ်ကြမလား။)
ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျဖမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
ကြုံရာကျဘန်း မပြောရ
ကြေးငွေကုန်ကျ
ငွေကြေးအကုန်အကျများတယ်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သဘောကျ
သူငယ်နာကျဗဟုံး
အံဝင်ခွင်ကျ
အကျွေးကျအောင်မသုံးပါနှင့်
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အောက်ကျနောက်ကျ မဖြစ်ပါစေနှင့်
ကြ
ကံကြမ္မာ
ကျီကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြစေ့ပင်
ကြပို့ရွာ
ကြသောင်းဝါး
စိုးရိမ်ကြောင့်ကြ
လာကြလေ
သွားကြမယ်
ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား
ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ
ကြံစည်ကြောင့်ကြ၊ မိန့်ကျစရာ။. မရှိပါတည်း (သူဇာပျို့၊ ပဒေသရာဇာ)
ကြီးထူကြောင်ကြ၊ ဗျာပါရကို၊ နေကျပျောက်စေ (နဝဒေး ရတု)
ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ
ကြုံလေနေကျ၊ ဆောင်ကြစီးပွား (နဝဒေး)
စားနေကျ ထမင်းကို စားနေကျ ပုံမှန်ပဲပြန်လုပ်
စားနေကျ ပုဇွန်ဟင်း
စားနေကျ မစားရတော့ အားနည်းနေပြီ
စားနေကျ ရခိုင်မုန့်တီဆိုင်လေး
စားနေကျစားသောက်ဆိုင်ကို သွားစားကြမယ်
စိတ်ကရည်တိုင်း ကျကျတည်း (သူဇာပျို့၊ ပဒေသရာဇာ)
စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ
စိတ်မှာနေကျ၊ တူချေကြ၏ (မနော်ပျို့သစ်၊ ပဒေသရာဇာ)
တပ်အပ်လည်းကျ၊ ဆုံးဖြတ်ကြအံ့ (ဘူရိဒတ်)
နှိမ့်လည်းရှုတ်ချ၊ ကဲ့ရဲ့ကြလျက်၊ သကျမုနိ၊ ဆရီဘဝ (သံဝရပျို့)
နာချင်နာရ၊ စာမကျလည်း၊ ရှုတ်ချဆိုမည်၊ ရိပ်ခြည်မပြ၊ ရွံ့ဖြေကြ၍ (စတုဓမ္မသာရပျို့)
ပတ်ကုံနှံ့မျှ၊ ရင်သို့ကျ၏၊ နွှဲကြဖက်ယမ်း၊ (သူဇာပျို့)
ပုံမှန် စားနေကျ အတိုင်း
ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်
မကင်းနေကျ၊ ခံစားကြ၏၊ မှိုင်းပျမင်းလွင် (သူဇာပျို့၊ ပဒေသရာဇာ)
မဆည်နိုင်ကြ၊ သွယ်တီးကျ၍၊ နှစ်ပါး့မျက်ရည် (သူဇာပျို့၊ ပဒေသရာဇာ)
မတင်မကျမလုပ်ပါနဲ့ လုပ်နေကျအလုပ်အတိုင်းသာ မလုပ်ပါနဲ့
မျက်ရည်မကျ၊ မရှိကြဘူး (သူဇာပျို့၊ ပဒေသရာဇာ)
မြန်မာစာ အဖျားမကျသေးပါ။
မြန်မာစာကို အလေးထားကြတဲ့ပညာရှင်တွေ ကျွန်တော်တို့ကို ခွဲခွာပြီး သွားကြလေပြီ
မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှား သတ်ပုံမှားရေးသူတွေက အတော်များ
မြန်မာစာအနာဂတ်အတွက် အတော်ကိုကြောင့်ကြမိပါတယ်
မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ) ၁၉၆၂ ခုနှစ်ထုတ်။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
သွယ်ခွေ ပြိုက်ကျ၊ နှင်းနှင့်မျှသည်၊ ပျောင်းပျ လွမ်းယိပန်းသည်နှင့် (နဝဒေး)
အံအဲကြ၏၊ ချက်ကျ လွန်ကွင်း၊ အရွေသွင်းသို့ (ရှင်မဟာရဋ္ဌသာရ)
အလှည့်ကျ မနွှဲ့ကြစတမ်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ