2. ကင်ဆာဆေးကိုသောက်နေရတာ လေးကြိမ်မြောက်ရှိပါပီ (ပါပြီ) အစားလဲစားပါတရ် လမ်းကတော့မလျှောက်ချင်ပါဖူး ကင်ဆာဆေးသောက်ရက်နဲ့လဲ CA ကမကျပါဖူးရှင့် တချို့ကလဲ မြွေသည်းခြေနဲ့မြွေသားစားရင် ကင်ဆာရောဂါပျောက်တရ်လို့ပြောနေကြလို့ပါ အ့ဒါ ဟုတ်ပါသလားရှင့်
3. ကျေးဇူးတင်ပါတရ် ဆရာ ဆရာ့စာတွေ ဖတ်ရတာ သိချင်တာတွေရော မသိသေးတာတွေပါ သိရပါတရ် ဆရာကျန်းမာပါစေ။ (တယ်လို့ ရေးရတယ်။)
4. စာထဲထည့်ရေးနေတရ် (တယ်လို့ ရေးရတယ်။)
5. ဆရာ သမီးအသက် က ၂၇ ထဲမာပါဆရာ။ အိမ်ထောင်သက် ၂နှစ် ပြည့်တော့မရ်။ အခု ကလေးလိုချင်လို့ပါဆရာ။ ရာသီကလည်း မမှန်။ ရက်ရှောင်နည်းတွေနဲ့ တူတူနေပါတရ်။ အခု ရာသီမလာတာ ၃ လ ပြည့်တော့မရ်။ သူများ ပြောတာတော့ ရာသီမှန်မ ကလေးရနိုင်တရ်ပြောလို့ ပါရှင့်။ အမှားပါရင် ကတော့ပါရှင့်။ ကျေးဇူးတင်ပါတရ်။ marvelon 28 သောက်ဖူးတရ်ရှင့်။ (တယ်လို့ ရေးရတယ်။)
6. ဆရာခများ ကျနော် အသက် ၂၅ ပါ တာချီလိပ်မှာနေပါတရ် ကျနော် ငယ်ငယ်က နှလုံးသွေးကြောကျဉ်း ရှိပါတရ်။ ကျနော့် အနေနဲ့ ဘယ်လိုဆေးခန်း ဘယ်လိုဆရာဝန် ပြသင့်ပါသလဲဗျ မှားတာရှိရင် အနူးညွန်တောင်ပန်ပါတရ် အဖြေလေးတော့ ကျနော်မျှော်နေပါတရ် ဆရာခများ (တယ်လို့ ရေးရတယ်။)
7. ဆရာမင်္ဂလာပါ သမီးအသက်က ၂၅ပါ အိမ်ထောင်ကျတာ ၄နှစ်ရှိပါပီ သမီးလေးတယောက်ရှိပါတရ် ၁၃.၇.၂၀၁၇ ထဲက တားဆေးမထိုးပဲ ဒီတိုင်းထားလိုက်တာ ပြောရရင် အပျင်းတစ်ပီး သွားမထိုးပဲ ထားလိုက်တာ ခုဆို ရလပိုင်းက ဓမ္မတာ မလာတာ ခုထိပါပဲ လာရင်လဲ နည်းနည်းလေးပဲလာပီ မဲမဲတွေပဲလာတရ် ဆီးစစ်တာလဲ ကိုယ်ဝန်မရှိပါဘူး ခုဆို ဓမ္မတာ မလာတာ ၄လရှိပါပီ ခါးတွေလဲ အရမ်းကိုက်ပါတရ် သမီးဘာလုပ်ရမလဲ ဖြေပေးပါနော် (တယ်လို့ ရေးရတယ်။ ပါပြီလို့ ရေးရတယ်။ အပျင်းတစ်ပီးဆိုတာ နားမလည်။)
8. ဆရာရှင့် ကျွန်မ အသက် ၂၉ နှစ်ပါ။ အိမ်ထောင်ကျပြီးပါပြီ။ ၆ လလောက်ရှိပါပြီ။ ကလေးလိုချင်လို့ပါ။ အခု ညာဘက် အောက်နားက အောင့်အောင့်နေပါတရ်။ ကျောဘက်နားတွေလဲ အောင့်အောင့်နေပါတရ်။ ရာသီလာထားပါတရ်ဆရာ။ တားဆေးကဘာမှမသောက်ပါဘူး။ ဆရာဝန်လဲမပြပါဘူး။ လတိုင်းတော့ ရာသီလာပါတရ်။ (တယ်လို့ ရေးရတယ်။)
9. လူနာအသက်က ၆၃ နှစ်ပါ ရန်ကုန်မြို့ မအူကုန်းမြို့နယ်မှာနေပါတရ် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ခြေထောက်လက်တွေ ယားယားနေတတ်တရ် ယားရင်အစားမှားလို့ထင်ပီး ပုဇွန် ငါး မစားပဲ နေကြည့်တရ် ယားတဲအခါ သက်သာအောင်စီထွင်း စီထွင် သောက်ပါတရ် တခါတလေ မသက်သာရင် 3 4 5 လုံးထိ သောက်ပစ်လိုက်တရ် ယားလိုက် ပျောက်လိုက်နဲ့ ခု ၄ လလောက်ရှ်ပီ ယားတာကနေ ကုတ်တော့ ပဲ့ပီး အဖုတွေဖြစ်လာတရ် အေးရိပ်သာက အရေးပြားနဲ့ပြတရ် ၂ ပတ်စာ ဆေးပေးတရ် ၂ ပတ်ပြည့်ပေမဲ့လုံးဝမသက်သာ အနာတွေပါပွားလာတရ် ယားလဲတအားယားလို့ ညပါအိပ်မရဖြစ်လာတရ် ဒီနေ့ရက်ချိန်း ပြည့်လို့ပြန်ပြတော့လဲ သူက ဝဲဖြစ်မရ်ထင်တရ်ပဲပြောတရ် အစက အကောင်တကောင်ကောင် ကိုက်တရ် ထင်တရ်လို့ပြောတရ် ခုလဲ ဂျပိုးရှိလား ခြင်များလား မေးတရ် ကျနော့အိမ်မှာ ဘာမှမရှိပါ ဆေးထပ်တိုးပေးတရ် (တရ် ၁၈ လုံးပါတယ်)
10. သမီးလဲ အာ့လိုရောဂါမျိူးဖြစ်နေတရ်ထင်တရ်ဆရာ အမြင်အာရုံတွေလျှော့နည်းလာတရ် ခေါင်း တအား ကိုက်လာရင် ခေါင်းကိုအဝတ်စည်းထားမှနေနိုင်တရ် မှတ်ဉာဏ်တွေကတော်တော်လျှော့လာတရ်ဆရာ ဘရ်အရာကိုမှမမှတ်မိတာ များတရ် စာတွေကျတ်ရင်ခေါင်းကိုက်တရ် ပြီးခေါင်းထဲကအသံတွေပါမြည်တရ်ဆရာ ဖျောက်ဖျောက်နဲ့ ဘေးက လူနားခေါင်လို့ရတရ်ဆရာ (တယ်လို့ ရေးရတယ်။)
11. ဟု ဆရာ ကျနော် မမြင်လို့ ပါ ဗျ တောင်ပန်ပါ တရ် ဆရာ (ဟုတ်လို့ ရေးရတယ်။ တယ်လို့ ရေးရတယ်။)
12. ဟုတ်ကဲ့ပါ ဆရာ ကျမ ရိုက်ရှာတာ မြန်မာစာ သတ်ပုံ တွေပဲ အများဆုံးတွေ့နေရတရ် (တယ်လို့ ရေးရတယ်။)
13. ဟုတ်ကဲ့ဘာဆရာ။ ဆရာရေးသမျှ post တွေကို ဗဟုသုတအနေနဲ့အမြဲဖတ်ဖြစ်ပါတရ် ဆရာ မသိဖူးတာတွေလည်း အများကြီးသိလာရပါတရ် (တယ်လို့ ရေးရတယ်။)
တရ်လို့ရေးတာ မရှိပါ။ ဘရ်လို့လည်း မရှိပါ။ ဟုတ်ကဲ့ပါလို့သာရေးရတယ်။ ရ် ဆိုတာ ကုလားသံ။ သတ်ပုံကို တမင်ဖျက်ရေးနည်းကို သမီးရည်းစား၊ လင်မယား၊ သူငယ်ချင်းတွေအချင်ချင်းသာ ရေးလိုရင် ရေးကြပါ။ ဆရာဝန်ဆီတော့ ဆောရီး။ ကုလားလို့ပြောတာကို တမျိုးမထင်စေလိုပါ။ စစ်အစိုးရဝါဒဖြန့်သလို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်ရှ်၊ အာရတ်သွေးပါသူတွေကို စုပြုံပြီး ကုလားခေါ်ခိုင်းထားတာကို နားမယောင်ကြစေလိုပါ။ အိန္ဒိယလူမျိုးတွေက (R) ကို (ရ်) သံ ပီပီသသထွက်ကြတယ်။ ကျွန်တော် အဲဒီကိုရောက်စ မိတ်ဆက်ပေးတဲ့အခါတိုင်း ဒေါက်တားရ်လို့ ပြန်ပြောလေ့ရှိကြတယ်။
ရ်
မထေရ်၊
မြင့်မိုရ်တောင် (မြင်းမိုရ်တောင်လို့လည်း ရှေးကရေးပါတယ်။)
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
မာရ်နတ်၊
ယုဂန္ဓိုရ်တောင်
ဝိဇ္ဇာဓိုရ်၊
သောနုတ္ထိုရ်၊
အဂ္ဂင်္ုတ္ထိုရ်
တယ်
ချိုးတယ်
ချိုတယ်လူးနွား
ခါတယ်
စားချင်တယ်
တင့်တယ်လျောက်ပတ်
တယ်ကြက်
တယ်ကောင်းပါလား
တယ်တိန်ညင်
တယ်လီဖုန်း
ထမင်းအိုးတယ်
ပန်းပဲမောင်တင့်တယ်
သိချင်တယ်
မြန်မာပြည်မှာ (ရ်) ရောဂါ ကူးစက်နေတယ်။ နှာခေါင်းစည်းနဲ့မရ။ လက်ဆေးလည်းမရ။ ကာကွယ်ဆေးလည်း မရှိပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment