ရောဂါရနေသော တတ် နှင့် တက်
1. Chinese ဘာသာစကား အိမ်အရောက်လာရောက်သင်ကြားပေးတယ်ရှင့် အိမ်မှာလာသင်လဲရတယ်ရှင့် စာရေးတက်(တတ်) ဖတ်တက်(တတ်) ချင်လား အပြောပဲတက်(တတ်)ချင်သလား
2. The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)
3. ဆရာ (တက်) နဲ့ (တတ်) ကဘယ်နေရာမှာ ဘယ်ဟာကိုသုံးသလဲ ကွဲကွဲပြားပြားမသိလို့ပါဆရာ။ တခါက ဆရာမတယောက် ပြောဖူးတယ် အမြင့်ကို တက်တာကလွဲလို့ကျန်တဲ့ တတ်ကိုပဲ သုံးတယ်ဆို ဟုတ်ပါသလားဆရာ။
4. ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
5. ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)
6. ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)
7. ဆရာ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
8. ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲ ရွာချနေပါစေတပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတက်(တတ်)မှ ပညာရမှာပဲ ဖြစ်ပါတယ်။
9. ဆရာရှင့် ကလေးက ၇ နှစ်ခွဲပါ သွားမကျိုးသေးပဲ ကြီးသွား ကြိုပေါက်နေလို့ပါ ဘယ်လို လုပ်သင့်ပါသလဲ ၁၂ နှစ်အောက် ခလေး ထုံဆေးပေးရင် ကြီးရင် ထုံနာကျင်နာ ဖြစ်တက်(ဖြစ်တတ်)တယ်ဆိုတာ ဟုတ်ပါသလား
10. ဆရာရှင့် ကိုဗစ် နောက်ဆက်တွဲအနေနဲ့ သွေးပြစ် သွေးခဲ ခြင်းတွေ ဖြစ်တက် (ဖြစ်တတ်) တယ်လို့ သိရပါတယ် အဲ့လို သွေးပြစ်သွေးခဲတာကို ဘယ်လို အချက်တွေနဲ့ သိနိုင်ပါသလဲရှင့် အဲ့လို ဖြစ်တာကိုကော ကြိုတင်ကာကွယ်လို့ ရပါသလားရှင့်
11. ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၁၅ ပတ်မှာ သွေးဆင်းပါတယ်ဆရာ။ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တယ် အချင်းလည်း ပုံမှန်လို့တော့ ပြောပါတယ်ဆရာ။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ စိုးရိမ်ရလား။ ဘာဖြစ်တက်လဲ ) (ဘာဖြစ်တတ်လဲ) ဆိုတာ သိချင်ပါတယ်ဆရာ။
12. ဆရာသေခြာ (သေချာစွာဖတ်ပါတယ် မသုံးတက် (မသုံးတတ်) လို့ပါခင်ဗျာ။
13. ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဖြစ်သွားတတ်သည် လို့ ရေးရတယ်။)
14. ညောင်းကိုက်မောပန်းတက်(တတ်)လို့ပါ
15. တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ် ဆရာ။ ဆရာအချိန် ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။
16. ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)
17. ဘလော့ကိုဝင်မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ။
18. မင်္ဂလာပါဆရာရှင့် ဟင်းချက်တဲ့အထဲထည့်တာ ဆေးဖက်ဝင်ရန်သုံးစွဲတဲ့ဂျင်းတတ်(ဂျင်းတက်)က စာနဲ့ရေးရင်ချင်းလား ဂျင်းလားရှင့်
19. မနေ့ကတော့ ( - ) ရဲ့ ဘွဲ့နှင်းသဘင် တတ်(တက်) ဖြစ်တယ်။
20. မန်းလေးမှာလေး ရင်သားကင်ဆာစစ်ဖို့ဆွေးနွေးဖို့ရာ ဘယ်ဆရာဝန်ကောင်းလဲရှင် (စျေးလဲအရမ်းမများတာလေးပေါ့ ဘယ်မှလဲမသွားမလာတက်(တတ်) လို့ပါ ရောက်တာမကြာသေးလို့ပါရှင်)
21. မွေးပြီးနာရီဝက်ဆို ကလေးက အချိုဓာက် ကျတက် (ကျတတ်) တယ်လို့ စာထဲမှာဖတ်ရလို့ပါဆရာ အဒါလေး ဖြေပေးစေချင်ပါတယ်ရှင့်။
22. ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်(ဖြစ်)တက်(တတ်)ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့်
23. လူငယ်တွေ တက်(တတ်) နိုင်တဲ့ဘက်က တိုက်ပွဲဝင်ပေးကြစို့ ပုံထဲကစာမှာ တတ် နဲ့ တက် မှားနေတယ်။
24. ဝင်ကြည့်တက် (ဝင်ကြည့်တတ်) သွားပါပြီ။
25. သမီး မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက် (ကူးစက်စေတတ်) သောလား။ ဘလော့ကို ဝင်မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ။ ဝင်ကြည့်တက် (ဝင်ကြည့်တတ်) သွားပါပြီ။
26. သမီး အသက် ၂၇ ပါ အကြောအရမ်းတက်တတ်ပြီး နေ့ရက်တိုင်း ဘာမှ မလုပ်ချင်သလိုဖြစ်ပြီး ပင်ပန်းနေသလိုခံစားရပါတယ်ဆရာ အစားလည်းပုံမှန်စားပြီး အိပ်တာတော့ တခါတလေ နောက်ကျတတ်ပါတယ်ဆရာ ကွန်ပြူတာလည်းနေ့စဉ်သုံးရပါတယ်ဆရာ တခါတလေတော့ အပြင်တွေပတ်ရလို့ မသုံးရပါဘူးဆရာ သမီးအလုပ်က Marketing အလုပ်ပါဆရာ မျက်မှန်က power 100 နဲ့ 70 ရှိပါတယ် အကျင့်ပါမှာစိုးလို့ လိုအပ်မှပဲ တက် (တပ်) ပါတယ်ရှင်
27. သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ ဘာဖြစ်တက် (ဖြစ်တတ်) လဲဆိုတာ သိချင်ပါတယ်ဆရာ။
28. အခုဖြစ်တာက အူအတတ်(အူအတက်)ယောင်(ရောင်) ရင်နာတဲ့နေရာနားလောက်က စူးပြီးနာလာပါတယ်။ အူအတတ် (အူအတက်)
29. အူအ(တက်)ရောင်သဖြင့် ဆေးရုံ(တက်)လိုက်ရပါသည်။ ဘယ်တော့ဆင်းရမလဲ မပြော(တတ်)သေးပါ။ မိတ်ဆွေများက (တတ်) အားသ၍ ကူညီကြပါသည်။ ကျေးဇူးတင်ပါသည်။
တတ်
ကြည့်တတ် မကြည့်တတ်
ကောင်းအောင် လုပ်တတ်သလား
ဆေးပညာအတတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့ လုပ်ပါ
တတ်တိုင်း ပညာပြနေသည်
တတ်တိုင်း မကြွားသင့်
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
တတ်ပွန်
တတ်မြောက်ပြီ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်သိလိမ္မ ာ
ပညာတတ်
ပြောတတ်ဆိုတတ်
ပုတတ်ကောင်
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
ဖွတ်ပတတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
လုပ်တတ် ကိုင်တတ်
လုပ်တတ် မလုပ်တတ်
သမားဟူးရားအတတ်
သေလုမတတ်
အတတ်ပညာ ရှာမှီးပါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်
တက်
ကျော်တက်သည်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း လေ့လာသူ
တက်ခပ်သည်
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား
တက်ခေါက်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တနှစ်တတန်း တက်တဲ့ကျောင်းသား
ဒေါသဖြင့် တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
မတုန်တက်သေး
လှေတက် တစုံယူခဲ့ပါ
လူ့သက်တမ်း
အစိုးရသစ် တက်လာပြီ
အတက် (ဝက်ရူးပြန်) ရောဂါ
တတ် နဲ့ တက် မှားရေးသူတွေ အများကြီး။ ခုခေတ် တက္ကသိုလ်တွေကလည်း တစ်ကသိုလ်တွေဖြစ်နေကြတယ်။ မြန်မာစာ အတန်းမတက်ကြသေး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment