ရွှေသွေးဂျာနယ်
မြန်မာ + အင်္ဂလိပ်
၄-၇-၁၉၈၁
တခါက ခရီးသွား လုလင်နှစ်ဦးသည် လမ်းတွင် ဆုံမိကြ၍ မိတ်ဖြစ်သွားကြပြီး အတူတကွ ခရီးဆက်ကြလေသည်။
ဟာ အဆင်သင့်လိုက်တာ ကျုပ်လဲ အဲဒီသွားမလို့ပဲ ကျုပ် မောင်နန္ဒပါ မြို့ရွာအလုံးစုံကို လှည့်လည်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်နေသူပါ။
ကျုပ်က မောင်ပညာပါ ဒေသန္တရ ဗဟုသုတ ဆည်းပူးချင်လို့ အဖေါ်နဲ့သွားရတော့ ကောင်းပါပေတယ်။
ဤသို့ နှစ်ယောက်သား ခရီးနှင်ခဲ့ကြရာ တောအုပ်တခုကိုဖြတ်စဉ် အထုပ်တခုကို တွေ့ကြလေ၏။
၁၉၈၁ ခုနှစ်ကာလမှာ မြန်မာစာသတ်ပုံနဲ့ အင်္ဂလိပ်စာ စပယ်လင်တွေပို အဲလို ရေးသားကြပါတယ်။ အခုခေတ်မှာ မြန်မာစာက ခေတ်ဆန်စွာဖြင့် (တစ်)ခါက ဟုလည်းကောင်း၊ တောအုပ်(တစ်)ခု ဟုလည်းကောင်း၊ အထုပ်(တစ်)ခု ဟုလည်းကောင်း၊ တမင်တကာမှားအောင် ပြင်ရေးလာကြပြီး၊ အင်္ဂလိပ်စာသည် အရင်အတိုင်းသာ ခေတ်နောက်ကျကျန်ရစ်နေရှာပြီ။
မြန်မာစာ အဆိပ်မိနေပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment