ပို့စ်တခုမှာ ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ထဲ အချက်တခုကို ကိုးကားရေးတယ်။ ရွှေဥဒေါင်းက သူ့ဖခင်သေတော့ မငိုမိဘဲ သူ့ခွေးသေတော့ ငိုတယ်တဲ့။ တင်ပြသူက တသက်တာကို တသက်တာလို့ မရေးပါ။
သတ်ပုံပြင်ထုတ်စာအုပ်တွေမှာ သတ်ပုံတောင်ပြင်မှတော့ အချက်အလက်တွေကော ပြင်ကောင်း ပြင်ကြမလား စဉ်းစားနေတယ်။ ရွှေဥဒေါင်း အဲလိုရေးခဲ့တာ မှန်ကောင်း မှန်ပါမယ်။ မေ့နေပြီ။ စာအုပ်ထွက်တော့ ကျွန်တော်က ရှစ်တန်းလား၊ ကိုးတန်းလား မသိ။ ငယ်သေးတယ်။
ကျွန်တော်က အိမ်မှာ ဘာအကောင်မှ မမွေးပါ။ သားသမီးတွေတောင် အနိုင်နိုင်ဂရုစိုက်နိုင်တယ်။
ကျွန်တော့် မိဘတွေကွယ်လွန်ကြတော့ ကျွန်တော် မျက်ရည်ကျခွင့် မရခဲ့ပါ။ ကျွန်တော်က နယူးဒေလီမှာ မိဘတွေက မုံရွာမှာ တယောက်ပြီး တယောက် ဆုံးကြတယ်။ အမေ့သတင်းကို ကွယ်လွန်ပြီးနောက် ၄ လ ကြာမှသာ သိရပြီး အဖေကိုတော့ နေ့ချင်းသိခဲ့နိုင်ပါတယ်။ စစ်ထောက်လှမ်းရေးက နာရေးသတင်းပို့သူကို ထောင်ချမယ်။
တသက်တာကို မှန်အောင်မရေးတဲ့စာအုပ်ကို မဖတ်ချင်ပါ။ အဲဒီစစ်တပ်ကြောင့် မြန်မာစာ ပျက်တာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment