Skip to main content

ငလူး

စောစောက ပို့စ်တခုမှာ ငါးလူးလို့ တွေ့လိုက်တယ်။ ငလူးကို ကျွန်တော်က ကြိုက်တယ်။ မုံရွာမှာ ငလူးခေါင်းချွန်းလို့ခေါ်တယ်။ အိန္ဒိယနိုင်ငံမှာနေခဲ့စဉ်က နယူးဒေလီ၊ ဗီကပ်စ်ပူရီ၊ ရေမြောင်းဘေးက ငါးဈေးမှာ တခါတခါ ငလူးရတယ်။ ကြော်ပြီးစားရင် အရိုးရော ခေါင်းပါ ဝါးစားလို့ ရတယ်။ ကြော်ပြီး ခရမ်းချဉ်းသီးနဲ့ ချက်လည်း ကောင်းတာပဲ။ အရိုးရော ခေါင်းပါ ဝါးစားလို့ ရတယ်။ ယူအက်စ်အေမှာ ခပ်ဆင်ဆင်ငါးတွေ တွေ့ပေမဲ့ ငလူးမဟုတ်ပါ။ ဒီကဆင်တူငါးတွေက အရိုးမာတယ်။ 

အညာသားတွေက ပင်လယ်နဲ့ဝေးတော့ မြစ်တွေ ချောင်းတွေကရတဲ့ ငါးကိုသာ ကြိုက်ကြတယ်။ အောက်အရပ်ကလာတဲ့ ငါးခြောက်မျိုးစုံကို သိုလှောင်ထားကြရတယ်။ ပင်လယ်ငါးကို အရင်က အောက်သားတွေကလည်း သိပ်မစားတတ်ကြလို့ သတင်းစာမှာ ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်လို့ သိန်းဖေမြင့်က ရေးရသေးရတယ်။

ယူအက်စ်အေမှာ ဆယ်လ်မွန်ငါးကို အကောင်းဆုံးထားကြတယ်။ ကောင်းပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ အစားအသောက်ဆိုတာ (အရွယ်ရသူတွေအတွက်) ငယ်စဉ်ကစားလေ့ရှိတာကို ပိုပြီး လျှာစွဲလေ့ရှိကြတယ်။ ကျွန်တော်ငယ်ငယ်က ဆယ်လ်မွန်ငါးကို မစားဘူးပါ။ နာမည်ကြီးတဲ့ ကျူနာငါးလည်း မုံရွာမှာ မစားဘူးပါ။ နောက်နာမည်ကြီးတဲ့ မကာရယ်ငါးလည်း ဆေးကျောင်းအဆောင်က မကျွေးပါ။

ကျွန်တော် အညာသားက ငဖန့်ဝိုင်း ငါးပိကောင်လည်း ကြိုက်တယ်။ ဝေးခဲ့တာတော့ ကြာပြီ။ မုံရွာက စဖြူဥငပိလည်း အတော်နှစ်သက်တယ်။ ဝေးခဲ့တာတော့ ကြာပြီ။ လူတိုင်း ကိုယ်နဲ့ထိုက်တာကိုသာ စားကြရ၊ ဝတ်ကြရပါတယ်။ ထိုက်တာနဲ့ ကြိုက်တာ တထပ်တည်း မကျတတ်ပါ။

ငါးတွေကို င နဲ့သာ ရေးပါကြောင်း မြန်မာ့စွယ်စုံကျမ်းကို ကိုးကားပြီး တင်ပြထားပါတယ်။

ငါး ကို င နဲ့သာရေးရတာ များတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_443.html

ငဖန့်ဝိုင်း ငပိကောင် https://dr-tint-swe.blogspot.com/2022/08/blog-post_336.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ