Skip to main content

နှစ်တရာက ထပ်တရာဆိုင်

ထပ်တရာလို့ရေးတာ သတ်ပုံ မှန်။ ကွန်ဂရက်ကျူလေးရှင်း။  ခွေးခြေလို့ ရေးရ။ ဆိမ့်သက်နေရောလို့ရေးတာက နည်းနည်း လွဲတယ်။ အီဆိမ့်၊ ခပ်ဆိမ့်ဆိမ့်၊ ဆိမ့်အိလို့ ရေးကြတယ်။ သက်တာက နည်းနည်းလေး ခါးတာ။

ပို့စ်မှာရေးထာတာတွေကို အရုပ်တွေသာ ချန်ပြီး တင်လိုက်မယ်။ ကျေးဇူး။

မန္တလေးမြို့အနောက်ဖက်က အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းရတနာ (သို့မဟုတ်) နှစ်ပေါင်း ၆၀နီးပါး ရှိနေပြီဖြစ်တဲ့ ရှေးလက်ရာ မိသားစုထပ်တရာဆိုင်လေး ဘာဆိုဘာမှ မပါဘူး။ ပဲနှင့်လည်းမတို့၊ အာလူးနှင့်လည်းမတို့ပဲ အရင်စားကြည့် အရသာလေးက ဆိမ့်သက်နေရော။ ကောင်းလိုက်တာဆိုတာလေ အရမ်းအရမ်းကို နှလုံးပီတိ ဂွမ်းဆီထိပြီး စားနေရင်း ပြုံးပါ ပြုံးမိသွားစေတဲ့ အရသာမျိုးဗျ။ အရသာယဉ်ယဉ်လေးနှင့် ကောင်းလိုက်တာဆိုတဲ့ အရသာမျိုးဟာ ဒီထပ်တရာပဲ။

ဒီရှေးဟောင်းဆိုင်လေးရဲ့ ရာဇဝင်

ဒီဆိုင်လေးက ၁၉၆၀ကျော်ကတည်းက ရှိခဲ့တာတဲ့။ အခုဦးစီးနေတဲ့ အမေကြီးရဲ့ အမေလက်ထက်ကတည်းကပေါ့။ အရင်တုန်းက လမ်းဘေးမှ ခွေးချေ(ခွေးခြေ)ပုလေးနှင့် ရောင်းခဲ့တဲ့ ဆိုင်လေးကလေ ဒီဆိုင်ခန်းလေးကို ပြောင်းခဲ့တာတဲ့။ ဆိုင်လေးက သားနားမနေဘူး။ မှောင်မဲမဲကုပ်ကုပ်ကလေးပဲ။ နှစ်ပေါင်းများစွာ ထပ်တရာကြော်လာတာမို့ အမိုးလေးမှာလည်း ကြပ်ခိုးလေးတွေ စွဲလို့ပေါ့ ဒါပေမယ့် သူ့မှာရာဇဝင်တွေရှိတယ်။ မိတ်ဆွေတွေရှိတယ်။ အမှတ်တရတွေရှိတယ်။

ပြန်မဆုံနိုင်တော့တဲ့ ချစ်ခြင်းတရားတွေရှိတယ်။ သားနားခမ်းနားမနေပေမယ့် တန်ဖိုးဖြတ်လို့မရတဲ့ ရှေးဟောင်းရတနာလေးပေါ့ဗျာ။

ဆိုင်မှာဘာတွေရလဲ

ဘာမှမရဘူး။ ထပ်တရာတမျိုးပဲရောင်းတယ်။ (လဖက်ရည်တောင်မရဘူး။ ဘေးဆိုင်က ပါဆယ်ဆွဲသောက်ရတာ။) အဲ့ဒီထပ်တရာကိုမှပဲ နှစ်ပေါင်း၅၀ကျော် နေ့တိုင်းလာစားတဲ့သူတွေရှိတယ်ဆိုတော့ သူ့အရသာ ဘယ်လောက်ကောင်းနေမလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။ သူ့ဆိုင်မှာ ထပ်တရာကိုမှ သကြားနှင့် စားလို့ရတယ်။ ပဲနှပ်နှင့်ရတယ် ။ အာလူးနှပ်နှင့်ရတယ်။ ကြိုက်တာရွေး။ အဓိကအရမ်းကောင်းတာကတော့ ထပ်တရာသားပေါ့နော်။ ဆီပူပူမှာ အိုးကင်းပူတိုက်ထားတော့ အပေါ်ယံလေးက ကျွမ်းပြီး မွှေးနေရော။ အတွင်းသားကတော့ နူးညံ့အိစက်နေပြီး စားကောင်းနေရော။

ပြီးတော့ ပဲနှပ် 

ပဲနှပ်ကလေ ကုလားပဲနှပ်ဟုတ်ဘူးဗျ။ စားတော်ပဲလုံးလေးတွေကို ချိုပြီးဆိမ့်နေအောင် နှပ်ထားတာ။ အိလားဆို အိစက်ပြီး ချိုဆိမ့်နေရော။ ဒါဆို အအိလွန်ပြီးပြဲသွားသလားဆို စားတော်ပဲလေးတွေက အလုံးလိုက်လေး ပုံမပျက်ဘူး။ အနေတော်ဖြစ်အောင်အမြဲလက်မှန်နေတာမျိုး။ အစားကောင်းစားလိုက်ရတဲ့ မနက်ခင်းလေးဟာ မင်္ဂလာရှိသော မနက်ခင်းလေးပါပဲ

အာလူးဟင်း 

အာလူးဟင်းကျတော့လေ မဆလာနံ့လေးသင်းနေတော့ မဆလာကြိုက်တဲ့သူဆို အရမ်းကြွေမှာ။ မဆလာမကြိုက်တဲ့သူကတော့ အရမ်းအနံ့ပြင်းတယ် ပြောမှာပေါ့နော်။ မိသားစုထပ်တရာဆိုင်လေးရောက်ရင် ဘယ်လိုမှာမလဲ

ပြောပြမယ် အရင်ဆုံး သူ့ဘေးနားက လက်ဖက်ရည်ဆိုင်က လဖက်ရည် ပါဆယ်ဆွဲလာခဲ့။ ပြီးရင် အမေကြီးတို့ဆိုင်မှာ ထပ်တရာ ၊ ပဲနှပ်နှင့် ကြက်ဥ ဟက်ဖရိုက် တလုံးမှာလိုက်။ (ကြုံလို့ပြောရဦးမယ်။ အပိုပြောတယ်တောင် ထင်မှာ။ ကြက်ဥကြော်တောင် သူကြော်တာမှ ပိုစားကောင်းတာဗျ။) 

ပြီးတော့ ထပ်တရာလေးကို ဘာနှင့်မှ မတို့သေးပဲ အရင်အရသာအဆိမ့်လေး ခံစားပလိုက်။

ပြီးရင် ကြက်ဥကြော်အနှစ်အရည်လေးကို ထပ်တရာပေါ်ဖောက်ချပြီး ညှပ်စားကြည့် အဆိမ့်ပေါ် အဆိမ့်ထပ်တဲ့အရသာလေးကို တွေးသာကြည့်တော့ အရမ်းထိ ပြီးမှ ပဲနှင့်တို့စား။ ပဲကတော့ အချိုအရသာလေး ခပ်ယဉ်ယဉ်လေး ပါလာမယ်။ ပြီးတော့ လက်ဖက်ရည်လေးသောက်လိုက် ၊ ထပ်တရာလေး မြုံ့လိုက်။ 

မနက်စောစောမှာ အေးဆေး ဇိမ်ခံပြီး စားကြည့်လိုက်စမ်းပါ။ အရမ်းသာယာသွားပြီး တနေကုန် စိတ်လေးတွေ ကြည်လင်သွားစေရမယ်။

စျေးနှုန်း 

Local ဂျုံအကောင်းစား နှင့် ပဲဆီစစ်စစ်ကို သုံးပြီး ဘာဆိုဒါ၊ ဘာ Chemical မှမပါတဲ့ ထပ်တရာလေးက စျေးတော့မနည်းပါဘူး။ တို့စရာပဲဟင်းအာလူးဟင်းနှင့် ထပ်တရာ တပွဲကို ၁၂၀၀ပါတဲ့။ အလွတ်စျေးကတော့ ၁၀၀၀လား မသိဘူးဗျ။ ၁၀၀၀၊ ၁၂၀၀ ယူထားပေမယ့် သူ့ထပ်တရာအချပ်ကလည်း အကြီးကြီးပဲ ပန်းကန်ထဲထည့်လိုက်ရင် အပြည့်ပဲ။

လိပ်စာကတော့ ၈၂ x ၂၇ထောင့် လမ်းရဲ့ အရှေ့တောင်ဘက်မှာ ဆိုင်ခန်းပိစိလေးနှင့် ရှေ့မှာ ထပ်တရာ ထွက်ကြော်နေတာတွေ့ပါလိမ့်မယ်။ ဆိုင်ကတော့ မနက်၅နာရီဆို ဖွင့်ပြီတဲ့။ ၈နာရီ ၉နာရီဆို ကုန်တတ်တာမို့ စောစောထတဲ့ငှက်သာ ထပ်တရာစားရပါမယ်။ အပေါ်ကဆိုင်က ဒေါ်တင်အေးရဲ့ သမီးဆိုင်ပါ။ နောက်ထပ် လိပ်စာကတော့ ဒေါ်တင်အေးသား ကိုမောင်မြင့်ဆိုင်၂၃လမ်း ၈၁x ၈၂ကြားပါ။ ကိုမောင်မြင့်ဆိုင်မှာတော့ အသင့်စားထပ်တရာထုပ်လေးတွေပါ ရောင်းပါတယ်။ ရေခဲသေတ္တာထဲ ဝယ်ထည့်ထားပြီး စားချင်တဲ့ချိန်မှ ထုတ်ပြီးကြော်စားရုံ (Mandalay food directory)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ