တယောက်အိပ် ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ အိပ်ရာ၊ မွေ့ရာ၊ အိပ်ရာခင်းလို့ ရေးရ။ တနေ့ကလည်း ရင်းနှီးသူတယောကက် အိပ်ယာထတော့ ဘယ်ရောက်နေသလည်းလို့ အတော်စဉ်းစားရသတဲ့။ ယာခင်းထဲရောက်နေတာလို့ ပြောလိုက်တယ်။
ရာ
ကြယ်တာရာ
ပြောရာ၏
ဖွယ်ဖွယ်ရာရာ
မက္ခရာမင်းသား
မရေမရာ
မြတ်ဆရာ
မွေ့ရာ
မဟူရာ
မအပ်မရာ မပြောရ
ရာဆူ (ရာဇူ) = ဆွဲချိန်ခွင်
ရာဇဂြိုဟ်
ရာဇဂုဏ်
ရာဇဒဏ်
ရာဇနိတိ
ရာဇပလ္လင်
ရာဇဝင်
ရာဇဝတ်အုပ်
ရာဇသင်္ကြန်အမတ်
ရာဇသတ်ပုဒ်မ
ရာဇောဝါဒ
ရာထူးရာခံ
ရာပြတ်
ရာမမင်း
ရာသီ (အချိန်အခါ)
ရာသီလာနေသည်
ရာသီဥတု
ရာဟုဖမ်း
ရာဟုလာ
ဝေဿန္တရာ
သံသရာ
သနားစရာ
ဟုတ်တိုင်းမှန်ရာ
အကြောင်းအရာ
အမရာဒေဝီ
အရာခံဗိုလ်
အရာရှိ
အရာရာ
အရေးပါအရာရောက်
အရေးအရာ
အလိုရှိအပ်သော
အိမ်ထောင်ရာဘက်
အိမ်ရာတည်ထောင်
ဧရာဝဏ်ဆင်
ဧရာဝတီ
ယာ
ကြိယာ
ကွမ်းတယာ
ခယာ
တူရိယာ
တောင်ယာအလုပ်
ပစ္စယာ
ဖုန်းတောင်းယာစကာ
ဘယာကြော်
မယ်တော်မာယာ
မာယာများသော
ယာဂုဆွမ်း
ယာမာနတ်ပြည်
လက်ယာ
လယ်ယာကိုင်းကျွန်း
ဝါယာမစိုက် (ဝါယမစိုက်)
သင်္ခယာမင်း
သမဝါယာမ (သမဝါယမ)
သာယာဝတီမြို့
သာသာယာယာ
အရိယာပုတ်
အရိယာသူတော်စင်
ဥပါယ်မာယာ
တမျှော်တခေါ်ပုံ၊ လုပ်ငန်းများကလာရော၊ ယာတောအလယ်မှာဆုံ၊ ကိုင်းပင်အစုံ၊ သိုင်းဆင်ခြုံ (ဒို့လယ်တော ရွှေပြည်အေး)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment