Skip to main content

သေသော်မှတည့် သြော်ကောင်း၏

သုန်း နဲ့ သုဉ်း ရှင်းပြပါဆရာ
တုံး တုန်း သုဉ်း
၁။ ဆရာ မျိုးသုဉ်း နှင့် မျိုးတုန်း အဓိပ္ပါယ် ပြောပြစေချင်ပါတယ် ခင်ဗျာ။ မျိုသုဉ်း လား မျိုးသုဉ် လား
၂။ မျိုးတုန်းလား မျိုးတုံးလား ဆိုတာ သိချင်လို့ပါရှင် ဆရာအားရင် ဖြေပေးပါဖို့ တောင်းဆိုပါတယ်ရှင့်။
တုံး
ကိုယ်တုံးလုံး
စဉ်းတီတုံးမှာ ဓားတုံးတုံးနဲ့ မသုံးပါနဲ့။
စိတ်နှလုံး ဒုံးဒုံး (တုံးတုံး) ချလိုက်ပါ။
ဉာဏ်တုံး
တုံးချင်း (ဒုံးချင်း)
တုံးတိတိ ပြောချလိုက်တယ်။
တုံးတိုက်တိုက် ကမ်းတိုက်တိုက်မလုပ်ပါနဲ့။
တုံးတေတုံးတေ
တုံးပြေးသည်
တုံးပေကတ်သတ် လုပ်မနေပါနဲ့။
တုံးပေတုံးပေ
တုံးလုံးပက်လက်
တုံးလုံးအိပ်သည်
တောင်ကတုံး
ထွန်တုံး
ဓါးတုံးတုံး
ပညာပေတုံး
ဘယ့်နှယ်တုံးဗျ သစ်တုံးပေါ်ထိုင်နေပါလား။
ဘယ်ကြောင့်တုံး
ဘာ့ကြောင့်တုံး
မြီးတုံးစပါး
ရွှေတုံး
လူညွန့်မတုံးစေပါနဲ့။
လူနာ တုံးလုံးလဲနေတယ်။
သစ်တုံး
သရက်သီး တုံးသွားပြီလား။
အချစ်တုံး
အတုံးအရုံး
တုန်း
ကတုန်းကတိုက်
စိတ်တုန်းရွာ
စိတ်တုန်းလှေတော်
တညတုန်းက
တုန်းရွာ
ပညာသင်တုန်း
ပျားပိတုန်း
ပြုတုန်း
ပွင့်တုန်းသီးတုန်း
မင်းတုန်းမင်း
မြည်သံတုန်းတုန်း
မူတုန်း
ရှေးရှေးတုန်းက
လေသင်တုန်း
သွားတုန်းလာတုန်း ပြောရဦးမယ်
သုဉ်း 
သုဉ်း = ပျက်စီးသည်။ တိမ်ကောသည်။ ကောင်းတည်လက္ခဏာ၊ ကြမ္မာမသုဉ်း၊ ဘုန်းလည်းအရှိ။ 
ထီသုဉ်းနန်းသုဉ်း
ဝါးသုဉ်း
ဆီးပန်းနီဆရာတော်ရေးစပ်ထားခဲ့တဲ့ လင်္ကာကို မှားရေးနေကြတာ ခဏခဏတွေ့တယ်။ ရန်ကုန်ဘဆွေရဲ့ စာအုပ်ပြန်ထုတ်တော့လည်း အဖုံးမှာ 'တို့တတွေ' ကို မှားရေးထားတယ်။ ကြာတော့ အဟုတ်မှတ်ကြပြီ။
သုညလင်္ကာ
ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးလက်ထက်မှာ ထင်ရှားခဲ့တဲ့ ဆီးပန်းနီဆရာတော်ရှိခဲ့တယ်။ ဆီးပန်းနီ၊ ဆီးဘန်းနီ နဲ့ ဇီးဗနီလို့ ဘွဲအမည် မူကွဲတွေရေးနေကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဆီးပန်းနီဆရာတော် ဖြစ်ပါတယ်။ ဆရာတော် ရေးသားခဲ့တဲ့လင်္ကာကိုလည်း မူကွဲတွေနဲ့ ရေးနေကြတယ်။
မူကွဲ (၁)
သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ငြီးက၊
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊
ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊
သုညခေတ်တွင်၊ ဖြစ်လာရပေ၊
တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏။
မူကွဲ (၂)
သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊
ကုန်းဘောင်နေမီး၊ မထိန်ညီးက၊
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊
ထီးသုဉ်း နန်းသုဉ်း၊
မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊
ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊
ဖြစ်လာရလေ၊ တို့တတွေသည်၊
သေသော်မှတည့် သြော်ကောင်း၏။
သီပေါမင်းပါတော်မူပြီး ဆီးပန်းနီဆရာတော်က သံဝေဂရတု ဧကပိုဒ်ကို စပ်ဆိုတယ်။
မိုက်မှားလှစွာ၊ ကိုယ်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဘိကာစီးသည်၊ မှူးကြီးမတ်ငယ်၊ မာလောနွယ်တို့၊ စသည်။
မှူးကြီးမတ်ငယ်ထဲက တဦးဖြစ်တဲ့ ကင်းဝန်မင်းကြီးက မန်းမကိုဋ်မှာမှ အစချီ လေးချိုးနဲ့ ပြန်ရေးသားတယ်။ 
ဆရာတော်က ဒုတိယတဖန် ရေးတဲ့လင်္ကာမှာ ပါတာဖြစ်ပါတယ်။
ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝဖြင့်၊ သုဉ်းနှင့် ရလစ်၊
သုည ခေတ်တွင်၊ ဖြစ်လာရလေ၊
တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၄၊ စာမျက်နှာ ၁၅၃)
"သူတို့တစ်တွေ သေသော်မှတည့် သြော်ကောင်း၏။"
ဗရုန်းသုန်းကား
ကမ္ဘာ ပျက်သုန်း ခြင်း အကြောင်း = မှား။
သင်္ခါရတွေဆိတ်သုန်းပါစေ = မှား။
အာရုံစိတ်သုန်းခြင်းသည် ဉပုသ် = မှား။
ပျက်သုန်းခြင်း  ဇော်ဝင်းထွဋ် = မှား။
လိုတဲ့သူများသုန်းနိုင်ပါသည် = မှား။
မျိုးသုန်းသွားတဲ့ တိရစ္ဆာန် နဲ့ မျိုးသုန်းလုနီးပါး တိရစ္ဆာန်များ = မှား။
ပျက်သုန်းခြင်းခေတ်ကို ကျော်လွန်၍ = မှား။
ကမ္ဘာပျက်သုန်း အဆုံးထိတိုင် = မှား။
ပျက်သုန်း ~ တေးရေး - သက်ဇော် = မှား။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ