ကျွန်တော်က ဆောရီးလို့ ရေးလေ့ရှိတယ်။ သင့်ခယူးလို့တော့ မရေး။ ကျေးဇူး။ ကွန်ဂရက်ကျူလေးရှင်းလို့လည်း ရေးတယ်။ ချီးမွမ်းပါ၏လို့ မရေး။ ဒီသီချင်းထဲမှာ ဆရာရွှေပြည်အေးက ဝမ်းစမိုးလို့ ရေးတယ်။
တို့များမွေးသောဌာန
ကျေးတောရွာကသာလှတို့များ
အသားရယ်ဖြူပြန်းသတော့
လူဟန်က သနားကမားနဲ့ယဉ်သပေါ့
ကျော့ကာပဲ အရပ်ထဲ ရွာထဲ
အလှူပွဲခင်းသမျှဒင်းကပါမြဲ
ပိုးစာဖဲ အဖိုးမှာ မနည်းပုဆိုးပါဆွဲ
လူကြားထဲနွဲသွန်ကပြန်
ပွဲအလွန်ကျတာအမှန်တခါပြန်
ရွာခံလူတိုင်း ဝိုင်းလို့တောင်းပန်
လာပြန်ချည်သေးရဲ့တဖန်
မြန်မြန်ဆန်ဆန်မြန်မြန်
ညာသံချီပေးခဲ့ပြန်
မြန်မြန်ဆန်ဆန်မြန်မြန်
အဖော်တွေမှာမျှော်နေတာအမှန်
ပျော်လေကွာ ဖျော်ဖြေပါရန်
အော်နေ အော်နေသံ
ဟဲ့သာလှ
ဗျာ့ဗျာဗျ
ကပါဟသာလှ
ကမှာပါ့ဗျာဗျာ့
ပါးတဘက်တချက်ပါးကွက်ကိုနှံ
မျက်နှာထားသနပ်ခါးခံ
ဟုတ်ပါ့
အသားညက်ညက်မဖျက်ဆိုရန်
တသက်တာမှတ်သွားရန်
အဟုတ်လှ
နားအထက်ကဗွေမှာသူပန်းပန်
နားပန်းဆံ နားပန်းဆံ
နားထင်မေးကာတန်းချပြန်
လှမ်းကတဲ့ဟန်
ဟေ့ဟေလာကွယ်မောင်ရိုး
ဟေ့ဟေလာကွယ်မောင်ရိုး
ဝမ်းစမိုးရွာသောသောညံ
ဗျော့ ဗျော့
ဟေ့ဟေလာကွယ်မောင်ရိုး
ဟေ့ဟေလာကွယ်မောင်ရိုး
ဝမ်းစမိုးရော သောသောညံ
ဗျော့ ဗျော့
တခါတရံများဗျာပါဟန်ထား
ကြာဇံသားအေကန်
ရွာခံများကမြှောက်စားပြန်
ယောက်ျားဘသားသာလှနားပန်းဆံ
နောက်တခါလာပြန်ပြီဟေ့
ဟေ ဟေ ဝါး
အစားသန်သန် တအားမြန်မြန်
အလှူလာရန်လူတကာထံ
ထွေးသာညံကလေးပါမကျန်
မီးခိုးတိတ်ဖိတ်ကြရန်
ကြက်ဆီပျံ ဝက်သားနီပန်ကန်
မအီအောင်ချည်ပေါင်ခံ
ပခုံးမြုပ်မှကြံ အို ကုန်းတုတ်ကြပြန်
ဝက်သားတုံးကြီးလက်သီးဆုတ်သဏ္ဌာန်
နှိပ်ဟ
ထမင်းရေချောင်းစီးပေါင်းပြီးသွန်ရန်
ပြည်ဝင်ကြေးအိုးမီးထိုးပါမြန်မြန်
ထမင်းရေချောင်းစီးပေါင်းပြီးသွန်ရန်
ပြည်ဝင်ကြေးအိုးမီးထိုးပါမြန်မြန်
ဟဲ့ဟဲ့ ဆာကြမယ်အေကန်
အိုအိုလာသမျှတွယ်နေပြန်
ဟဲ့ဟဲ့ ဖျာစမယ်ပေကျံ
အိုအို ဗလာကြတယ်ကြွေပန်ကန်
အယ်သာလှရယ်စာဝလာကရန်
နင်မခိုနဲ့ဟာ အိုဘယ်ညာခေါ်ရပြန်
တဦးစ နှစ်ဦးစ ဘောက်ဆူးချမှ
ကမယ့်ဟန် ပေးကြတော့ပြန်
ဟေ့ဟေလာကွယ်မောင်ရိုး
ဟေ့ဟေလာကွယ်မောင်ရိုး
ဝမ်းစမိုးရော သောသောညံ
ဗျော့ ဗျော့
ဟေ့ဟေလာကွယ်မောင်ရိုး
ဟေ့ဟေလာကွယ်မောင်ရိုး
ဝမ်းစမိုးရွာသောသောညံ
ဗျော့ ဗျော့
တခါတရံများဗျာပါဟန်ထား
ကြာဇံသားအေကန်
ရွာခံများကမြှောက်စားပြန်
ယောက်ျားဘသားသာလှနားပန်းဆံ
နောက်တခါလာပြန်ပြီဟေ့
ဟေ ဟေ ဝါး။
https://www.youtube.com/watch?v=YzdfW2j8b9E
ဒေါက်တာတင့်ဆွေ

Comments
Post a Comment