တက္က = ရက်တက်ရည်
တက္ကဏ = ကြံဆခြင်း
တက္ကရ = သူခိုး
တက္ကလ = သစ်ပင်အစေး
တက္ကသိလ နဂရ = တက္ကသိုလ်ပြည်
တင်္ခဏေ = ထိုခဏ၌
တစသာ = အဆင်းအရေဖြင့်
တစ္ဆ = လက်သမား
တဇ္ဇ= ထို့ကြောင့်
တဏှာ = တပ်ခြင်း
တတိယ = သုံးခုမြောက်
တထ = မှန်သည်
တထာ = ထိုအတူ
တဒင်္ဂ = ပထမဈာန်တည်းဟူသော အစိတ်အင်္ဂါဖြင့် ကိလေသာတို့၏ငြိမ်းခြင်း
တဒါနိ = ထိုအခါ၌
တပန = ပူခြင်း
တယ = သုံးခုအပေါင်း
တရ = ကူးသည်
တရဏ = ကူးခြင်း
တရိ = လှေ
တရုဏ = ငယ်သည်၊ နုပျိုသည်
တလ = အပြင်
တသ္မာ = ထိုကြောင့်
တဟိံ = ထိုအရပ်
တပေါ = ခြိုးခြံသောအကျင့်
တမော = အမိုက်မှောင်
တယော = သုံးခု
တဿ = ထိုသူ၏
တနု = ပါးသည်
အဲဒါတွေမှာ တကိုစသတ်လို့ကတော့ ပဠိလည်းပျက်၊ မြန်မာစာလည်းပျက်ရော။ ၁၉၉၁ လောက်ကစပြီး မြန်မာစာ သတ်ပုံကျမ်းကို ပြင်ထုတ်တယ်။ တ စာလုံး ၈၀% လောက်ကို စသတ်တယ်။ အဲဒီပြင်ထုတ်ကိုသာ မဖြစ်မနေလိုက်နာစေတာ အခုထိ နိုင်ငံတော်မူဖြစ်နေတယ်။
ဆေးတွေမှာ ဆိုဒ်အဖက် ခေါ် ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ ကျမ်းမာရေးမှသာမဟုတ် ဘာလုပ်လုပ် နောက်ဆက်တွဲဖြစ်တာကို ကွန်ပလီကေးရှင်း သို့မဟုတ် ကွန်စီးကွင့်စ် လို့ခေါ်တယ်။ နှိမ်နင်းသတ်ဖြတ်လိုတဲ့ပစ်မှတ် နဲ့အတူ ဘေးနာက လူတွေ မိသားစုဝင်တွေကိုပါ ထိခိုက်သေစေတာကို ကိုလက်ထရယ်ဒဲမေ့ချ် လို့ခေါ်တယ်။
မြန်မာစာသတ်ပုံကို လျှာရှည်ပြီး တတွေကို စသတ်ခိုင်းလို့ ဆိုဒ်အဖက်တွေ အများကြီး။ ကွန်ပလီကေးရှင်းတွေ ကွန်စီးကွင့်စ်တွေ အများကြီး။ ကိုလက်ထရယ်ဒဲမေ့ချ်တွေ အများကြီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment