Skip to main content

ကသစ်ပန်း

(နတ်မြင်းတထောင်ကတဲ ရထားဝေဇယန္တာ)

ဒီသီချင်း ရေးတဲ့ကာလမှာ တဝမ်းပူတွေကို ရန်ရှာမဲ့သူတွေ မမွေးကြသေးပါ။ မူရင်းစာသားမှာ မြင့်မိုရ်လို့ ရေးတယ်။ မြင်းမိုရ်က မှားတော့ မမှား၊ မူကွဲ။

(တေးရေး - မြို့မငြိမ်း)

နတ်စည်ငယ်လေ

ပုစွန့်လက်ရိုးအာလမ္ဗရာ

ကျော်ဟွမ်းသံဝ

ဆော်ရွမ်းညံစာစာ

တိမ်ယံအာကာ

နီလာပြင်ဆိုင်း

သင်တိုင်းခြုံလွှာ

အုံ့မှိုင်းညိုပြာ မိုးထက်ကဲဝဠာ

ကိုးရပ်နယ်မှာ

တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို

မြင့်မိုရ်ထက်သို့တက်လို

စစ်ထွက်တဲ့အခ

အုံ့ကာလေ တဖွဲဖွဲ

ရွာလေ တသည်းသည်း။

လွဲခဲ့ကြရရှာ

နတ်တို့နတ်ရွာဝတိံသာ

အသူရိန်တွေဟာ

ဘုံသာဝေယံ နန်းမြင့်

ကသစ်ပန်းပွင့် ရတုဖြာ

သဘင်ပွဲ အပြုမှာ

လွဲခဲ့ကြရရှာ

နတ်တို့နတ်ရွာဝတိံသာ

အသူရိန်တွေဟာ

ဘုံသာဝေယံ နန်းမြင့်

ကသစ်ပန်းပွင့် ရတုဖြာ

သဘင်ပွဲ အပြုမှာ

အို သခွပ်ဖြူစွာ

အပွင့်ကိုသာ မြင်တော့မှ

ဝတိံတွင် မဟုတ်ပါလား ဟရို့

သေနင်ဗျူဟာ

နတ်အသူရာမင်းငယ်လေး

စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ။

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွကလို့

မြင့်မိုရ်ထက်သို့တက်လို့

စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ

ရွာလေ တသည်းသည်း။

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ

ဂုမ္ဘာန်ယက္ခ စတုမဟာရာဇာ

မခံနိုင်ညားလို့

သိကြားထွက်တဲ့အခါ

ထွက်ရေ သိန်းခြောက်သောင်း

ရှစ်ထောင့်ယူဇနာ

ဝရဇိန်လွှတ်ခါ မြင့်မိုရ်ကိုပင်

သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ

နတ်မြင်းတထောင်ကတဲ

ရထားဝေဇယန္တာ

ရန်ဖန်မာန်တင်းတာက

ဆင်တော် သုမိတ္တာ

ရဲတံခွန်လွှား ၃၃ ပါးသိကြားနယ်ပါ

နေနတ်သား လေးပါး စစ်အင်္ဂါ

ပင်လုံးကျွတ် သခွပ်ပွင့်ချိန်မှာ။

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို

မြင့်မိုရ်ထက်သို့တက်လို့

စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ

ရွာလေ တသည်းသည်း

နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ

သိကြားနဲ့ အသူရာ

သားမက်နဲ့ ယောက္ခမ

ဘောက်ကျလို့လည်း အားမရနိုင်ရှာ

နှစ်တိုင်းပငသခွပ်ပွင့်ချိန်မှာ

သိကြားနဲအသူရာ

သားမက်နဲ့ ယောက္ခမ

ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့

မယားအလှ တောင်းပန်မှာ

ယောက္ခမဆိုတာ တည့်အောင်ပေါင်း

ကျောင်းကိုထုတ်

ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ။

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို

မြင့်မိုရ်ထက်သို့တက်လို့ စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း။ ။

မြို့မငြိမ်း ရဲကသစ်ပန်း (မာမာအေး) https://www.facebook.com/100050667751189/videos/925127381261371

ကသစ်ပန်း မူရင်းတေးဆို - လေဘာတီမမြရငhttps://www.facebook.com/100079109154257/videos/1023682138342681

ကသစ်ပန်း (ကိုအံ့ကြီး၊ ရေး-မြို့မငြိမ်း) https://www.facebook.com/100009090132943/videos/757763261892743

မာမာအေး ကသစ်ပန်း https://www.youtube.com/watch?v=h7m07Fj82O0

တေးဆို ကိုအံ့ကြီး https://www.facebook.com/reel/742969778882217

ကသစ်ပန်း စန္ဒယားလှထွတ် (ခံစားမှု စန္ဒယားလက်သံများ) https://www.youtube.com/watch?v=S-AbElaSCBk

https://www.smule.com/song/%E1%80%85%E1%80%94-%E1%80%92%E1%80%9B-%E1%80%9C-%E1%80%91-%E1%80%8B-%E1%80%9C%E1%80%80-%E1%80%9E-%E1%80%80%E1%80%9E%E1%80%85-%E1%80%95%E1%80%94-unicode-karaoke-lyrics/16843276_16843276/arrangement သီချင်းစာသားရေးတာ မှန်တယ်။

မှန်အောင်ရေးတာ အတော်ကိုရှားတယ်။ ကိုယ်တိုင် မြို့ငြိမ်းမဟုတ်ဘဲ ထင်သလိုပြင်ရေးနေကြတယ်။ မလုပ်ကောင်းပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments