Skip to main content

ကသစ်ပန်း

(နတ်မြင်းတထောင်ကတဲ ရထားဝေဇယန္တာ)

ဒီသီချင်း ရေးတဲ့ကာလမှာ တဝမ်းပူတွေကို ရန်ရှာမဲ့သူတွေ မမွေးကြသေးပါ။ မူရင်းစာသားမှာ မြင့်မိုရ်လို့ ရေးတယ်။ မြင်းမိုရ်က မှားတော့ မမှား၊ မူကွဲ။

(တေးရေး - မြို့မငြိမ်း)

နတ်စည်ငယ်လေ

ပုစွန့်လက်ရိုးအာလမ္ဗရာ

ကျော်ဟွမ်းသံဝ

ဆော်ရွမ်းညံစာစာ

တိမ်ယံအာကာ

နီလာပြင်ဆိုင်း

သင်တိုင်းခြုံလွှာ

အုံ့မှိုင်းညိုပြာ မိုးထက်ကဲဝဠာ

ကိုးရပ်နယ်မှာ

တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို

မြင့်မိုရ်ထက်သို့တက်လို

စစ်ထွက်တဲ့အခ

အုံ့ကာလေ တဖွဲဖွဲ

ရွာလေ တသည်းသည်း။

လွဲခဲ့ကြရရှာ

နတ်တို့နတ်ရွာဝတိံသာ

အသူရိန်တွေဟာ

ဘုံသာဝေယံ နန်းမြင့်

ကသစ်ပန်းပွင့် ရတုဖြာ

သဘင်ပွဲ အပြုမှာ

လွဲခဲ့ကြရရှာ

နတ်တို့နတ်ရွာဝတိံသာ

အသူရိန်တွေဟာ

ဘုံသာဝေယံ နန်းမြင့်

ကသစ်ပန်းပွင့် ရတုဖြာ

သဘင်ပွဲ အပြုမှာ

အို သခွပ်ဖြူစွာ

အပွင့်ကိုသာ မြင်တော့မှ

ဝတိံတွင် မဟုတ်ပါလား ဟရို့

သေနင်ဗျူဟာ

နတ်အသူရာမင်းငယ်လေး

စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ။

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွကလို့

မြင့်မိုရ်ထက်သို့တက်လို့

စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ

ရွာလေ တသည်းသည်း။

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ

ဂုမ္ဘာန်ယက္ခ စတုမဟာရာဇာ

မခံနိုင်ညားလို့

သိကြားထွက်တဲ့အခါ

ထွက်ရေ သိန်းခြောက်သောင်း

ရှစ်ထောင့်ယူဇနာ

ဝရဇိန်လွှတ်ခါ မြင့်မိုရ်ကိုပင်

သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ

နတ်မြင်းတထောင်ကတဲ

ရထားဝေဇယန္တာ

ရန်ဖန်မာန်တင်းတာက

ဆင်တော် သုမိတ္တာ

ရဲတံခွန်လွှား ၃၃ ပါးသိကြားနယ်ပါ

နေနတ်သား လေးပါး စစ်အင်္ဂါ

ပင်လုံးကျွတ် သခွပ်ပွင့်ချိန်မှာ။

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို

မြင့်မိုရ်ထက်သို့တက်လို့

စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ

ရွာလေ တသည်းသည်း

နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ

သိကြားနဲ့ အသူရာ

သားမက်နဲ့ ယောက္ခမ

ဘောက်ကျလို့လည်း အားမရနိုင်ရှာ

နှစ်တိုင်းပငသခွပ်ပွင့်ချိန်မှာ

သိကြားနဲအသူရာ

သားမက်နဲ့ ယောက္ခမ

ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့

မယားအလှ တောင်းပန်မှာ

ယောက္ခမဆိုတာ တည့်အောင်ပေါင်း

ကျောင်းကိုထုတ်

ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ။

ဝေဆာ သခွပ်ဖြူပင်မင်း

ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို

မြင့်မိုရ်ထက်သို့တက်လို့ စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း။ ။

မြို့မငြိမ်း ရဲကသစ်ပန်း (မာမာအေး) https://www.facebook.com/100050667751189/videos/925127381261371

ကသစ်ပန်း မူရင်းတေးဆို - လေဘာတီမမြရငhttps://www.facebook.com/100079109154257/videos/1023682138342681

ကသစ်ပန်း (ကိုအံ့ကြီး၊ ရေး-မြို့မငြိမ်း) https://www.facebook.com/100009090132943/videos/757763261892743

မာမာအေး ကသစ်ပန်း https://www.youtube.com/watch?v=h7m07Fj82O0

တေးဆို ကိုအံ့ကြီး https://www.facebook.com/reel/742969778882217

ကသစ်ပန်း စန္ဒယားလှထွတ် (ခံစားမှု စန္ဒယားလက်သံများ) https://www.youtube.com/watch?v=S-AbElaSCBk

https://www.smule.com/song/%E1%80%85%E1%80%94-%E1%80%92%E1%80%9B-%E1%80%9C-%E1%80%91-%E1%80%8B-%E1%80%9C%E1%80%80-%E1%80%9E-%E1%80%80%E1%80%9E%E1%80%85-%E1%80%95%E1%80%94-unicode-karaoke-lyrics/16843276_16843276/arrangement သီချင်းစာသားရေးတာ မှန်တယ်။

မှန်အောင်ရေးတာ အတော်ကိုရှားတယ်။ ကိုယ်တိုင် မြို့ငြိမ်းမဟုတ်ဘဲ ထင်သလိုပြင်ရေးနေကြတယ်။ မလုပ်ကောင်းပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...