Skip to main content

Diwali ဒေဝါလီ (ဒီဝါလီ)

Diwali ဒေဝါလီပွဲတော်ကို ၅ ရက်တိုင်တိုင်ကျင်းပကြတယ်။
Dhanteras ကနေစတင်တယ်။ လက်ဝတ်လက်စားတွေ၊ အသုံးအဆောင်တွေ ဝယ်ကြ ရောင်းကြတယ်။ အပြန်အလှန် လက်ဆောင်တွေပေးကြတယ်။
သူတို့ ကိုးကွယ်တဲ့ဘုရား ပူဇော်ကြတယ်။
နောက်ရက်က Naraka Chaturdashi ဖြစ်တယ်။ မကောင်းဆိုးဝါးဘုရင် Narakasura သေဆုံးတဲ့နေ့။ Chhoti Diwali သို့မဟုတ် Small Diwali လို့ ခေါ်တယ်။
ဒေဝါလီပွဲတော်ဟာ Lord Krishna ခရစ်ရှနာဘုရင် အောင်ပွဲခံတဲ့နေ့ဖြစ်တယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်သည် ဟင်ဒူဘာသာဝင်တို့၏ ဒေဝါလီ (ဒီဝါလီ) (ဒီပါဝလီ) ပွဲတော်နေ့ဖြစ်ပါသည်။
၂၀၂၃ ခုနှစ် နိုဝင်္ဘာလ ၁၂ ရက်သည် ဒေဝါလီ (ဒီဝါလီ) (ဒီပါဝလီ) ပွဲတော်နေ့ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်သည် ဒေဝါလီ (ဒီဝါလီ) (ဒီပါဝလီ) ပွဲတော်နေ့ဖြစ်ပါသည်။
Bankruptcy ကို မြန်မာလို ဒေဝါလီခံ တယ် လို့ ပြောကြပါတယ်။ ဒေဝါလီက အိန္ဒိယစကားက လာတယ်လို့ သိရပါတယ်။ ဘယ်လို ဆက်စပ်သလဲ သိပါရစေ ဆရာ။
ဒေဝါလီဟူသောစကားသည် ဟင်ဒီဘာသာ ဒီပါလီဟူသော စကားမှ ဆင်းသက်လာသော စကားဖြစ်၍၊ မီးအစဉ် (မီးရှိနေ သည်)ဟု အဓိပ္ပာယ်ရသည်။ မီးကိုထွန်းညှိပြီးနောက်၊ ထိုမီးကို မငြိမ်းဘဲထားခြင်းဟူသော အဓိပ္ပာယ်ကို ဥပစာတင်စား၍၊ ကြွေး မြီချေးယူပြီးနောက် မပေးဆပ်ဘဲ ရှောင်လွှဲနေခြင်းကို ဒေဝါလီခံ သည်ဟု သုံးနှုန်းကြသည်။ ကြွေးမြီနှင့် မီးကိုပမာပြုရာ၌၊ ဘိုးတော်ဘုရား၏ သက္ကရာဇ် ၁၁၄၅ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်နေ့ ထုတ်ပြန်သောအမိန့်တော်တွင် 'ကြွေမြီစာရင်း မှန်သမျှ ကို အတောင်းအထုတ် မရှိစေရ၊ ချမ်းသာစေဟု အမိန့်တော် ထုတ်ပြန်၍ မီးငြိမ်းလေပြီးသည်ကို'ဟု စိတ်ဝင်စားဖွယ်ရာ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။ (ဝီကီပီးဒီးယား)
Dipali ဆန်းစ်ကရစ် ခေါ် သက္ကတ ဘာသာစကားနဲ့ တန်းစီထွန်းထားသည့် မီးခွက် မီးအိမ်များလို့ ဆိုလိုတယ်။ ဟင်ဒီဘာသာစကားနဲ့ မိန်းကလေးတွေအမည် မှည့်ခေါ်ကြတယ်။
Deepali ဆိုတာက တမျိုးဖြစ်တယ်။ ဟင်ဒီလိုရော ဆန်းစကရစ်လိုပါ အမည်တခုဖြစ်ပြီး ပျော်ရွှင်မှုလို့ အဓိပ္ပါယ်ရတယ်။
မြန်မာလို အသံထွက်မှာ သတိထားရမယ်။ ဒီ နဲ့ ဒီ (ဒီး) မတူပါ။ မြန်မာသံနဲ့ ဒေလို့ထွက်တာက အတိအကျ အမှန်တော့ မဟုတ်ပါ။
Diwali = ဒေဝါလီ (ဒီဝါလီ) 
Deepavali (dīpāvali) (ဒီပါဝလီ) 
Divali = ဒီဗာလီ။
Hindi language ဟင်ဒီဘာသာစကား။
Hinduism ဟင်ဒူကိုးကွယ်ရာဘာသာ။
Happy Diwali ဟက်ပီး သီတင်းကျွတ် https://burmese-spelling.blogspot.com/2022/10/happy-diwali.html
Bankruptcy ဒေဝါလီခံရခြင်း https://dr-tint-swe.blogspot.com/2022/07/bankruptcy.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ