Skip to main content

Greetings နှုတ်ဆက်စကား အလေးထား

ခင်မင်ရင်းနှီးတဲ့ ဘာသာပြန်စာရေးဆရာတယောက်က ပြောပါတယ်။ မြန်မာလူမျိုးတွေမှာ ပုံသေနှုတ်ဆက်စကားမရှိပါဘူး၊ သင့်သလိုပြောဆိုမေးမြန်းကြတာပဲရှိတာပါ။ ‘မင်္ဂလာပါ’ ဆိုတဲ့စကားက ပြီးခဲ့တဲ့အစိုးရတွေက တမင်ထွင်ပြီး ပလီခဲ့တာပါ။ အဲသလိုနှုတ်ဆက်လာရင် ကျွန်တော်က ပြန်ပြောပါတယ်၊ ‘မာလကာပင်’ လို့ တဲ့။

စစ်အစိုးရထွင်တာထဲမှာ လူကြီး (လူကြီးတိုင်းကိုတော့မဟုတ်ပါ သူတို့) ကို လက်အုပ်ချီခိုင်းတာလဲ ပါတယ်။ နှုတ်ဆက်အရိုအသေပေးယုံသာမဟုတ်ပါ။ လက်အုပ်ချီရှိခိုးခိုင်းရာကျပါတယ်။

ကျွန်တော့်အရင် အင်္ဂလိပ်စကားပြောတိုင်းပြည်ရောက်နေသူမိတ်ဆွေတဦးကလဲ Good morning နဲ့ ‘မင်္ဂလာပါ’ မတူတာကိုပြောဘူးတယ်။ သူ့အင်္ဂလိပ်က ကောင်းပါတယ်။ သူ့ကို မြန်မာအချင်းချင်းကနေ မင်္ဂလာပါလို့ နှုတ်ဆက်ရင် စိတ်တိုရော။ ‘How are you?’ ရဲ့တိုက်ရိုက်အဓိပ္ပါယ်က ‘နေကောင်းလား’ ပါ။ ကျွန်တော်တို့က ပြောနေကြမဟုတ်ပါလား။

အမေရိကားမှာ လူတယောက်နဲ့တယောက်တွေ့ရင် ဒီလိုတွေသုံးနှုန်းပြီးနှုတ်ဆက်ကြပါတယ်။ 

(က) ပုံစံတကျနှုတ်ဆက်နည်း

• Hello!

• How are you? How’re you?

• How are you doing? 

• How ya doin’?

• How is everything?

• How’s everything going?

“How are you doing?” နဲ့ “How are you?” ကတူတယ်။ “What are you doing နဲ့ မတူပါ။ ဘာလုပ်နေသလဲလို့ မေးတာသာဖြစ်တယ်။ နှုတ်ဆက်စကားမဟုတ်ပါ။

(ခ) အလွတ်သဘောနှုတ်ဆက်စကား

• (Hey) What’s up (man/dude/bro/their name)?

• (Hey) Good to see you.

• (Hey) How are things (with you)?

• How’s life been treating you?

• What’s good?

• What’s happening (happenin’)? 

• (Hey) How’s it going (goin’)? အဲလိုပြောလာရင် “It’s going good.” လို့ဖြေပါမယ်။

• What’s cracking (crackin’)? ရွယ်တူအချင်းချင်းသာ သုံးသင့်တယ်။ “What’s up?” နဲ့ အတူတူဖြစ်တယ်။

(ဂ) မတွေ့တာကြာနေသူကို ပုံစံတကျနှုတ်ဆက်ရင်

• It has been a long time.

• It’s been too long.

• What have you been up to all these years?

• It’s always a pleasure to see you.

• How long has it been?

• What’s new?

(ဃ) မတွေ့တာကြာနေသူကို ပုံစံတကျမဟုတ်တဲ့နှုတ်ဆက်ပုံ 

• Long time no see. ဖြစ်တယ်။

• Where have you been hiding?

• It’s been ages (since I’ve seen you).

• How’ve you been?

အင်္ဂလန်မှာဆိုရင် 

• "How do you do?" က အများဆုံးသုံးတဲ့ နှုတ်ဆက်စကားဖြစ်ပါတယ်။

• "How do you do?" လို့ပဲပြန်ပြောကြပါမယ်။ 

• "How are you?" နဲ့ "How are you doing?" ဆိုတာက မေးခွန်းသဘောဖြစ်လို့ "Fine, thanks!" ဖြစ်ဖြစ်၊ "Very well, thank you." လို့ဖြစ်ဖြစ် ပြန်ဖြေကြပါမယ်။ 

• ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေက အလည်လာတဲ့ အင်္ဂလိပ်မဟုတ်သူတွေကနေ ဘယ်လိုပြန်ပြောပြော နားလည် ခွင့်လွှတ်ကြပါသတဲ့။

ဒေါက်တာတင့်ဆွေ

၁-၁၁-၂၀၁၄

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ