Skip to main content

ဆံထုံး ၅၅ လုံးအန်ချင်းလင်္ကာ

အစောလေ။ ။

သပြေမည်ခံ၊ ပြည်ပုဂံဝယ်

နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့

မုနောဇမ္ဗူ၊ စံတော်မူက

မြိတ်ဖြူ မြိတ်စို့၊ သွယ်ညို့ မြိတ်လွတ်

ရစ်ပတ် စုလည်း၊ ရရည်း ထုံးဖွဲ့

တုမဲ့ ရွှေရောင်၊ တိမ်တောင်တက်သက်

စဝှက် ရောင်ပြေး၊ နှင်းသေး မစို

ကြာညို ဝတ်ဆံ၊ ဓူဝံနှိုင်းရှည့်

ရှုကြည့် မငြီး၊ ဦးပြီးရွှင်ပျော်

ဇင်ယော်တန့်ဝဲ၊ ပုလဲကိုးလုံး

ဂမုံး ငုံအာ၊ လေသာဝေ့လည်

မြူချည် မတင်၊ ရကင်ခရုချောင်

ထုံးချောင် ထုံးခြား၊ ငါးပါးမြိတ်စို့

ဆောင်မျှို့တံဆိတ်၊ ကရဝိက်နှုတ်သီး

ဆိတ်သမီးနှင့်၊ ပန်းပြီးငါးထွေ

နေအရုဏ်ခံ၊ ညည့်ယံသောံရှူး

တိမ်ဦးနဂါး၊ လေးပါးရာသီ

နှိုင်းပြီဘက်လွတ်၊ နဂါးပတ်ကြော့ကွင်း

နန်းတွင်းမဉ္ဇူ၊ ထွက်ပြူမုတ်ဝ

ပဒုမသိဒ္ဓိ၊ မဏိကိုးပါး

ချရားပွင့်သေး၊ ယုန်ရေးလလယ်

နေဝယ်ဥဒေါင်း၊ သုံးကြောင်းခြူးရှက်

စဝှက်ရောင်ကျော၊ သင်္ဘောတံခွန်

နန္ဒ ဖုသျှ၊ မောရဂီဝါ

ဟင်္သာစာခွံ့၊ ထုံးအံ့ခဲယည်း

ပဇင်းတောင်ဖြန့်၊ သေးညွန့်လက်သင်

ကွမ်းလင်နောံတွဲ၊ မုတ္တာရွဲနှင့်

ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင်

ပွင့်ဆိုင်ပုဏ္ဏရိက်၊ နိဂ္ဂဟိတ်လေးထောင့်

ရှစ်မြှောင့်ပြန်ကဖက်

ဝန်းရှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ

မြုတေစံကျော်၊ နှုန်းမမြော်ကို

လွမ်းတော်မမူ သင့်လေလောလေ ဘော်ချင်းတို့။ ။

(စာဆို မဖော်ပြ)

၁။ မြိတ်ဖြူ ဆံထုံးပုံ

၂။ မြိတ်စို့

၃။ မြိတ်လွတ်

၄။ စုလည်း

၅။ ရရည်း

၆။ တိမ်တောင်တက်

၇။ တိမ်တောင်သက်

၈။ စဝှက်

၉။ ကြာညိုဝတ်ဆံ

၁၀။ ဓူဝံ

၁၁။ ဦးပြီးရွှင်ပျော်

၁၂။ ဇင်ယော်တန့်ဝဲ

၁၃။ ပုလဲ ၉ လုံး

၁၄။ ဂမုံး ငုံအာ

၁၅။ မြူချည်မတင်

၁၆။ ရကင်

၁၇။ ခရုချောင်

၁၈။ ထုံးချောင်

၁၉။ ထုံးခြား

၂၀။ ငါးပါးမြိတ်စို့

၂၁။ အောင်မျှို့တံဆိပ်

၂၂။ ကရဝိက်နှုတ်သီး

၂၃။ ဆိတ်သမီး

၂၄။ ပန်းပြီးငါးထွေ

၂၅။ နေအရုဏ်ခံ

၂၆။ သောံရှူး

၂၇။ တိမ်ဦးနဂါး

၂၈။ ၄ ပါးရာသီ

၂၉။ စံလွတ်

၃၀။ နဂါးပတ်ကြော့ကွင်း

၃၁။ နန်းတွင်းမဉ္ဇူ

၃၂။ ထွက်ပြူမုတ်ဝ

၃၃။ ပဒုမသိဒ္ဓိ

၃၄။ မဏိ ၉ ပါး

၃၅။ ချရား ပွင့်သေး

၃၆။ ယုန်ရေးလလယ်

၃၇။ နောက်ဥဒေါင်း

၃၈။ ၃ ကြောင်းခြူးရှက်

၃၉။ စဝှက်

၄၀။ ရောင်ကျော

၄၁။ သင်္ဘောတံခွန်

၄၂။ နန္ဒဖုသျှ

၄၃။ မောရဂီဝါ

၄၄။ ဟင်္သာစာခွံ့

၄၅။ ပရည်းတောင်ဖြန့်

၄၆။ သေးညွန့်လက်သင်

၄၇။ ကွမ်းလင်နောံတွဲ

၄၈။ မုတ္တာရွဲ

၄၉။ ပုလဲကွန်ချာ

၅၀။ ရတနာမဏ္ဍိုင်

၅၁။ ပွင့်ဆိုင်ပုဏ္ဏရိတ်

၅၂။ နိဂ္ဂဟိတ် ၄ ထောင့်

၅၃။ ရှစ်မြှောင့်

၅၄။ ပြန်ကဖက်

၅၅။ ဝန်းရှင်ခေါင်ဗွေ

(ပုရပိုက်ပုံပါ ညွန်းစာ)

-> ကဗျာတွင် ပုဂံခေတ်ဟု ပါသော်လည်း ပုဂံခေတ် ဆံထုံးကဗျာ မဟုတ်ပါ။

ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ