Skip to main content

ဆံထုံး ၅၅ လုံးအန်ချင်းလင်္ကာ

အစောလေ။ ။

သပြေမည်ခံ၊ ပြည်ပုဂံဝယ်

နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့

မုနောဇမ္ဗူ၊ စံတော်မူက

မြိတ်ဖြူ မြိတ်စို့၊ သွယ်ညို့ မြိတ်လွတ်

ရစ်ပတ် စုလည်း၊ ရရည်း ထုံးဖွဲ့

တုမဲ့ ရွှေရောင်၊ တိမ်တောင်တက်သက်

စဝှက် ရောင်ပြေး၊ နှင်းသေး မစို

ကြာညို ဝတ်ဆံ၊ ဓူဝံနှိုင်းရှည့်

ရှုကြည့် မငြီး၊ ဦးပြီးရွှင်ပျော်

ဇင်ယော်တန့်ဝဲ၊ ပုလဲကိုးလုံး

ဂမုံး ငုံအာ၊ လေသာဝေ့လည်

မြူချည် မတင်၊ ရကင်ခရုချောင်

ထုံးချောင် ထုံးခြား၊ ငါးပါးမြိတ်စို့

ဆောင်မျှို့တံဆိတ်၊ ကရဝိက်နှုတ်သီး

ဆိတ်သမီးနှင့်၊ ပန်းပြီးငါးထွေ

နေအရုဏ်ခံ၊ ညည့်ယံသောံရှူး

တိမ်ဦးနဂါး၊ လေးပါးရာသီ

နှိုင်းပြီဘက်လွတ်၊ နဂါးပတ်ကြော့ကွင်း

နန်းတွင်းမဉ္ဇူ၊ ထွက်ပြူမုတ်ဝ

ပဒုမသိဒ္ဓိ၊ မဏိကိုးပါး

ချရားပွင့်သေး၊ ယုန်ရေးလလယ်

နေဝယ်ဥဒေါင်း၊ သုံးကြောင်းခြူးရှက်

စဝှက်ရောင်ကျော၊ သင်္ဘောတံခွန်

နန္ဒ ဖုသျှ၊ မောရဂီဝါ

ဟင်္သာစာခွံ့၊ ထုံးအံ့ခဲယည်း

ပဇင်းတောင်ဖြန့်၊ သေးညွန့်လက်သင်

ကွမ်းလင်နောံတွဲ၊ မုတ္တာရွဲနှင့်

ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင်

ပွင့်ဆိုင်ပုဏ္ဏရိက်၊ နိဂ္ဂဟိတ်လေးထောင့်

ရှစ်မြှောင့်ပြန်ကဖက်

ဝန်းရှက်ခေါင်ဗွေ၊ နန်းလုံးဝေမျှ

မြုတေစံကျော်၊ နှုန်းမမြော်ကို

လွမ်းတော်မမူ သင့်လေလောလေ ဘော်ချင်းတို့။ ။

(စာဆို မဖော်ပြ)

၁။ မြိတ်ဖြူ ဆံထုံးပုံ

၂။ မြိတ်စို့

၃။ မြိတ်လွတ်

၄။ စုလည်း

၅။ ရရည်း

၆။ တိမ်တောင်တက်

၇။ တိမ်တောင်သက်

၈။ စဝှက်

၉။ ကြာညိုဝတ်ဆံ

၁၀။ ဓူဝံ

၁၁။ ဦးပြီးရွှင်ပျော်

၁၂။ ဇင်ယော်တန့်ဝဲ

၁၃။ ပုလဲ ၉ လုံး

၁၄။ ဂမုံး ငုံအာ

၁၅။ မြူချည်မတင်

၁၆။ ရကင်

၁၇။ ခရုချောင်

၁၈။ ထုံးချောင်

၁၉။ ထုံးခြား

၂၀။ ငါးပါးမြိတ်စို့

၂၁။ အောင်မျှို့တံဆိပ်

၂၂။ ကရဝိက်နှုတ်သီး

၂၃။ ဆိတ်သမီး

၂၄။ ပန်းပြီးငါးထွေ

၂၅။ နေအရုဏ်ခံ

၂၆။ သောံရှူး

၂၇။ တိမ်ဦးနဂါး

၂၈။ ၄ ပါးရာသီ

၂၉။ စံလွတ်

၃၀။ နဂါးပတ်ကြော့ကွင်း

၃၁။ နန်းတွင်းမဉ္ဇူ

၃၂။ ထွက်ပြူမုတ်ဝ

၃၃။ ပဒုမသိဒ္ဓိ

၃၄။ မဏိ ၉ ပါး

၃၅။ ချရား ပွင့်သေး

၃၆။ ယုန်ရေးလလယ်

၃၇။ နောက်ဥဒေါင်း

၃၈။ ၃ ကြောင်းခြူးရှက်

၃၉။ စဝှက်

၄၀။ ရောင်ကျော

၄၁။ သင်္ဘောတံခွန်

၄၂။ နန္ဒဖုသျှ

၄၃။ မောရဂီဝါ

၄၄။ ဟင်္သာစာခွံ့

၄၅။ ပရည်းတောင်ဖြန့်

၄၆။ သေးညွန့်လက်သင်

၄၇။ ကွမ်းလင်နောံတွဲ

၄၈။ မုတ္တာရွဲ

၄၉။ ပုလဲကွန်ချာ

၅၀။ ရတနာမဏ္ဍိုင်

၅၁။ ပွင့်ဆိုင်ပုဏ္ဏရိတ်

၅၂။ နိဂ္ဂဟိတ် ၄ ထောင့်

၅၃။ ရှစ်မြှောင့်

၅၄။ ပြန်ကဖက်

၅၅။ ဝန်းရှင်ခေါင်ဗွေ

(ပုရပိုက်ပုံပါ ညွန်းစာ)

-> ကဗျာတွင် ပုဂံခေတ်ဟု ပါသော်လည်း ပုဂံခေတ် ဆံထုံးကဗျာ မဟုတ်ပါ။

ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ