ကွန်မင့်တခု ရတယ်။ ကျေးဇူး။ (စ) ကောင်လေး၊ ကောင်မလေး အခေါ်ဟာ မြန်မာမှု မကျွမ်းတဲ့ မွန်ပြည်နယ်မှာ သုံးတာကြာပြီ၊ polite usage မဟုတ်ပါ၊ ကျနော်ငယ်ငယ်က မော်လမြိုင်က အဒေါကြီးတယောက်က ကျနော့ ကို ကေါင်လေးမီးချစ် ယူပေးစမ်းခိုင်း လို့ အမေက မကြိုက်ခဲ့ဘူး၊ တကယ်ကတော့ ကျား/မ လူငယ်ကို လူကလေး မိန်းကလေး လို့ ဗမာစကားပြောတဲ့ အညာမှာ ခေါ်ကြတာပါ၊ ကိုယ်ရင်/မောင်ရင်လို့လည်း ကျား ကို အမည်အစါးခေါ်တတ်ကြပါတယ် (ဆုံး)
ဟုတ်။ အခုခေတ်သုံး ကောင်လေးနဲ့ ကောင်မလေးက ရည်းစား၊ ဘွိုင်းဖရင်း၊ ဂဲဖရင်းတဲ့။ မေးခွန်းတွေမှာပါတော့ မေးယူရတယ်။ မေးတော့မှာ အဲလိုစာရေးသူထက် အသက်ပိုကြီးတာ သိရတာ။
တောသုံး၊ ရှေးသုံးက ယဉ်ကျေးတယ်လို့ ထင်တယ်။ ရင်းနှီးတဲ့သဘောဖြစ်တယ်။ အသက်၊ ဝါကြီးသူတွေကနေ သြဇာနဲ့ ပြောဆို၊ ခေါ်ဆိုကြတာဖြစ်တယ်။ ဆုံးမချင်တဲ့အခါမှာ အသံမာမာနဲ့ ပြောကြတယ်။
ကောင်လေး = သူငယ်၊ လူကလေး၊ ယောက်ျားလေး။
ဟဲ့ကောင်လေး လူကြီးရှေ့လမ်းလျှောက်တာ ခေါင်းငုံ့ လျှောက်ရတယ်။
ကောင်လေး (အောက်)ရွာ၊ ပင်လောင်းမြို့နယ်
ကိုရင် (ကိုယ်ရင် မဟုတ်)၊ မောင်ရင်လည်း ယဉ်ကျေးတယ်လို့ ထင်တယ်။ မြညိုချစ်သော ကိုရင်သြ။
တောသုံး ရှေးသုံးလို့သာ ပြောရတာ မနေ့က ဆေးကျောင်းအတူ တက်တဲ့ သူငယ်ချင်းက ကျွန်တော့ကို ကွန်မင့်မှာ ကိုရင်တဲ့။ မန္တလေးသုံး စကားလုံးတခုအကြောင်း ပြောကြတာ။ သူက လန်ဒန်မှာနေတာ။ ကျွန်တော်က ယူအက်စ်မှာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment