Skip to main content

ကောင်လေး ကောင်မလေး ကိုရင်

ကွန်မင့်တခု ရတယ်။ ကျေးဇူး။ (စ) ကောင်လေး၊ ကောင်မလေး အခေါ်ဟာ မြန်မာမှု မကျွမ်းတဲ့ မွန်ပြည်နယ်မှာ သုံးတာကြာပြီ၊ polite usage မဟုတ်ပါ၊ ကျနော်ငယ်ငယ်က မော်လမြိုင်က အဒေါကြီးတယောက်က ကျနော့ ကို ကေါင်လေးမီးချစ် ယူပေးစမ်းခိုင်း လို့ အမေက မကြိုက်ခဲ့ဘူး၊ တကယ်ကတော့ ကျား/မ လူငယ်ကို လူကလေး မိန်းကလေး လို့ ဗမာစကားပြောတဲ့ အညာမှာ ခေါ်ကြတာပါ၊ ကိုယ်ရင်/မောင်ရင်လို့လည်း ကျား ကို အမည်အစါးခေါ်တတ်ကြပါတယ် (ဆုံး)

ဟုတ်။ အခုခေတ်သုံး ကောင်လေးနဲ့ ကောင်မလေးက ရည်းစား၊ ဘွိုင်းဖရင်း၊ ဂဲဖရင်းတဲ့။ မေးခွန်းတွေမှာပါတော့ မေးယူရတယ်။ မေးတော့မှာ အဲလိုစာရေးသူထက် အသက်ပိုကြီးတာ သိရတာ။ 

တောသုံး၊ ရှေးသုံးက ယဉ်ကျေးတယ်လို့ ထင်တယ်။ ရင်းနှီးတဲ့သဘောဖြစ်တယ်။ အသက်၊ ဝါကြီးသူတွေကနေ သြဇာနဲ့ ပြောဆို၊ ခေါ်ဆိုကြတာဖြစ်တယ်။ ဆုံးမချင်တဲ့အခါမှာ အသံမာမာနဲ့ ပြောကြတယ်။

ကောင်လေး = သူငယ်၊ လူကလေး၊ ယောက်ျားလေး။

ဟဲ့ကောင်လေး လူကြီးရှေ့လမ်းလျှောက်တာ ခေါင်းငုံ့ လျှောက်ရတယ်။

ကောင်လေး (အောက်)ရွာ၊ ပင်လောင်းမြို့နယ်

ကိုရင် (ကိုယ်ရင် မဟုတ်)၊ မောင်ရင်လည်း ယဉ်ကျေးတယ်လို့ ထင်တယ်။ မြညိုချစ်သော ကိုရင်သြ။

တောသုံး ရှေးသုံးလို့သာ ပြောရတာ မနေ့က ဆေးကျောင်းအတူ တက်တဲ့ သူငယ်ချင်းက ကျွန်တော့ကို ကွန်မင့်မှာ ကိုရင်တဲ့။ မန္တလေးသုံး စကားလုံးတခုအကြောင်း ပြောကြတာ။ သူက လန်ဒန်မှာနေတာ။ ကျွန်တော်က ယူအက်စ်မှာ။


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ