Skip to main content

ဗူး နဲ့ ဘူး ဋီကာ





- မစားဘူးတာ မစားဖူးတာ မျက်စိလည်မိလို့ ဆရာဆရာ့ စာမှာ မစားဘူးတာ လို့ဖတ်ရလို့
- ဘူးသီးနဲ့ဗူးသီး ဆိုပြီးရေးနေကြတာ တွေ့နေရတယ်ဆရာ။ ဘူးသီးကအမှန်လားဆရာ။
- "ဘူးသီး" ကို "ဗူးသီး"လို့ မရေးမိစေနဲ့။ "ဗူး"မှုတ်တာကလွဲရင် ဘာထည့်တဲ့ ဘူးဖြစ်ဖြစ်၊ အကုန်လုံး ဘကုန်းနဲ့ "ဘူး"။ (ဒီစာကို တယောက်ပြီးတယောက်က ထပ်ထပ်တင်နေကြတယ်။ မမှန်တာ၊ လွဲတာဆိုရင် အဲလိုတွေလုပ်ကြတယ်။)
- စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာအဘိဓာန်မှာ ဘူးပင်လို့ တွေ့ပါတယ်။ ပုဂံမှာတည်ထားတာ - ဗူးဘုရား။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၈၊ စာမျက်နှာ ၁၃ မှာ ဗူးပင်။
- ဖြူနီဝါပြာတေးသံသာများ: တွံတေးဥမ္မာထွေး - ဗူးသီးနုနုမခူးရ
- ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။
၁။ ကဝိဓဇသတ်ပုံကျမ်း
ဘူး
ကြားဘူးနားဝ
နဘူးနွယ်ပင်
ဘုရားဖူးဘူးသည်
ဘူးကွယ်သည်
မကြားဘူး
မမြင်ဘူး
မရောက်မလာဘူး
ဗူး
ခံဗူးကုထုံး
ခံဗူးရွာ
ဗူးလုံးနားမထွင်း
ဗူးခါးရေ
ဗူးညွန့်
ဗူးတလုံးဆောင် = ဗူးသီးတလုံးဆောင်
ဗူးတောင်း
ဗူးပင်
ဗူးဘုရား
ဗူးလေးရာ ဖရုံဆင့်
ဗူးသွင်းသည်
ဗူးသီး
ရေဗူး
လူဗူးတောင်း
၂။ ဦးသာမြတ် သတ်ပုံကျမ်း
ဘူး
နဘူးနွယ် (နဖူးနွယ်)
ဗူး
ဗူးဆို့
ဗူးတောင်း = ဗူးတို (တောင်း = တို)
ဗူးပင်
ဗူးသီး
မမြင်ဘူးပါ
မလာဘူး
မသွားဘူး
ရေဗူး
ရောက်ဘူးသည်
၃။ မြန်မာအဘိဓာန် ၁၉၉၁ (မြန်မာစာအဖွဲ့)
ဘူး
ဘူးကွယ်
ဘူးခါး
ဘူးတောင်း (ဘူးသီးခြောက်)
ဘူးလည်သီးခတ် ကြိုးချည်နည်း
ဘူးလုံးနားမထွင်း
ဘူးသင်း (ကိုလိုနီဆန့်ကျင်ရေးအသင်း)
ဘူးသပိတ် (လည်တံမပါသော ဘူးသီး)
ဘူးသီး
မစားဘူး
ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား) = ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည် ဖြစ်ပေါ်၏။
အရင်ရေးထာတာကို ထပ်ဖြည့်ပါမယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ခုနှစ်ထုတ်။
ဘူး = တားမြစ်ငြင်းပယ်ကြောင်းပြ ကြိယာနှင့်တွဲ၍ သုံးသောစကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည်။)
ဘူးကွယ် = မသိ၊ မဟုတ်၊ မမှန်၊ မပြု စသည်ဖြင့် ငြင်းဆိုသည်။
ဘူးခံ = ငြင်းပယ်စကားကို မလျှော့တမ်း အခိုင်အမာ ဆိုသည်။ တင်းမာစွာ ငြင်းပယ်နေသည်။
ဘူးမှုတ် = ဗူးမှုတ် - ကြိ၊ ရှု။
ဘူးလုံးနားမထွင်း = ဗူးလုံးနားမထွင်း (ကြိဝိ) = ရှင်းလင်းပြတ်သားခြင်းမရှိပဲ။ 
ဗူးဆို့
ဗူးဆင်စွယ်
ဗူးတား
ဗူးတောင်း
ဗူးနွယ်
ဗူးမှုတ်
ဗူးမျော
ဗူးခါး
ဗူးဆင်စွယ်
ဗူးဆို့
ဗူးသီးလည်ခတ်
ဗူးသီးကြော်
ဗူးသွင်း
ဗူးသီးငါးပေါင်းကြော် 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ