Skip to main content

ဂီတအခြေခံ

တေးရေး - ဗိုလ်ကလေး တင့်အောင်၊ သံစဉ် - ဂီတလုလင် မောင်ကိုကို

ဂီတအခြေခံ သံစဉ်ခုနှစ်ပါး လှုပ်ရှားတို့မြှူ ကလူကျီစယ် ကာ ချယ်လှယ် ကွန့်နှော တျော တေ တျာ နားမှာ စိမ့်စိမ့် ငြိမ့်ငြိမ့် ညောင်း ညောင်း ပြောင်း နွဲ့ ချိုသံသာ သီချင်းခန့် ကြိုးဘွဲ့ တမျိုးနွဲ့တဲ့ သံရိုး အကိုးအကားနဲ့ ခိုင်မာစွာ တီးကာ ပြတော်မူ စမ်းပါဆရာ

စုံသာမြိုင်လယ် လွမ်းဖွယ်တခန်း ယဉ်ပုံဝေ ထွေ ဆန်းလှ လေး 

လောက နတ်သံ ပတ်ပျိုး နတ်ဒိုး တမျိုးစုံစွာ လေးထွေ သံကပ်ကိုသာ အောက်ပြန်ညှိပြီး ဆိုတီးရမည် သာ

ရွေညီလာ ကြာယွန်းဝယ်ပ ရွှေဖီညှာ ခါကျွန်းနယ်က ဆက်ပါ့မယ်လေး သာညွှန်းလွယ်ရ လေး

ယိုးဒယားနဲ့ မရိုးရန် တမျိးအသံထွင်ကာ သဘင်မှာ ယဉ်ရာတီး မှုတ်ခဲ့ကြရာ တမျိုး တဖုံသာ ဆန်းတာ ညွှန့်တာ ကွန့်တာရွေးလို့ ကြေးသွား နှဲသွားများနဲ့ ဖွဲ့နွဲ့ သည့်တေး ရွှင်အေး

ကျွန်မတို့ဆရာ ဦးဗေဒါက အထူးဖွေရှာသမျှ သင်ကြားခဲ့ပေတာ လွမ်းနိုင်ဖွယ် ဆန်းလှိုင်ကြွယ်

လွမ်းနိုင်ဖွယ် ဆန်းလှိုင်ကြွယ် ပန်းမြိုင်လယ်ဆိုတဲ့ သီချင်းက 

ပန်းမြိုင် လယ် သာနယ်ဗွေ မျှော်လေတိုင်း ပြာခြေဆိုင်း ဝေမှိုင်း မြူမှောင်ချယ် အို ဘယ်ဝယ် တောင်စွယ် မှော်ရုံကြော လွန်သာမောဖွယ် တောစုံယံမှာ ရွှေလျှံဝင်းမှည့် ထုံမှုန်ကြွေ ရီဝေ ရီဝေ ပြာပြာ လွမ်းဖွယ်စေ

ရေကင်းသံနဲ့ ဒိန်းသံသြသံ တေးထပ်သံများကိုတော့ ငါးပေါက်ညှိပြီး တီးကြလေရာ ဆယ်ဆယ်ရောင် ဖြာသည်နှင့်သာ ပယ်မှောင်ခွာ

ဂီတဥပဒေ ထွေထွေ များစွာ စည်းကမ်းကလနား လေးစားမှသာ ဂီတပညာရှင် ခေါ်တွင်နိုင်တာ

တေးတပုဒ်ကို ရေးထုတ်လိုက်သောအခါ စည်းရယ် ဝါးရယ် မမှားဖွယ် တိကျ သိရပေမှာ

တေးကို ဆိုသူ မှတ်ယူတွေးအပ် လေးရပ်သော အကြောင်းအရာ ကာရန် အက္ခရာ မှန်ကန်စွာ ကျက်မှတ်ကာ တေးရဲ့ အဓိပ္ပာယ် ရေလည်စွာ သိသင့်ကာ စည်းဝါးခိုင်မာ ဒီဃရသ မျှတညီညွတ်စွာ အသံနေ အသံထား ဟန်နေဟန်ထား လှုပ်ရှား ယူငင် ဆင်ခြင်တိုင်းထွာ

ဂီတပညာ လေ့လာလိုက်စား ထိုသူများဟာ 

ပေါ့လျော့ စည်းကမ်း စိတ်မှန်းသေချာ ပရမ်းပတာ မဟုတ်ကြောင်း သိကောင်းစရာ

သင်တိုင်းမတတ်တဲ့ သည်ပညာ ပါရမီရှိမှသာ

ပြိုင်> လေ့လာကာ မှတ်သားသမျှ ဂီတစည်းမျဉ်း သီချင်းပဒေသာ။

ဆို- ကိုမင်းနောင်၊ ကေတုဝင်းထွဋ်၊ တင်တင်မြ၊ ရီရီသန့်၊ ထား၊

https://www.facebook.com/watch?v=2792814284325955

သီချင်း စာသားမပါလို့ ကောင်းတယ်။ နောက်ခံမှာ သီချင်းစာသားပါတာတွေ ၉၀% လောက်က သတ်ပုံတွေ မှား၊ တချို့ဆို စာသားပါ မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ