မင်းသုဝဏ်ရဲ့ ၁၉၃၂ ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ နှင်းဆီပွင့်ဒွေးချိုးကဗျာကို လွဲအောင်ရေးထားတာတွေ အမျိုးမျိုး တွေ့တယ်။
(၁)
လယ်ထဲကပြန် (အ မပါရ)
(၂)
ပန်ချင်တယ် ကြာညိုဖူးဆိုလို့ (ခရေဖူးဆိုလို့)
(၃)
သူ့ဆံပင် နှင်းဆီပန်းနဲ့ ဂုဏ်တင့်တယ်လေး (ချစ်လို့သာခွဲရ ရန်ကုန်ဘဆွေ)
(၄)
ကျော့ဆုံးကို မောင်မြင်တော့ (ကြော့ဆုံးကို မောင်မြင်တော့)
(၅)
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ (နှင်းဆီပွင့်တွေနှင့်)
(၆)
ကြော့ထုံးကိုမြင်ပြန်တော့ (ကြော့ဆုံးကို မောင်မြင်တော့)
(၇)
သူ့ဆံမှာ နှင်းဆီပွင့်တွေနှင့် (သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်)
(၈)
သူ့ဆံမှာ နှင်းဆီပွင့်တွေနှင့် (သူ့ဆံပင်)
(၉)
အောက်ဆုံးမှာ မင်းသူ့ဝံ တဲ့။
မင်းသုဝဏ်ကဗျာ အစစ်
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ (မင်းသုဝဏ်၊ ၃၁-၁၂-၁၉၃၂)
အစစ် မူကွဲ
- နှင်းဆီပွင့်
- လယ်ထဲကပြန်
- နှင်းဆီပွင့်တွေနှင့် နှင်းဆီပွင့်တွေနဲ့ မူကွဲ။
မူလစာရေးသူတွေ ကွယ်လွန်တော့ မူရင်းစာတွေကို သတ်ပုံတွေပြင်တင်ကြ၊ ပြင်ထုတ်နေကြတယ်။ မှားရေးတဲ့သူတွေက မြန်မာစာချစ်သူ၊ ရသကြိုက်သူ၊ ကဗျာမြတ်နိုးသူတွေလို့ ကင်ပွန်းတပ်ကြတယ်။ မြန်မာစာပေ စည်းကမ်းမလှတော့ပါ။ ဂုဏ်မတင့်တော့ပါ။ မြန်မာအဝတ်အစားနဲ့ ပုံကလည်း အဆင်ပြေတာ ရှာကိုမရ။ ပုံနဲ့တွဲတဲ့ကဗျာကလည်း မှန်တာကရှား။ ခေတ်ကလည်း ပုံပြစားနေကြတာ။ စာအရေးအသားမှန် မှန်ကို ဂရုမစိုက်ကြ။ အရင်တခါ တင်စဉ်က ပုံရွေးမရခဲ့လို့ ဘိုမပန်းချီကားတခုနဲ့ တွဲတင်ခဲ့ရပါတယ်။ အခုတော့ လင်းရောင်ခြည် ပဌမတန်းမြန်မာဘတ်စာ တွေ့ပြီ။ ၁၉၅၃ ခုနှစ်က ထုတ်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment