Skip to main content

တက္ကသိုလ်

တင်ထားတာတခု ဖတ်ရတယ်။ သတ်ပုံတွေလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

(စ) ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာ ၁ ရက်နေ့မှာတည်ထောင်ခဲ့တယ်။၂၀၂၂ ဒီဇင်ဘာ ၁ ရက်ဆိုရန်ကုန်တက္ကသိုလ်နှစ် ၁၀၂ ပြည့်ပြီ။၁၉၇၈ ခုနှစ်ဆောင်းတွင်းကြီးရာဇူး (RASU) ခေါ်တဲ့ “ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ” ဝင်းထဲစရောက်ဖူးတယ်။ရန်ကုန်တက္ကသိုလ်ကိုကျွန်‌တော်တို့ခေတ်ကရာဇူး (R.A.S.U)  Rangoon Art & Science University) ခေါ်တယ်။ တက္ကသိုလ်ကျောင်းသားမဖြစ်သေးပေမယ့်ဝိဇ္ဇာခမ်းမရှေ့မှာကျင်းပတဲ့စိုင်းထီးဆိုင်စတိတ်ရှိုးပွဲသွားကြည့်တာပါ။ညဦးပိုင်းကျောင်းဝင်းထဲရောက်သွားပြီးအစဉ်အလာကြီးတဲ့ရန်ကုန်တက္ကသိုလ်ဆိုတာဒီလိုကြီးပါလားခံစားမိတယ်။မှောင်ထဲမှာတိတ်ဆိတ်နေတဲ့ဘွဲ့နှင်းသဘင်ခမ်းမကြီးကိုအဝေးမှာလှမ်းမြင်ခဲ့ရတယ်။

တက္ကသိုလ်ရိပ်သာလမ်းကျောင်းရှေ့မှတ်တိုင်ကနေကျောင်းကိုကြည့်လိုက်ရင် “ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ” ရေးထားတဲ့သံဆိုင်းဘုတ်အပြာရောင်ကိုတွေ့ရလိမ့်မယ်။အပြာရောင်နောက်ခံမှာအဖြူရောင်ဆေးနဲ့ရေးထားတယ်။ဆေးဟိုတကွက် ဒီတကွက်ပျက်နေတယ်။ (လွင်ဦး_ရန်ကင်း) (ဆုံး)

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်တော့ ကျွန်တော်တို့က ဆေးကျောင်းသား။ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် ၁၉၇၀ ပါ မြန်မာစာသတ်ပုံကို တင်ပြပါရစေ။

- အသင်းတသင်း၏ အတွင်းရေးမှူးတယောက် မန်းတင်

- တက္ကသိုလ်ကောင်စီလာတဦး၏ အတွေ့အကြုံ တက္ကသိုလ်ကောင်စီလာတဦး

- ၁၉၂၉ မှသည် ၁၉၃၃ တခေတ်မို့ ဓို့ ဓ ဓွေ တက္ကသိုလ် ရွှေပြည်စိုး

- သတ္တိရှိသော သစ်တပင် (ကဗျာ) မောင်စိန်ဝင်း (ပုတီးကုံး)

နှစ်တရာပြည့်မှာ တက္ကသိုလ်အားလုံး လျှမ်းလျှမ်း(တစ်)ဖြစ်နေကြပါတော့တယ်။ လွမ်းတာက သစ်ပုပ်ပင်ကြီး မဟုတ်။ အင်းယားဇာတ်လမ်းတွေ မဟုတ်ပါ။ မြန်မာစာကိုမှန်အောင်ရေးပြီး အာရှမှာ ဘာသာစုံ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကာလဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် ခေါ် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်လည်း ရန်ကုန်နောက်လိုက်တယ်။ မြန်မာစာ ပါမောက္ခဦးချမ်းမြ (မြကေတု)တ်ို့ ဆရာတင်မိုးတို့ ရှိစဉ်ကသာ မှန်တယ်။ များမကြာမီမှာ ဝ/သ (မန်း) က တမာပင်တွေကို စသတ်နဲ့ ရေးလာကြလိမ့်မယ်။

ကျောင်းသူတဦးသီချင်းကို မှန်အောင်ရေးတာကို မျက်လုံးမျက်ဆံပြူးပြီး လိုက်ရှာမှသာ တခုတလေ တွေ့တော့တယ်။

Rangoon University Burmese ရန်ကုန်တက္ကသိုလ် နှင့် မြန်မာစာ https://dr-tint-swe.blogspot.com/2021/09/rangoon-university-burmese.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ