Skip to main content

ပေါ်နွေလလျှင်ချီ ရတု

(ကူးတင်သူတချို့က မှားနေတယ်။ ပုံနှိပ်မူတချို့မှာလည်း မှားနေတယ်။)
နတ်သျှင်နောင်ရတုတပုဒ်ကို အရင်ကလည်း တင်ပြထားတယ်။ သီချင်းလည်း တင်ထားတယ်။ မနေ့က တခြားသူတဦးတင်တာမှာ 'တိမ်စွန်လေလျှင်' မဟုတ် 'တိမ်စွန်လေလျင်' လို့ တင်ထားတာတွေ့လို့ ပြန်စစ်ရပါတယ်။ တယောက်က သောဝ် အသုံးကို မေးတယ်။
သောဝ် = ဆန္ဒထုတ်ဖော်ရာ၌ လေးနက်စေရန်သုံးသော အဆုံးသတ်စကားလုံး။
နတ်လူသာဓုခေါ်စေသောဝ်။ ကောင်းစွာလျင်သော၊ အောင်စေသော်ဝ်။
(ရှင်ဥက္ကံသမာလာ- တောင်ငူဆိုရတု အဖြေ)
ပေါ်နွေလလျှင်၊
တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်
ပျံ့ပျူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ်၊ ပြက်လျှက်ပြကာ
စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက
ရေသွန်းသာကြည်၊ ပျော်ရမည်ကို
မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု
ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်
ကြာညွတ်ဖယောင်း၊ နေရှိန်ပျောင်းသို့
ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို
တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွ မတတ်သော်။ ။
မြော်ချေကလျှင်၊
ကာလအလျှောက်၊ ပိတောက်လျှံခဲ
ပုလဲငုံသွယ်၊ အလှယ်လှယ်တိ
စံပယ်ဖြူမွှေး၊ စံကားသေးကို
မြတ်လေး စုံမက်၊ ကျွန်ုပ်လက်ဖြင့်
ရွှေးလျက်ရွရွ၊ မဆင်ရတည့်
ကာလသို့အောင်၊ ရည်စောင်ပန်းမန်
မမှီလွန်က၊ ချိန်တန်သို့သည်
ပြန်မည်လေသာ၊ မရောက်လှာဟု
ကြံကာခွေ၍၊ နေလိမ့်မည်ကို
ရှိသည်မူရန်၊ မင်းရေဝန်ကြောင့်
လျှောက်ပန်စေ့မျှ၊ မချေရသော်
ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍
ဝမ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည်
ညက်စင်စံများ အထွတ်သော်။ ။
ဖျော်ဖြေမှလျှင်၊
ယုယသံချို၊ ပြေလိုစိမ့်သား
ကျူးပိုက်ဖြား၍၊ ချီသွားမူးမူူး
နွေရက်ဦးက၊ မကျူးထင်ထင်
ကဆုန်တွင်ကို၊ ကျိုင်းစင်မြခဲ
စစ်ပွဲရန်နှည်၊ ပြန်လျှင်းမည်ဟု
နှုတ်ခြည်ပေါ်သာ၊ ဆိုလေရှာသော်
မလ္လာရနံ့၊ ထုံပျံ့ပန်းသတ်
ခြုးနတ်ဆင့်ကုံး၊ စိန်ပွင့်အုံးဝယ်
ပင့်ရုံးရွရွ၊ လက်သင်မ၍
သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို
စိစစ်မိမိ၊ သတိချုပ်ဆည်
ပြေမည်မျှဝေး၊ ချစ်ဝန်လေးခဲ့ 
ရေးရေးဖူးချင်၊ မယ်သို့လျှင်သည် 
စက်ရှင်လျှံမျှ ရဟတ်သော်။ ။ (နတ်သျှင်နောင် - သက္ကရာဇ် (၉၇၂)
စာကူးရေးတာ အမှားပါနေပါက ကျွန်တော့တာဝန်သာဖြစ်ပါမည်။ 
နတ်သျှင်နောင်၊ ဆို - ပြည်လှဖေ https://www.youtube.com/watch?v=tJVpyVXCwLY
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ