ချက်ဆားကွယ်ပျောက်ပြီး နေလှန်းဆားကို စားသုံးနေကြတဲ့ ဒီခေတ်ကြီးမှာ တခေတ်တခါကရှိခဲ့တဲ့ လူမှုရေးသမိုင်းငယ်တစောင်ကဲ့သို့ ဒီစာအုပ်ထဲမှာ ဆားနဲ့ပတ်သက်ရင် ထင်းမီးနဲ့ချက်တဲ့ဆား၊ နေနဲ့လှန်းရတဲ့ဆား၊ အညာမှာချက်သောဆား နှင့် ဂဠုန်ဆား စသည်ဖြင့် ဆားမျိုးစုံလင်အောင် ရေးသားထားပါတယ်။ ဆားချက်သမားတယောက်ရဲ့ ဘဝ အပြင် ဗမာတွေကို ကျွန်လုပ် သွေးစုပ်ရေးမှာ နယ်ချဲ့သမားက ဆားကိုလည်း လက်နက်ယန္တရားတခုအနေနဲ့ အသုံးပြုဖို့ ကြံခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတွေကိုပါ ရေးသားဖော်ပြထားတဲ့ စာအုပ်ကောင်း တအုပ်ဖြစ်ပါတယ်။
လူထုဦးလှဟာ အလွန်ဟာရေဒကောင်း၊ အဟောအပြောကောင်းသူတဦးဖြစ်ပါတယ်။ သူဟောပြောတာကို ဆေးကျောင်းသာဘဝမှာ နားထောင်ဘူးတယ်။
လူထုဦးလှစာအုပ်တွေ ပြန်ထုတ်ကြတယ်။ မူရင်းသတ်ပုံတွေကိုမှားအောင်ပြင်ထုတ်ကြတယ်။ မလုပ်ကောင်းပါ။ ၁၉၈၆ ခုနှစ်မှာ မြန်မာစာ မပျက်သေးပါ။
ကနေ့ခေတ်မြန်မာစာဟာ အော်ဂဲနစ်သတ်ပုံကို ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ရောနေသလိုဘဲ။ အမှန်ကို အမှန်အတိုင်းသာ ပြန်ထုတ်ကြပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment