Skip to main content

မဟာမင်းလှမင်းခေါင်ကျော်၏ အတ္ထုပ္ပတ္တိ

ငယ်မည်ကား ဦးရွှန်းတည်း။ ဦးရွှန်း၏ ဖွားရာဇာတိကား အဝမြို့တွင်းမှာ ဖွားသတည်း။ ၎င်းနောက် အမရပူရမြို့ နန်းတော်အနောက်တောင်ထောင့်ရွှေလင်းပင်ဘုရားအနီးမှာ အာဝါသပြုလုပ်၍ အမှုတော်ထမ်းရသတည်း။ ထိုဦးရွှန်းမှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်လက်ထက် ဘွဲ့ငါးရပ်ဖြင့် ချီးမြှင့် သည်ကို ခံရသတည်း။ ထိုဘွဲ့ငါးရပ်တွင် နောက်ဆုံးဘွဲ့မှာ မဟာမင်းလှမင်းခေါင်ကျော် ဟူ၍ခံယူရသတည်း။ ရာထူးကား ဆီမီးခုံရွာ သာထွန်းရွာ ငနန်းရွာ မြစ်ကိုင်းရွာများကို ရွာစား အသနားတော်ခံရကာ ပညာရှိအရာ ခန့်ထားသည်ကိုလည်း ခံရသတည်း။ ၎င်းပြင် လက်ရုံးဘက်မှာလည်း လိမ္မာကျွမ်းကျင် သတ္တိ ဗျတ္တိ ရှိသောကြောင့် ပုဂံမြို့ဝန်အရာ ပုဂံစီရင်စုအတွင်း သေနတ်ဗိုလ်အရာများကို ခန့်ထားသူကောင်းပြုခံရသူလည်းဖြစ်သည်။ ပညာရှိမျိုး ရိုးရာ ဆင်းသက်အပ်သော အဌကုလိကာ အမတ်မျိုးလည်း ဖြစ်သတည်း။ ၎င်းဦးရွှန်း၏ အဘကား လေးထပ် ရွှေကျောင်းတော်ကြီးနှင့်တကွ ဘုရားကြီး ဒါယကာ သူရမနုဘွဲ့ခံ လွှတ်တော်အမိန့်ရပေတည်း။ ၎င်းဦးရွှန်း၏ ဘိုးကား အဝဆင်ဖြူရှင်လက်ထက်တွင် အနောက်ဘက်တိုက်ဝန် ပုခန်းကြီးမြို့စား မင်းကြီးမဟာရာဇသင်္ကြံ ပေတည်း။ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရား နန်းက ဆင်းတော်မူပြီးနောက် ရွှေဘိုမင်းတရား လက်ထက်သို့ရောက်သည့်အခါမှာလည်း မဟာမင်းလှမင်းခေါင်ကျော်ဘွဲ့နှင့် ပညာရှိစာဆိုအရာနှင့်တကွ သားမယားအခြွေအရံများပါ ဝတ်စားနေထိုင်ရေးအတွက် ဆက်လက် သူကောင်းပြုသည်ကို ခံရသတည်း။ 

ရွှေဘိုမင်းသားတော် ပုဂံမင်းလက်ထက်မှာလည်း ရွှေဘိုမင်းနည်းပင်ချီးမြှင့် သူကောင်းပြုသည်ကို ခံရသတည်း။ 

ထိုဦးရွှန်း၏ဖွာနှစ်ကား ကြတ္တိကာနှစ်အမည်ရှိသော ၁၁၂၇ ခု နှစ်ဖွားတည်း။ ၎င်းဦးရွှန်း၏ ကွယ်လွန်သောနှစ်မှာ သေချာစွာမသိနိုင်။ စပ်ဆိုင်ဆီလျော်ရာ ယူလိုက ၁၂၁၁ ခုနောက်မှကွယ်လွန်သည်ဟူ၍ယူနိုင်သော သဘောလမ်း ဖြောင့်တန်းသတည်း။ အကြောင်းမူကား စာဆို ပညာရှိများစာရင်းအတွင်း ပုဂံမင်းလက်ထက်မှာသာ ဦးရွှန်း အမည်ပါရှိ၍ ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး လက်ထက် ပညာရှိစာဆိုသူတို့စာရင်းတွင် ဦးရွှန်းအမည် ရှာမတွေ့၍ ဖြစ်သတည်း။ 

၎င်းပြုစုသော ဥမ္မာဒန္တီပျို့ အပါအဝင် ရတု ဧချင်း ပျို့ ကျမ်းမှာ ၁၆ စောင်ရှိသတည်း။ 

၁။ တောင်ငူဆိုရတုအဖြေ

၂။ ဘကြီးတော်၏သားတော်နားတော်သွင်း ဧချင်း

၃။ ၎င်းသမီးတော်ဧချင်း

၄။ မဟာသုတသောမပျို့

၅။ မဟော် ဥမင်ခန်းပျို့

၆။ မဟော်ပြဿနာခန်းပျို့

၇။ သရဘင်္ဂပျို့

၈။ အာယုဒီဃ ဆေးကျမ်းလင်္ကာ

၉။ မဟာသာမဗေဒဋီကာ

၁၀။ တဘက်ပြသတ်ပုံ

၁၁။ ဘုရားတိုင်အတွက် ရတု

၁၂။ အဘိဓမ္မတ္ထသင်္ဂြိုဟ် ဘုံစိတ်အကျဉ်းရတု

၁၃။ ဂါမဏိစန္ဒပျို့

၁၄။ မဟာဇနက္ကပျို့

၁၅။ ဥမ္မယဒန္တီပျို့

၁၆။ ဓမ္မဓဇပျို့

ဥမ္မာဒန္တီပျို့ မှ ထုတ်နှုတ်ပါသည်။ (Myint Swe) ဆီမီးခုံ အ.ထ.က ကျောင်းသူ/ကျောင်းသားများ ကျေးဇူး။ 

ဆီမီးခုံမြို့သည် မြင်းခြံမြို့နယ်ရှိ မြို့ဖြစ်သည်။ ယခင်က ဆီမီးခုံကျေးရွာဖြစ်ပြီး ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့တွင် မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ဆီမီးခုံဟုဆိုသော်လည်း ဆမိတ်ခုံဟု ခေါ်ဝေါ်ကြသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ