မြန်မာ-ထိုင်းစစ် (၁၅၄၈-၁၅၄၉)ပဲခူးဘုရင်နဲ့ အယုဒ္ဓယဘုရင်တို့ စစ်ဖြစ်ကြတယ်။ ပဲခူးဘုရင် ထပင်ရွှေထီးကနေ သွားတိုက်တာဖြစ်တယ်။ ဘုရားသုံးဆူလမ်းကနေသွားတယ်။ ပေါ်တူကီတွေဆီကရတဲ့ စစ်လက်နက်တွေစသုံးခဲ့တယ်။ အယုဒ္ဓယမှာ နိုင်ငံရေးအရှုပ်အထွေးဖြစ်သွားစေတယ်။ (မဟာ ချတ်ကရာဖတ်) နန်းတက်လာတယ်။ ထိုင်းဖက်က မိဖုရားကြီး (ဆူရီယိုထိုင်း) ဆင်တော်ပေါ်မှာ ကျဆုံးခဲ့တယ်။
မြန်မာ-ထိုင်းစစ် (၁၅၈၄-၁၆ဝ၅)
အင်အားကောင်းလာတဲ့ထိုင်းကနေ မြန်မာပြည်ဖက်ကို ထိုးစစ်ဆင်တာဖြစ်တယ်။ အယုဒ္ဓယဘုရင် (နာရက်ဆွမ်) ကနေ မြိတ်မြို့ကို စတိုက်တယ်။ တောင်ငူအထိ တက်လာတယ်။
မြန်မာ-ထိုင်းစစ် (၁၇၈၅-၁၇၈၆)
ဘိုးတော်ဘုရားကနေ နယ်ချဲ့တာဖြစ်တယ်။ မြန်မာဖက်က စစ်ကြောင်း ကိုးကြောင်းနဲ့ချီတက်လာလို့ ကိုးတပ်စစ်လို့လည်း ခေါ်တယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း (လန်န) ကိုတိုက်တယ်။ (လမ်ဖန်း) က ဘန်ကောက်စစ်ကူလာတဲ့အထိ ခုခံနေတယ်။ (ပစ်ဆန်နူလော့) ကိုသိမ်းတယ်။ ပဌမ (ရာမ) ဘုရင် မြောက်ဖက်ကိုဆုတ်ခွါရတယ်။ (ကန်ချနပူရီ) မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ (ထာလင်း) ခေါ် (ဖူးခက်) ကိုလည်းတိုက်တယ်။ မကြာခင်က ကွယ်လွန်သွားတဲ့ ဒေသအုပ်ချုပ်ရေးမှူးရဲ့ ဇနီး (ချန်း) နဲ့ နှမ (မုခ်) တို့ကခုခံကာကွယ်ကြတယ်။ သူတို့ညီအမက ထိုင်းရာဇဝင်မှာ သူရဲကောင်းတွေဖြစ်ကြတယ်။ (ဆွန်ခလ) ကိုသိမ်းယူတယ်။ (ဖက်ထာလွန်း) အုပ်ချုပ်ရေးမှူးထွက်ပြေးရတယ်။ ဘုန်းတော်ကြီး (ဖရာ မဟာ) က ထိုင်းပြည်သူတွေကို စည်းရုံးတယ်။ နောက်မှာ (ရာမ ၁) ကနေ ဆရာတော်ကို ချီးမြှောက်တယ်။ (တ ဒင် ဒန်း) တိုက်ပွဲမှာ ဘိုးတော်တပ်တွေကရှုံးနိမ့်တယ်။ ၁၇၈၆ မှာ ဘိုးတော်ဘုရား တပ်တွေ ပြန်ဆုတ်ခွါတယ်။
ဒုတိယကမာ္ဘစစ်
၁၉၄၁ မှာ ထိုင်းကနေ (ဖါယက်) စစ်တပ်ကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကိုတိုက်ဘို့စေလွှတ်တယ်။ စစ်တိုက်ရတဲ့ ရည်ရွယ်ချက်က ဘိန်းရလိုမှုအတွက်သာဖြစ်တယ်။
မြန်မာစစ်အစိုးရများခေတ်
၁၉၈၈ မြန်မာပြည်မှာ စစ်တပ်ကနေအာဏာသိမ်းတော့ တိုင်းပြည်မှာ ဘဏ္ဍာငွေမကျန်သလောက်ဖြစ်တယ်။ အနောက်တိုင်းနဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေက စစ်အစိုးရကို ဆက်ဆံရေးတွေလျှော့ချတာနဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်တယ်။ မြန်မာစစ်အစိုးရဟာ တရုပ်နဲ့ ထိုင်းနိုင်ငံတွေကို အားကိုးတယ်။ မြန်မာ့အဖိုးတန်သစ်တောတွေကို လက်ညှိုးထိုးရောင်းစားတော့ ထိုင်းစီးပွါးရေးသမားကြီးတွေက သစ်တောတွေကို မြက်ရှင်းသလိုခုတ်လှဲယူကြတယ်။ မြန်မာ့ရေပိုင်နက်ထဲက ပင်လယ်စာတွေကို ငါးဖမ်းသင်္ဘောကြီးတွေနဲ့ မတရားသဖြင့်ဖမ်းယူခွင့်ရခဲ့ကြတယ်။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး (ယောချာယွတ်) ကအဓိကကျသူဖြစ်တယ်။ (နဝတ) ဗိုလ်ချုပ်တွေလည်း ချမ်းသာလာကြတော့တယ်။ မြန်မာ့ဂြိုလ်တုဆက်သွယ်ရေးကို ထိုင်းဝန်ကြီးချုပ် (တပ်ဆင်) ဆီကနေ ဝယ်တယ်။
(နအဖ) လက်ထက်မှာ မြန်မာ့သဘာဝဓါတ်ငွေတွေကို ထိုင်းကနေပိုက်နဲ့ဝယ်ယူတယ်။ နောက်မှာ ထိုင်းနိုင်ငံအကျိုးစီးပွါး များများရစေတဲ့ ထားဝယ်ဆိပ်ကမ်းစီမံကိန်းကြီး လုပ်လာတယ်။ မြန်မာပြည်ဖက်ကနေ သန်းနဲ့သန်းနဲ့ချီတဲ့ ရွေ့ပြောင်း အလုပ်သမားတွေ၊ စစ်ပြေးနဲ့ နိုင်ငံရေးဒုက္ခသည်တွေ ထိုင်းဖက်ကိုသွားကြရတယ်။
မြန်မာ့သဘာဝသယံဇာတတွေကို ထိုင်းနိုင်ငံကို လက်လွှတ်စပယ် လက်ညှိုးထိုးရောင်းစားခဲ့သူတွေဟာ (၁) ဦးသိန်းစိန် အစိုးရထဲ၊ (၂) စစ်တပ်ထဲနဲ့ (၃) ပြည်ခိုဖြိုးပါတီထဲ ရောက်နေကြသူတွေသာဖြစ်တယ်။ တရုပ်နဲ့ ထိုင်းဟာ မြန်မာပြည်က စစ်အာဏာရှင်စနစ်ကို ရှင်သန်ကြီးထွားစေခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတယ်။ ဓါးပြကိုသာ အပြစ်တင်ရမှာမဟုတ်ပါ။ သူခိုးဓါးရိုးကမ်းတဲ့သူနဲ့ ဓါးပြကိုလမ်းပြသူတွေကိုပါ အပြစ်မြင်ရပါမယ်။
ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂၀၁၅

Comments
Post a Comment