Skip to main content

Crateva manga ခံတက်ပင် မြင်ဘူး စားဘူးသလား

ကတက် ခံတက်
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) မှာ ခံတက်။
၂၀၂၂ ခုနှစ် ဒီဇင်္ဘာလထဲမှာ ခံတက်ချဉ်သုပ်စားကြသည်။ ကောင်းသည်။ တနေ့က ခံတက်ချဉ်တထုပ် လက်ဆောင် အိမ်တိုင်ရာရောက် ပေးတာရသည်။ ကျေးဇူး။
အရင်က မေးပါသည်။ ကျွန်တော်တို့စားနေတဲ့ ဂဒက်ချဉ် အသံထွက်၊ စာလုံးပေါင်းတော့ ကျွန်တော် သေချာမသိလို့ပါဆရာ၊ အခုဆရာပြောတဲ့ ခံတက်ရွက်ကို
အချဉ်တည်ထားတာဖြစ်မယ်ထင်တယ်။
ကျွန်တော်လည်းတောသား။ တောစာသာစားပြီး တောအကြောင်းက သိပ်မသိ။ ညံ့ပါဘိ။ လိုက်ရှာပါတယ်။ 
၁။ သူငယ်ချင်း အမျိုးသမီးဆရာဝန်တယောက်က သူငယ်ချင်းအမျိုးသမီးဆရာဝန်တင်ထားတာကို လှမ်းပြောပြတယ်။ သူငယ်ချင်းအမျိုးသားဆရာဝန်ကလည်း ပါသေးတာ။
ကတက်၊ အရပ်စကားမှာ ခတက်၊ ကတက်၊ ဂဒက်သံထွက်နေကြတယ်။ ကျေးဇူး။
၂။ Crateva manga Family Capparaceae ခံတက်ပင်ပုံပါဆရာ ရွက်မွှာ (မြွှာ) ၃ ရွက်သာပါပါတယ်။ (Kothetnaing Kothetnaingoo) ကျေးဇူး။
၃။ ဝီကီပီးဒီးယာမှာ ဆေးဘက်ဝင်ပုံပါရေးထားပြီး မြန်မာပြည်မှာ စားသုံးတာ မပါ။
၄။ ခံတက် (သို့မဟုတ်) မြန်မာ့ထမင်းဝိုင်းထဲက ဆေးပင်၊ ခံတက်ပင်ကို ကုန်းခံတက်ပင်ဟူ၍လည်း ခေါ်ကြသည်။ ကျေးဇူး။
၅။ ခံတက်ရွက်ကို ပုံမှန်အားဖြင့်ကတော့ အချဉ်တည်ပြီး တို့စားတာ၊ ခံတက်ချဉ်ကို ပါးပါးလှီးလို့ ကြက်သွန်နီ၊ ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သုပ်စားတာမျိုး အများဆုံးစားဖြစ်မယ် ထင်ပါတယ်။ ကျေးဇူး။
ခံတက်ဆိုတဲ့ တောင်ငူရာဇဝင်လည်း ရှိသည်ဟုဆိုသည်။ ဟုတ် မဟုတ် မည်သူငြင်းမည်နည်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ