Skip to main content

The Road Not Taken by Robert Frost ကိုယ်မရွေးခဲ့တဲ့လမ်း

(၁)
The Road not Taken ဤကဗျာသည် ဝိဝါဒကွဲကြသောကဗျာဖြစ်ပါသည်။ ကဗျာဆရာကိုယ်တိုင့်အပြောအရ သူက နောက်ပြောင်ရင်း ရေးပြခဲ့ခြင်းသာဖြစ်ကြောင်းလည်း ဆိုသူက ဆိုသလို၊ လယ်ပိုင်ရှင်သား လယ်ယာမလုပ်ဘဲ စာဆိုလမ်းရွေးခဲ့သဖြင့် လယ်သူဌေးဘဝ ဘယ်လိုများဖြစ်ခဲ့လောက်မလဲဟု ကုက္ကုစ္စအတွေးဖြင့် တွေးခဲ့ကြောင်းလည်း ဆိုသူကဆိုပါသည်။ 
"မလျှောက်ဖြစ်ခဲ့တဲ့လမ်း" ဟူသော ခေါင်းစဉ်အရ "လွတ်တဲ့ငါး (ကြီးလေမလား)"ဟုလည်း တွေးတောမှုကို ပြ၏။ ဘာသာပြန်သူ့အတွက်မှာမူ လူ့ဘဝလမ်း၌ ရွေးချယ်စရာနှစ်ခွဒွိဟများ လူသားတို့ ကြုံကြရာဝယ် တလမ်းကိုသာ ရွေးချယ်ကြရစမြဲဖြစ်၏။ ထို၏အလွန်၌လည်း ပုထုဇဉ်ပီပီ မရွေးခဲ့သောဟိုလမ်းဆို ဘယ်လိုများလဲဟု တွေးကြံစည်တတ်၏။ ဤသို့ ဒွိဟ၏အလွန်၌ဖြစ်သောကိစ္စကို နှလုံးမူ၍လည်းကောင်း၊ two..diverged စသော ဒွိ ဒွယ စကားလုံးများကို ခပ်ယောင်ယောင်ဖမ်းလို၍လည်းကောင်း ဒွိဟ၏အလွန် ဟု မထင်ရှားသောအနက်ပြစကားဖြင့် တမင်ဘာသာပြန်(မိ)ခဲ့ပါသည်။ ဒွိဟ ဟုချည်းပြန်ခဲ့သည်မဟုတ်ပေ။ စောဒကဖြင့်မေးသူရှိလာမှ ပြောခွင့်ရသောကြောင့် ‌မေးသူအား ကျေးဇူးတင်ပါ၏။ (Zaw Min-Oo)
(၂)
https://m.facebook.com/story.php?story_fbid=9129555400388709&id=100000030203233&mibextid=Nif5oz
ယှဉ်ဖတ်ကြည့် ဆရာ (Thidar Soe)
(၃)
(စ) ရောဘတ်ဖရော့စ် ရဲ့ ကမ္ဘာကျော်ကဗျာ The Road Not Taken က နောက်ဆုံး ၃ ကြောင်း။ ဆရာမောင်သာနိုးက မလိုက်ဖြစ်တဲ့လမ်း ဆိုပြီး ဘာသာပြန် ခံစားပြ (appreciate လုပ်ပြ) ထားတာရှိပါတယ်။ 
“တောထဲ လမ်း ၂ ခု ဖြာထွက်သွားတယ်။ ကဗျာဆရာက လူသူအသွားနည်းတဲ့လမ်းကို ရွေးလိုက်တယ်။ လူအသွားနည်းတဲ့ လမ်းဆိုတော့ လမ်းညွှန်တွေ ရှိချင်မှရှိမှာ။ စွန့်စား သွားရတာပါပဲ။ ဒါပေမယ့် နှစ်တွေအကြာကြီး ကြာပြီး ပြန်လှည့်ကြည့်တဲ့အခါမှာတော့ အခြားနားကြီး ခြားနားသွားခဲ့ပါပြီ” တဲ့။ 
ဘယ်လိုခြားနားတယ် ဘာတွေထူးခြားသွားတယ်ဆိုတာကတော့ ကဗျာဖတ်သူ ကိုယ့်ဘဝနဲ့ ကိုယ် ပြန်ယှဉ်စဉ်းစားဖို့ပါပဲ။ (ဆရာမောင်သာနိုးရဲ့ “နိုင်ငံရပ်ခြားကဗျာခံစားမှု” စာအုပ်ထဲမှာ ပြန်လည်ဖော်ပြထားတယ် ထင်ပါတယ်။) (ဆုံး)
(အင်္ဂလိပ်ကဗျာကို ဘာသာပြန်ထားတာဖြစ်ပါတယ်)
(၄)
The Road Not Taken by Robert Frost ကိုယ်မရွေးခဲ့တဲ့လမ်း
- November 03, 2018
တင်ထားတာတခု ဖတ်ရလို့ အရင်ကရေးထားခဲတာကို ပြန်လည် တင်ပြပါတယ်။ ဆရာမောင်သာနိုး ဘာသာပြန်တာကို မဖတ်ဘူးသေးပါ။ ကျေးဇူး။ 
ဝါရွက်တွေရှိတဲ့ သစ်တောထဲမှာ ခွဲထွက်သွားတဲ့လမ်းနှစ်ဖြာ
ငါ နှစ်လမ်းလုံးကို မရွေးခဲ့မိတာတော့ စိတ်မကောင်းပါ။
ခရီးရှည်ကြီးကို လျှောက်လှမ်းနေတဲ့ငါ
တလမ်းသာအရင် မြင်နိုင်သလောက် မျှော်ကြည့်လိုက်တာ
ပေါက်နေတဲ့အပင်တွေကြားမှာ ကွေ့ကောက် ကွယ်ပျောက်သွားတဲ့အထိပါ။
နောက်တလမ်းကိုလည်း အဲလိုပဲကြည့်တဲ့အခါ
အဲတာက ပိုကောင်းမလားမသိ
ကြည့်ရတာ မြက်ခင်းထူထူနဲ့ ခိုမှီးချင်စရာ
တကယ်တန်း ဖြတ်သန်းသွားတော့တဲ့အခါ
အဲဒါတွေကိုပဲ ငါသယ်ဆောင်သွားရတော့တာ။
အဲဒီမနက်ခင်းတုန်းကတော့ အနာဂတ်ဟာ အညီအမျှ
သစ်ရွက်တွေမှာ ခြေရာတွေက မချရသေး။
အရင်တွေ့တာကိုတော့ နောက်ရက်အတွက်ထားလိုက်ခဲ့
ဘယ်လိုလာမလည်းတော့လဲ မသိ
နောက်ကြောင်းပြန်လှည့်ကြည့်နိုင်မလားတော့ သံသယနဲ့ပေါ့။
သက်ပြင်းချရင်းသာ ပြောရ
နှစ်ပရိစ္ဆေဒတွေက ကြာခဲ့ပြီပေါ့။
သစ်တောကြီးထဲမှာ လမ်းနှစ်လမ်းနဲ့ ငါ
ငါဟာ လူသွားလူလာနည်းတဲ့လမ်းကိုသာ ရွေးခဲ့တာ
အဲတာဟာ အရာရာကို ပြောင်းလဲသွားစေတော့တာဘဲပေါ့။
Robert Lee Frost (March 26, 1874 – January 29, 1963) was an American poet.

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ