Skip to main content

The Tropic of Cancer Pass မြောက်ယဉ်စွန်းတန်း အမှားပြင်ထားပြီး



မှန်အောင် ပြင်ပေးထားသူ ကွန်ဂရက်ကျူလေးရှင်း။

၁၆-၆-၂၀၁၇ နေ့ စတွေ့ကတည်းက မှားရေးထားတာကို ထောက်ပြခဲ့ပါတယ်။ ဆိုင်းဘုတ်ဟာ မြန်မာနိုင်ငံ ကလေးမြို့နားမှာရှိတဲ့ မြောက်ယဉ်စွန်းတန်းဖြတ်ရာနေရာဖြစ်ပါတယ်။ ကျောက်ပြားမှာ The Tropical Cancer Pass Here လို့ ရေးထားတာ မှားနေတယ်။ မြန်မာလို အမှားနဲ့ အင်္ဂလိပ်လို အမှား။

ယဉ်စွန်းတန်းမှာ ရေးချမပါရပါ။ ယာဉ်ဆိုတာ သွားလာစရာယာဉ်။ အင်္ဂလိပ်လို မှားနေတာကို သိအောင် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျရတ်ပြည်နယ်ကဆိုင်းဘုတ်ကိုပါ ယှဉ်ပြပါတယ်။ 

မြောက်ယဉ်စွန်းတန်းကို Tropic of Cancer လို့နဲ့ တောင်ယဉ်စွန်းတန်းကို Tropic of Capricorn လို့ ရေးပါတယ်။ Cancer နဲ့ Capricorn တို့ဟာ ဆယ်နှစ်ရာသီခွင် အမှတ်အသားတွေဖြစ်ကြတယ်။ Cancer ဆိုတာ ပုစွန်လုံး (ကရကဋ်) နဲ့ Capricorn ဆိုတာ (မကရ) ဆိတ်ရုပ်ဖြစ်တယ်။

ကမာ္ဘကြီးဟာ ၂၃့၅ ဒီဂရီစောင်းပြီး လည်နေရင်း နေကို တနှစ်မှာတပတ်ကျ လှည့်ပတ်နေတာမှာ ကမာ္ဘပေါ် နေတည့်တည့် ဖြတ်သန်းရာစက်ဝိုင်းမျဉ်း ၂ ခုရှိပါတယ်။ Tropic of Cancer မြောက်ယဉ်စွန်းတန်း စက်ဝိုင်းမျဉ်းဟာ မြောက်လတ္တီတွတ်  ၂၃့၅ ဒီဂရီမှာဖြစ်တယ်။ နှစ်စဉ် ဇွန်လ (၂၁) ရက်နေ့ မွန်းတည့်ချိန်မှာ နေနဲ့တည့်တည့် ကျရောက်တယ်။ Tropic of Capricorn တောင်ယဉ်စွန်းတန်းကတော့ တောင်လတ္တီတွတ်  ၂၃့၅ ဒီဂရီမှာဖြစ်တယ်။ နှစ်စဉ် ဒီဇင်္ဘာလ (၂၁) ရက်နေ့ မွန်းတည့်ချိန်မှာ နေနဲ့တည့်တည့်ကျရောက်တယ်။

နာမည်ပေးခဲ့တာက နှစ်ပေါင်း ၂ဝဝဝ ကြာပါပြီ။ ယနေ့ခေတ်မှာ အရင်ကထက်တိတိကျကျ တိုင်းတာလာနိုင်ပြီဖြစ်လို့ အရင်သတ်မှတ်ချက်တွေ နည်းနည်းလွဲနေတာသိလာရတယ်။ နာမည်ကိုတော့ မပြောင်းပါ။ Tropic of Cancer မြောက်ယဉ်စွန်းတန်းနေရာဟာ တသမတ်တည်းမကျပါ။ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်သန်းတဲ့ စိတ်ကူးယဉ်စက်ဝိုင်းမျဉ်း မြောက်ယဉ်စွန်းတန်းဟာ 23°26′N 93°23′E ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လ (၂၈) ရက်နေ့တုံးက Tropic of Cancer မြောက်ယဉ်စွန်းတန်း စက်ဝိုင်းမျဉ်းဟာ မြောက်လတ္တီတွတ် 23°26′13.8″ (23.43718°) မှာကျရောက်ခဲ့ပါတယ်။

အင်နယ်လ်ဒီအစိုးရလက်ထက် စစ်ကိုင်းတိုင်းအစိုးရဆီကို ပြင်သင့်ပါကြောင်း စာတစောင်ရေးသားပို့ခဲ့တယ်။ ပြင်ဖြစ်၊ မပြင်ဖြစ် မသိပါ။ အခုတော့ မိတ်ဆွေဆရာဝန်တဦးက အမှန်အတိုင်းရေးထားတဲ့ ကျောက်ပြားပုံ တင်တာတွေ့တယ်။ ကျေးဇူး။ 

Here စာလုံးထည့်တာတော့ လွဲနေသေးတယ်။ Pass က ဒီနေရာမှာ နာမ်။ is passing here လို့ရေးရင် မမှားပါ။

အဲလိုဘဲ မှားနေတာတွေကို အခုပြင် အခုမှန်ပါတယ်။ ပြင်စရာတွေကတော့ တိုင်းပြည်နဲ့အဝှမ်း အများကြီး။ စေတနာနဲ့ ပညာလိုတယ်။ ကင်ဆာဆေးနည်းတွေ ပေးကြသလို စေတနာတခုတည်းတော့ အမှန်မရပါ။ စိတ်တော့ရှည်ရမယ်။ အခွင့်အခါ သာရမယ်။

အဖြူရောင် ကျောက်ပြား မပြင်ရသေးဘူးထင်တယ်။

ပြင်စရာတွေ တတိုင်းတပြည်လုံးမှာ အများကြီးကျန်သေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ