Skip to main content

Tilapia တီလားပီးယားငါး

- ဇလားဘီးယား ငါးခြောက်လေးတွေ ရပါမယ်ရှင့် (ပုံအတွက် ကျေးဇူး။)

- အင်းလေးဆလားဗီးငါးခြောက် ခေါ် ကျောက်ငါး

- ဒေသခံတွေ အတတ်နိုင်ဆုံးရှောင်တဲ့ငါးပါ။ ကျောက်ငါးလို့လည်းခေါ်ပါတယ်ဆရာ။ သွေးအရမ်းတိုးတယ်လို့ ပြောလို့ မစားရဲခဲ့ဘူးဆရာ။

အစားအသောက်တွေကို သွေးတက်တယ်၊ အကြောတက်တယ်လို့ ပြောကြတယ်။ ပြောသလို မဟုတ်တာက အဆမတန်များနေတယ်။ တမာရွက်၊ ဆူးပုပ်ရွက် စတာတွေက သွေးတက်တယ်ပြောခြင်းဟာ တို့စရာနဲ့ တွဲစားတဲ့ငံပြာရည်ကြောင့်။

တီလားပီးယားငါး ကောင်းပါတယ်။ vitamin B12 ပါတာများတယ်။ Phosphorus ဖေါ့စ်ဖါးရပ်စ်ပါတာလည်း ကောင်းတယ်။ အဆီဓါတ်ပါတာ နည်းတယ်။ salmon ဆယ်လ်မွန်နဲ့ tuna ကျူနာငါးတွေလောက်တော့ tilapia ငါးမှာ omega-3 fat မများပါ။

အားနည်းချက်လည်း ရှိတယ်။ ဘက်တီးရီးယား၊ ပါရာဆိုက်နဲ့ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှု များနိုင်တယ်။ မွေးမြူရေးလုပ်သူတွေက သတိထားကြတာမှန်ရင် စိုးရိမ်စရာ မရှိပါ။

တီလားပီးယားငါးရဲ့ ချိုတဲ့အရသာကို ဆယ်လ်မွန် (အသံထွက်အမှန်ရေးရင် မသိသူကများလို့ မပြင်တော့ပါ။ လ သံ မပါ။) နဲ့ ကျူနာငါးတွေထက် ပိုကြိုက်တယ်။ မြန်မာပြည်မှာသာရတဲ့ ငလူးခေါင်ချွန်းအရသာကိုလည်း အမေရိကန်နဲ့ ကနေဒါငါးတွေထက် ကြိုက်တယ်။ နယူးဒေလီ မြောင်းဘေး ငါးဈေးကနေ တခါတခါ ငလူးခေါင်ချွန်းရတယ်။ ညကအိမ်မှာ 'မကားရဲ' ငါးပေါင်းတယ်။ ကောင်းတယ်။

ဒီမှာရတဲ့ တီလားပီယားငါး အကြီး-အသေး-အလတ်တွေ ကောင်းပါတယ်။ ငပိချက်နဲ့တွဲမစားရင် သွေးတိုး မတက်ပါ။

တီလားပီးယားငါးကို မြန်မာပြည်မှာ စပြီးမွေးမြူကြဘို့ ဆော်သြတာက မဆလ ထက်ထက်စောစောပိုင်းက။ ရှေ့သို့စာစောင်မှာ ဆောင်းပါးတွေတင်တယ်။ ငါးမွေးကန်တွေ ဖြစ်လာတယ်။ စီးပွါးလည်း ဖြစ်တယ်။

ဆလားဗီးယားလို့ ရေးရင် အဲဒီခေတ်က ယူဂိုဆလားဗီးယားနိုင်ငံနဲ့ ရောထွေးလိမ့်မယ်။ မဆလ လက်ထက်မှာ လက်ဝဲနိုင်ငံတွေကသာ အဖက်လုပ်တယ်။ ထွန်စက်ဆိုလည်း ယူဂိုဆလားဗီးယားက။ ကြေးနီစီမံကိန်းကလည်း ယူဂိုဆလားဗီးယားနဲ့ စခဲ့တာ။ နောက်မှာ ကနေဒါ။ နောက်ဆုံးက တရုပ်။

Tilapia fish ငါးဟာ ခြင်လောက်လမ်းလေးတွေကို စားတယ်။ ငှက်ဖျားတိုက်ဖျက်ရေးအဖြစ်သုံးဘို့ သုတေသနတွေလုပ်တယ်။ နိုင်းမြစ်မှာ ငှက်ဖျားခြင်းနှိမ်နင်းရေး လုပ်တယ်။

တီလားပီးယားငါးကို အင်္ဂလိပ်စာလုံးရော အသံထွက်ပါ တင်ပြသေးတယ်။ အရပ်ခေါ်တွေက နှုတ်ကျိုးနေပြီ။

ဘယ်အရာမဆို အမည်စာလုံးပေါင်း၊ အသံထွက် မလွဲအပ်ပါ။ မှားနေတာကို ပြင်လို့ရရင်လည်း ပြင်ကြပါ။ ပြင်ရတော့ ခက်မယ်။ ဝယ်တဲ့သူတွေက အမှန်ကိုမသိကြတော့ ရောင်းရ ခက်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ