Skip to main content

တို့တိုင်းပြည်


ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်

စေတီ စပါးများလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

ယာစကာမျိုး၊ တညှိုးညှိုးနှင့်

ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား

လှည့်လည်သွားလျက်

မစားလေရ၊ ဝမ်းမဝ၍

ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့

တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်

ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်

သီးနှံချိုပျား၊ များလည်းများ၏

များပါလေလဲ၊ တမွဲမွဲနှင့်

ဆင်းရဲကာသာ၊ ကာလကြာလျှင်

မြင်သာမြင်ရ၊ မစားရ၍

တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့

အားမပျော့နှင့်၊ မလျှော့လုံ့လ

သူကစ၍၊ ငါကအားလုံး

လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်

စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့

ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ

ဤယာစပါး၊ ဘယ်သူ့စပါးလဲ

ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း

ဉာဏ်ရှေ့ပန်း၍

တဝမ်းတစိတ် ညီစေသတည်း။   ။ (ဇော်ဂျီ - ကြီးပွားရေးမဂ္ဂဇင်း ၁၉၃၅)

ဆရာဇော်ဂျီရေးတာ 

"တစ်ဝမ်းတစ်စိတ်" မဟုတ်ပါ။

"တစ်ဝမ်းတစိတ်" မဟုတ်ပါ။

"တဝမ်းတစ်စိတ်" မဟုတ်ပါ။

တစ်ညှိုးညှိုးနှင့် လို့သာရေးရင်၊ တစ်မွဲမွဲနှင့် လို့သာရေးရင်၊ တစ်ဝမ်းတစ်စိတ် လို့သာရေးရင် ကဗျာပြိတ္တာဖြစ်သွားမယ်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ