Skip to main content

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ ဘယ်စာအုပ်လဲ


၁။ ဒကာကြီး ဒကာကြီးတင်တဲ့ပို့စ်တွေ ဖတ်ဖြစ်ပါတယ် တဝမ်းပူကို စ လုံးနဲ့ငသတ် တစ် မလုပ်ဖို့တွေ လေ့လာသိရှိခွင့်ရတယ် အဲဒါဆို သတ်ပုံကျမ်းက အခု ထုတ်ထားတာတွေဟာ အမှားတွေချည်းပဲပေါ့နော် တစ် တွေချည်း တွေ့နေရလို့ ဒကာကြီး ကိုယ်ရောစိတ်ပါကျန်းမာပါစေ သတ်ပုံအမှန်သိရအောင် ဘယ်စာအုပ်တွေကို လေ့လာသင့်ပါသလဲ
၂။ ဆရာခင်ဗျား။ မြန်မာစာသတ်ပုံနဲ့ပတ်သက်ပြီး ဘယ်သတ်ပုံကျမ်းကို အဓိကထား သုံးစွဲသင့်ပါသလဲ ခင်ဗျ။ အရှင်ဥက္ကံသမာလာ ရဲ့ ဝဏ္ဏဗောဓနသတ်အင်းမှာပါတဲ့ သတ်ပုံတွေအတိုင်း ရေးသားသုံးစွဲလို့ရပါသလား ခင်ဗျား။
၃။ ဆရာခင်ဗျာ မြန်မာစာသတ်ပုံမှန်တဲ့ စာအုပ်ဆိုရင် ဘယ်စာအုပ်ကို ညွှန်းလိုပါသလဲ ခင်ဗျာ
မြန်မာအဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေက များတယ်။ လက်ထဲမှာရှိတဲ့ သတ်ပုံ ကိုးကားစရာ စာအုပ်များ -
၁။ ဝဏ္ဏဘောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ) ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
file:///C:/Users/drswe/OneDrive/Desktop/%E1%80%9D%E1%80%8F%E1%80%B9%E1%80%8F%E1%80%97%E1%80%B1%E1%80%AC%E1%80%93%E1%80%94%20%E1%80%9E%E1%80%90%E1%80%BA%E1%80%A1%E1%80%84%E1%80%BA%E1%80%B8.pdf
၂။ ကဝိဓဇသတ်ပုံကျမ်း (ဦးစံချစ်) ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
၃။ မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်) ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
၄။ မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ)
၅။ ဝေါဟာရတ္ထပကာသနီ (ကျော်အောင်စံထား ဆရာတော်ဘုရားကြီး)
၆။ မြန်မာ့စွယ်စုံကျမ်းတစုံ (၁၅) အုပ်
၇။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တစုံ ၃၂ အုပ်
၈။ ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန်
၉။ ကဝိလက္ခဏာ သတ်ပုံကျမ်း
၁၀။ ၁၉၇၈ ထုတ် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း
၁၁။ ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန်
၁၂။ ကဝိလက္ခဏာ သတ်ပုံကျမ်း https://kupdf.net/download/_5a3a2d9be2b6f5045a2c2cad_pdf
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀)
(က – စ) အတွဲ – ၁
https://drive.google.com/file/d/1W5NXMl1mgfo1feIVat4PRihd9-1NN74m/view?fbclid=IwAR2JbcThlY-8dF0rNzmCH7COiWIxpOVW-lmTtOpm5wR0B5hjMFseXoIFejU
(ဆ – န) အတွဲ – ၂
https://drive.google.com/file/d/1W6lv0dxz4MIp6Fc8H0Su-PgIRBTvdx2c/view?fbclid=IwAR3MPRC0AwiQ6OTe_OlT71zaohWREZSuYwqcgOcN2RMLbnqtZSNM6s4UXrQ
(ပ – ယ) အတွဲ – ၃
https://drive.google.com/file/d/1W7XjL32D9cthDX6_Ur68fUFvs_ijoqq6/view?fbclid=IwAR21Rw2s3frCNVpu9mnc5UFYPbz6S8je9cq4TBUc3-3gAkzwGPPt6Ps9qSs
(ရ – ဠ) အတွဲ – ၄
https://drive.google.com/file/d/1WAmLiFf-MZgHQ7GTGE8Ze9U4518BGztv/view?fbclid=IwAR2nABaUqzZFbMuNVg6GAbzZkx6Kq6TZCpC8ac9FHUo87OyPQRWUHdQM6JI
(အ ) အတွဲ – ၅
https://drive.google.com/file/d/1WCE1X2PG3dkMO-y6IDKIkvp4FITmNC-B/view?fbclid=IwAR2nABaUqzZFbMuNVg6GAbzZkx6Kq6TZCpC8ac9FHUo87OyPQRWUHdQM6JI 
အဘိဓာန်တွေတိုင်းမှာ သိလိုတာ အစုံပါချင်မှသာ ပါမယ်။ ခေတ်သဘာအရ အသစ်ပေါ် ဝေါဟာရတွေကိုလည်း တိုးများလာတယ်။ အဲတော လိုက်ရှာရတယ်။ ဘယ်ကနေရှာမလဲကတော့ အတွေ့အကြုံနဲ့ ပညာ။ စာလုံးတချို့မှာ မူကွဲတွေ ၂-၃ လုံးရှိတယ်။ တရားသေယူတာ မသင့်ပြန်။ 
မသင့်မှန်တာကို မယူခြင်းကလည်း ပညာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ