Skip to main content

မရန်းသီးလည်း ကြိုက် ခရမ်းသီးလည်း အရမ်းကြိုက်



ခရန်းသီးလို့လည်း အရင်ကရေးတယ်။ မရန်းသီးက အမှန်ပေမဲ့ သိသူက ရှားတယ်။

- ခရမ်းသီး မဟုတ်ဘူးလားဆရာ မရမ်းသီးနဲ့ ခရမ်းသီးက တော်တော်လေးကွဲပြားပါတယ် ကျနော်တို့ မြင်းခြံ တောင်သာ ဆမိတ်ခုံ(ဆီမီးခုံ) ဘက်ကတော့ ခရမ်းခေါင်းသီးလို့ ခေါ်ကြတယ်ဆရာ တောခရမ်းသီးက အပေါ်ယံ ခရမ်းရောင်ရင့်ရင့်နဲ့ အရေခွံက အတော် တင်းပြီးပြောင်ချောချောနဲ့ပါ အဲ့ဒါ ကြောင့် ခရမ်းသီး ချက်ရင် အပေါ်ယံက ခရမ်းရောင် အရည်ခွံကို ဓား နဲ့ သင်(နွာ)ပစ်ကြရပါတယ် ခရမ်းသီးက ရက်ကြာလို့ နွမ်းပြီး ပိန်သွားရင် ဓား မထက်(ပြတ်)တာနဲ့ အခွံသင်လို့မရတော့ဘူးဆရာ အဲ့ဒါကြောင့် ခရမ်းသီးပိန် ဓားတုန်း

ဆိုတဲ့ စကားပုံ ကို နားလည်မိခဲ့တာပါ မရမ်းသီး ဆိုတာနဲ့တော့ ဆက်စပ် မတွေးတတ်ပါခင်ဗျာ

အဖြေ - ကဝိဓဇသတ်ပုံကျမ်းမှာ ခါးရန်းပင်၊ ခါးရန်းသီးလို့ ရေးထားတယ်။

နရသီဟပတေ့မင်းဟာ နေ့လယ်နေ့ခင်း အိပ်နေရာကနိုးထတဲ့အခါ အနားမှာရှိတဲ့အရာတခုခုနဲ့ အပျိုတော်တွေကို ပစ်ပေါက်လေ့ရှိပါသတဲ့။ အမတ်တွေက အပျိုတော်တွေ သက်သာရာရစေအောင် အသီးတမျိုးထားပေးတယ်။ ထိမှန်ခံရတဲ့ အပျိုတော်တွေ ခါးရန်းသွားကြရာကနေ ခါးရန်းသီးလို့ ပါးစပ်ရာဇဝင် တွင်ပါသတဲ့။ ကျွန်တော်ကတော့ မယုံ။ တရုပ်ပြေးမင်းလည်း နတ်ရွာစံ (ငရဲရောက်)၊ သူ့အမတ်တွေလည်း မရှိကြတော့လို့ ဟုတ် မဟုတ် မေးလည်းမရ။ ကျွန်တော်က ခရမ်းသီးလို့သာရေးတယ်။ မရန်းသီးလို့သာ ရေးတယ်။ 

- ပြတဲဆရာဝန်က အရန်းတော် တဲ့ဆရာဝန်ပါ ပြန်ပြပါ သူပြောတဲ့အတိုင်း ဆေးကုသမှုခံယူမယ်ဆိုရင် ပိုကံကောင်းမှာပါ (အရမ်းတော်လို့ ရေးရတယ်။)

- ဆီမပါပြားမပါ အရန်းအရသာရှိတဲ့ငါးရခိုင်ချက်နည်းလေးတင်ပေးမယ် (အရမ်းအရသာရှိလို့ ရေးရတယ်။)

- ကြွက်သားကိုက်ခဲနာကျင် ယောင်ယမ်း(ရောင်ရမ်း)ခြင်းများ သက်သာစေပါတယ်

- ရန်း နဲ့ ရမ်းတွေ မှားနေကျ(မှားနေကြ)လို့ ရှင်းပြပေးပါဆရာ

- ဖက်ယမ်း၊ ဖက်ရမ်း ဘယ်ဟာမှန်လဲဆရာ။ (ဖက်ရမ်းက မှန်ပါတယ်။ ဖက်ယမ်း နမ်းရှုပ်သည်။ ဖက်ပြီး ဆွဲယမ်းတယ်လို့လည်းရတယ်။)

- ဆရာရှင့် မရမ်းသီး မဟုတ်ဘဲ မရန်းသီးလို့ ရေးရမှာပေါ့နော်

မရမ်း နဲ့ မရန်း မူကွဲ။ သတ်ပုံမှန်က မရန်း။ ဒါပေမဲ့ သိတဲ့သူ ရှားတယ်။ ခရမ်းသီး၊ ခရမ်းရောင်၊ မရန်းစေ့ရောင် မရန်းရောင်။ အရမ်းနဲ့ အလန်း ဘန်းစကားတွေကို ထည်လဲသုံးကြတယ်။ အရန်းဆိုရင် အိမ်လက်ရန်း ဖြစ်သွားမယ်။ အလမ်းဆိုရင် နာရီနှိုးစက်။ သင်္ကန်းရန်းတာလည်း နသတ်နဲ့။

အရမ်းမိုက်

အရမ်းကောင်း

အရမ်းလွမ်း

အရမ်းချစ်

အရမ်းကြိုက်

စာကို ထင်သလိုအရမ်းကာရောရေး။

ရန်း

ကုလားနရန်း

ခြံစောင့်ရန်း

ခါးရန်းကြိုး

ခါးရန်းသီး (ယခင်အသုံး)

ခေါင်ရန်းပန်း

စက်နရန်း

စတုရန်း

ဆင်ကပ်လက်ရန်း

တြိရန်း (ယခင်အသုံး)

မရန်းပင်

မရန်းရောင်

မရန်းသီး

ရန်း = အရောင်

ရန်းတား = ကာဆီးစောင့်ရှောက်ထားခြင်း

ရန်းပြာသာဒ်

လှည်းစွယ်ရန်း

သက်တင်ရန်း

အရန်းအတား

အရန်းအတား = ကာဆီးစောင့်ရှောက် (ယခင်အသုံး)

အိမ်လက်ရန်း

ရမ်း

ကြွေ့ကြွေ့ရမ်းရမ်း

ကိုယ်လက်ရောင်ရမ်း၊ ကိုယ်လက်ရောင်ယမ်း၊

ခရမ်းကစော့ (ကဆော့) သီး

ခရမ်းကြွပ်ပင်

ခရမ်းချဉ်ပင်

ခရမ်းခါးသီး

ခရမ်းပင်

ခရမ်းရောင်

ခရမ်းသီး

ညောင်ရမ်းမြို့

ပရမ်းပတာ

ပေါရမ်း = မြှော်ရမ်းသည်

ဗညားရမ်း

ရမ်းကားသည်

ရမ်းကားသူ

ရမ်းဆ

ရမ်းတုတ်

ရမ်းဗြဲကျွန်း

ရမ်းရမ်း = အားရနှစ်သက်သည် (ယခင်အသုံး)

ရမ်းရမ်းမို့မို့

ရမ်းရမ်းလွေ့ = များသည်

ရမ်းရော်

ရမ်းသန်းပြော

ရွှင်အားရမ်း

ရော်ရမ်းမှန်းဆ

လူသရမ်း

သမိန်ပရမ်း

ဟော့ဟော့ရမ်းရမ်း

အရမ်း = အလွန်အကဲ (ခေတ်သုံး)

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ (ရှင်ဥတ္တမကျော် တောလား)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ