(၁)
အရီးကြီးတပါး မြင်းစီး၍ တရံခါက
ပွဲဈေးသွားသည်ကို သင်တို့ ကြားဖူးပါစ။
၎င်းထက် ကိုင်တွယ်၍ လွယ်သော သတ္တဝါမရှိ
တခွန်းဖြင့် ခွာဆုန်ပြေးရာက ၎င်းရပ်၏။
သို့ရာတွင် ဟေးဟု တခွန်းမျှ အရီးဆိုလျှင်
စိတ်ဆောင်၍ တအားကုန် ၎င်းပြေးပြန်တော့အင်။ ။
(၂)
နေမင်းသည် တောက်ပစွာ ထွန်းလင်းနေခိုက်တွင်
မြို့တံခါးအနီးသို့ အရီးရောက်သွားလျှင်။
လိုချင်တောင့်တသော သူ့မျက်စိတို့ မြင်ဘိ
ချုံတွင်းရှိ ဆီးပင်နှင့် ၎င်း၏ ဆီးသီးမှည့်။
စိမ်းစိုမြင့်ပါးသော အကိုင်းအခက်တို့ဝယ်
လှပကြီးမားသော ဆီးသီးမှည့်များ ပေးတယ်။ ။
(၃)
အစာရေစာ မွတ်သိပ်သော အရီးသည်
အသီးကို တမ်းတလည်း ဆူးကြောင့် ကျောချမ်းပြီ။
တခွန်းဖြင့် ခွာဆုန်ပြေးသော မြင်းကိုရပ်ကာ
၎င်း၏ ကျောက်ကုန်းထက် သူရပ်၏ မတ်စွာ။
ဆီးသီးကို ဆွတ်စားကာ ကုန်းနှီးထက် သူရပ်၏
သခင်ကိုဆောင်ကာ ဆီးပင်အောက် ၎င်းရပ်ဘိ။ ။
(၄)
အမှန်ပင် သူတွေး၏၊ “ငါ့မြင်းသို့ သော သတ္တဝါ
ကမာ္ဘပေါ်တွင်ရှာက တွေ့နိုင်မည် မဟုတ်ပါ။
ကြည့် သည်မှာ ငါရပ်၏
(ပတ်ဝန်းကျင်ကို သူ ကြည့်၏။)
မြေကြီးပေါ်တွင် ရပ်နေသကဲ့သို့ မြဲလှဘိ။
သို့သော် ဓာတ်မသိသူ ခရီးသည် ရောက်လာလျှင်
(အကျိုးယုတ်စေရန် မအောက်မေ့ဘဲ ဟေးလိုက်လျှင်)
ဘယ်သို့ ရှိမည်ကို မစဉ်းစားရဲစရာပင်။ ။
(၅)
ဆီးပင်ကြား၌ ခေါင်းထား၍ ရပ်လျက် သူရှိ
အသံထွက်အောင် စဉ်းစား၍ ဟေးဟု ဆိုမိ။
၎င်းလည်း ကြားသည်နှင့် ရှေ့သို့ ခုန်လှမ်းရာ
ချုံတွင်းသို့ ဇောက်ထိုးကျရှာ အရီးခမျာ။
ဆူးမွေ့ရာထက်ဝယ် သူသတိရလည်း နောက်ကျသည်
စဉ်းစား၍ လျော်သည့်တိုင် ဖွင့်ပြော၍ မတော်ပြီ။ ။
(အရီးကြီး = အရည်းကြီး)
ရှေးစာကဗျာများ ကျေးဇူး။
ဆီးသီးသည်မဗျိုင်း (တင်မိုး) https://m.facebook.com/shwethwayjournal/posts/318546335218180/
ဒေါက်တာတင့်ဆွေ
Comments
Post a Comment