ဘာလို့ ခက်တယ်လို့ ပြောကြသလဲ။ တဦးစီကိုလိုက် မမေးနိုင်ပါ။ စနစ်ကျတဲ့ လေ့လာမှုလုပ်ရင် အတော်ကောင်းမယ်။ မေးခွန်းတစုံလုပ်ထားပြီး၊ လူဦးရေများများကို မေးရမယ်။ ဖြေမဲ့သူတွေက အတန်းအစား စုံရမယ်။ အသက်၊ ကျား၊ မ။ ဘယ်မြို့နယ်ကလဲ။ အတန်းကျောင်း ဘယ်အထိ ပြီးခဲ့သလဲ။ လက်ရှိ ဘယ်အသက်မွေးဝမ်းကြောင်း ပြုနေသူတွေလဲ စသည်။
ဒီလိုကာလမျိုးမှာ သုတေသန လုပ်မဲ့သူ မရှိလောက်ပါ။
ယေဘုယျနဲ့ အခြေခံချက်လေးတွေ တင်ပြမယ်။
- သင်ပုန်းကြီးနဲ့ သူငယ်တန်းမှာ မှန်မှန်ကန်ကန်သင်ယူခဲ့ရသူတွေ မခက်ခဲလောက်ပါ။
- လက်ရှိဖတ်နေတဲ့ စာအုပ်တွေ၊ စာတွေက စာလုံးပေါင်သတ်ပုံနဲ့ သဒ္ဒါ မှန်တာတွေဆိုလည်း မခက်လောက်ပါ။
- မြန်မာစာကို အလေးထားလိုသူတွေလည်း မခက်လောက်ပါ။
အခုစာမှာ ခက်ခဲခြင်းအကြောင်းတခုတည်းကိုသာ တင်ပြခြင်းဖြစ်ပါတယ်။ ခေါင်းစဉ်မှာ အင်္ဂလိပ်စာလုံး သုံးထားတယ်။ မြန်မာစာရဲ့ အင်္ဂလိပ်လို စာလုံးပေါင်းက ပြောစရာရှိလို့သာ ဖြစ်ပါတယ်။ ရေးထားတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment