၂။ ကလော်အော်သီး ရပီး(ရပြီ)နော်
အစားအသောက်တွေ၊ အပင်တွေ၊ ပန်းတွေကို နေရာဒေသအလိုက် အမျိုးမျိုးခေါ်ကြတယ်။
ပုံထဲကငရုတ်သီးကို Umorok ရွှေလံဗိုလ် လို့သာ ခေါ်ပါတယ်။
အညာဒေသမှာ ကုလားအော်သီးဆိုတာ ရွှေအပ်သီး၊ မိုးမျှော်သီးကိုသာ ခေါ်ကြတယ်။ အာဝါးသီးလို့ တော့ မကြားဘူးသေးပါ။ အာဝါးဆိုတာ ကလေးတွေကို မွှေး (နမ်း) တာ။
ပုံထဲက အလွန်စပ်တဲ့ ငရုတ်သီးရဲ့ မူရင်းအမည်တွေကလည်း အမျိုးမျိုး။
- ရွှေလံဘို
- ရွှေလံဗိုလ်
- အာဝါးသီး
- Ghost pepper တစ္ဆေငရုတ် (မက်စီကန်)
- Umorok ဥမရုတ် (ကသည်း၊ မဏိပူ)
၃။ တတောင့် ၁၅၀ကျပ် လျှာဖျားက စားရုံနဲ့ နားထဲက ပွင့်ထွက်
တတောင့်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။
ကျွန်တော်က ဒီငရုတ်အမျိုးအစားကိုလည်း ကြိုက်တယ်။ အခြောက်က ပိုစပ်တယ်။ အစိမ်းနဲ့ အခြောက် မွှေးတာခြင်း မတူ။ ယူအက်စ်အေမှာလည်း ဝယ်လို့ရတယ်။ နယူးဒေလီမှာတော့ နယ်စပ်ကနေ မှာရတယ်။
Chilli ငရုတ်သီး အရသာ https://dr-tint-swe.blogspot.com/2021/07/chilli.html
Chili Chili Chili ငရုတ်သီးဋီကာ https://dr-tint-swe.blogspot.com/2022/07/chili-chili-chili.html
Chili plant ငရုတ်ပင် https://dr-tint-swe.blogspot.com/2022/08/chili-plant.html
Umorok ရွှေလံဗိုလ် https://dr-tint-swe.blogspot.com/2022/08/umorok.html
Umorok ရွှေလံဗိုလ် https://dr-tint-swe.blogspot.com/2021/08/umorok.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment