ဘုရားဖူးသွားနေသူတယောက်တင်တာက ရာဇဂြိုလ်။ ရာဇဂြိုဟ်လို့ ပြင်လိုက်တယ်။ ပြင်တာက မှန်သလား ပြန်ရှာရတယ်။
ဂြိုဟ်တလုံးတည်းကို ဟ သတ်တယ်။ ဥပမာ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်။
တောင်ငါးလုံးကာခို ရာဇဂြိုလ်
ရာဇဂြိုလ်ရွာ၊ ကလေးမြို့နယ်
ဂဟ (ပါဠိ) = အိမ်
ရာဇဂြိုလ်ရော ရာဇဂြိုဟ်ပါ မြန်မာအဘိဓာန်၊ ဦးသာမြတ်၊ ကဝိဓဇ သတ်ပုံကျမ်းတွေထဲမှာ မပါ။
မြို့တော်အမည်တခုဖြစ်တယ်။ မြို့တည်ရှိရာ အိန္ဒိယမှာ Rajgir လို့ ခေါ်တယ်။ ဘီဟာပြည်နယ်၊ နာလန္ဒာခရိုင်မှာ ရှိတယ်။ ဘုရားလက်ထက်က မဂဓတိုင်းမြို့တော်။
Rājagaha ရာဇဂြိုဟ်ပြည်ဟာ ရှေးယခင်က မဇ္ဈိမတိုက်မှာပါဝင်တဲ့ တိုင်းကြီး ၁၆ တိုင်းအနက် မာဂဓတိုင်းရဲ့ ပဌမဆုံးမြို့တော်ဖြစ်တယ်။ အဇာတသတ်မင်းလက်ထက်မှာ အသျှင်မဟာကဿပ ဦးဆောင်ပြီး ပဌမအကြိမ် သင်္ဂါယနာကို ရာဇဂြိုဟ်မှာ တင်ခဲ့တယ်။ ဗုဒ္ဓဘာသာအတွက်သာမက ဂျိန်းဘာသာအတွက်ပါ အထင်ကရနေရာ ဖြစ်တယ်။ Raja ရာဂျာ ခေါ် ရာဇာဆိုတာ မင်းဘုရင်။ အဲဒါကြောင့် ရာဇဂြိုလ်လို့ ရေးလည်း မမှားလို့ ထင်ပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment