ကျွန်တော်တို့ ၁၉၆၅ ခုနှစ် ဆေးကျောင်းတက်ရတဲ့ မောင်ကျောင်းသားတွေလည်း အဲလိုဘဲ။ လက်ဖက်ရည်တခွက် တမတ် (၂၅ ပြား) ခေတ်က။ ဆေးကျောင်းသူတွေက ကျွန်တော်တို့လောက် မမိုက်ကြပါ။
ကျွန်တော် မနေ့က အခုနေရတဲ့မြို့က စားသောက်ဆိုင်တခုမှာ လက်ဖက်ရည်တခွက်နဲ့ အီကြာကွေးတခု စားခဲ့တယ်။ ဒကာခံသူက ပေးလို့ ဈေး မသိ။ ကျေးဇူး။
အဖြူတွေကတော့ အဲလို ဆိုင်မထိုင်ကြပါ။ ဝါရှင်တန် ဒီစီမှာ ရုံးသမားတွေ ခဏနားချိန်မှသာ ကော်ဖီရှော့မှာ ခဏထိုင်တယ်။ တချို့ဆိုင် ထိုင်စရာ မရှိ။ မတ်တတ်။
ဆေးကျောင်းသားတွေလည်း အဆောင်ပြန်ရောက်တော့ စာတွေ အသေကျက်မှတ်ကြရတယ်။ အခုအရွယ်မှာ ကျွန်တော်က လူအို၊ လူပို။ အလုပ်သွားရမဲ့ လက်ဖက်ရည်ဒကာက နာရီကြည့်နေရတယ်။
အတူပါတဲ့ ကျွန်တော်နဲ့ ရွယ်တူတန်းတူ ပြည်ပရောက်နိုင်ငံရေးလုပ်သူနဲ့တော့ အရေးပါတာတွေ ပြောကြတယ်။ လက်ဖက်ရည်တိုက်သူကတော့ ဒဿနိကကျောင်းသားဟောင်း။ ဖတ်ဘူးတဲ့ အတုံးလိုက်အတစ်လိုက် လောဂျစ် ပြောကြည့်တယ်။
- ခွေးသည် သေမျိုးဖြစ်၏။
- မောင်ဘသည် သေမျိုးဖြစ်၏။
- ထို့ကြောင့် မောင်ဘသည် ခွေးဖြစ်၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment