Skip to main content

နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း

ညသည်

အလှလျှို့ဝှက်၊ အရှက်ကြီးစွာ

ကြာပန်းနှင့်ကွယ်၊ တိတ်ခိုးရယ်သော

မိန်းမငယ်ကဲ့သို့။

ညပျိုခင်သည်

ကြယ်စင်တစု၊ အလင်္ကာပြုလျက်

ခရုပတ်လမ်း၊ လူ့စခန်း၌

ဖြတ်သန်းသွားစဉ်။

ခြေကျင်းတခတ်၊ လျှပ်စစ်တသံ

ကာရန်တကျော့၊ ခြေတဖော့နှင့်

ဝန်းကော့နက်ရှိုင်း၊ သက်တန့်ကိုင်းက

စက်ဝိုင်းခြမ်းပုံ ပေါ်လာ၏။

အလင်းရောင်တန်း၊ ခပ်လှမ်းလှမ်း၌

စမ်းဝါးစမ်းဝါး၊ လမ်းသလားစဉ်

ညကား အဓိပ္ပါယ်လောင်းဖြည့်လျက်။

မှောင်အားကကြီး၊ လင်းအားနည်းဟု

ညည်းရှိုက်သံများ၊ လေမှာတွားလျက်

ဝါးပင်ရုံထက်၊ ငှက်တို့အနီး

ဆီးပွင့်သင်းသင်း၊ တောတွင်းအနှံ့

သတင်းဖြန့်လျှင်

အလန့်တကြား၊ တတန့်နားရ။

ညများဖြစ်ပေါ်၊ မှောင်ပါသော်လည်း

ဘော်ရောင်တစ၊ မိုးကမ်းစ၌

တွန့်ရွကွေးကွေး၊ အနားရေးတည့်။

ငှက်ကလေးထောင်သောင်း၊ ဤသစ်ခေါင်း၌

အောင်းကြရံခါ၊ ပျော်စရာပင်

ယာစပ်လယ်စပ်၊ ဆူးချုံစပ်၌

ငှက်တပ်ကျက်စား၊ တလွှားလွှားတို့

နားလိုနေလို၊ အမှောင်လို၏

ညကို ကျေးဇူးတင်ဦးအံ့။

ဆရာတင်မိုးရဲ့ဒီကဗျာက အတော်ရှည်ပါတယ်။ ၁ ကနေ ၁၅ အထိ။ မူရင်းသတ်ပုံမှန်အတိုင်းတင်ထားတာကနေ ကူးယူတာပါ။ ကျေးဇူး။ 

ကြယ်စင်တစု၊ ဘော်ရောင်တစ၊ 

ခြေကျင်းတခတ်၊ လျှပ်စစ်တသံ

ကာရန်တကျော့၊ ခြေတဖော့နှင့်

အလန့်တကြား၊ တတန့်နားရ

ဘော်ရောင်တစ၊ မိုးကမ်းစ၌

ရောင်းတန်းစာအုပ်တွေနဲ့ အွန်လိုင်းမှာတင်ထားတာတွေက ပေါ်လစီသတ်ပုံတွေနဲ့။ ဖတ်မကောင်းတော့ပါ။ ဆရာတင်မိုးကို နည်းနည်းလောက်တော့ အားနာကြဘို့ကောင်းပါတယ်။ ကိုယ်တတ်ရင် ကိုယ်သတ်ပုံနဲ့ရေးတာ ပြောရန်မရှိပါ။ 

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၁၉

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ