Skip to main content

၁၉၆၀ ကျော်က မန္တလေး

တင်ထားတာတခု ဖတ်ပါတယ်။ 
ကျွန်တော် သိသလောက် မြန်မာပညာရှိကြီး ဆရာဦးဆန်းထွန်း အကြောင်း တစေ့တစောင်း (Blue Future)
စာရေးတာ သတ်ပုံ မှန်တယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဦးဆန်းထွန်း ဟောပြောတာ အနည်းဆုံး ၂ ခါ နားထောင်ဘူးသည်။ အာ၀ဇွန်း အလွန်ကောင်းသည်။ အပြောအဟော အလွန်ကောင်းသည်။ စာရေးတော့လည်း သတ်ပုံ မှန်သည်။ တဝမ်းပူကို မလိုအပ်ဘဲ စမသတ်ပါ။
ကျွန်တော်တို့ မန္တလေးဆေးကျောင်း တက်စဉ် (၁၉၆၅-၁၉၇၂) ကာလက မန္တလေးမှာ စာပေ၊ တေးဂီတနဲ့ အနုသုခုမပညာတွေ ထွန်းကားခဲ့တယ်။ သီတင်းကျွတ်တာနဲ့ ရာသီဥတုကလည်း ခြေခင်းလက်ခင်းသာပြီ။ စက်ဘီးတစီးနဲ့ လမ်းမတွေထွက်ပါတယ်။ လမ်းတလမ်းမှာ တီးဝိုင်းတခုခု ရှိနိုင်တယ်။ ဓမ္မာရုံတခုခုမှာ စာပေဟောပြောပွဲတခုခု ရှိနိုင်တယ်။ လမ်းမကြီးတခုခုမှာ အငြိမ့်ရှိနိုင်တယ်။
လူထုဦးလှ၊ ဆန်းထွန်း (မန်းတက္ကသိုလ်)၊ ဦးချမ်းမြ (မြကေတု)၊ ဦးကျော်ရင် စတဲ့ စာတတ် ပညာတတ်တွေ ပြောတာဟောတာ နားထောင်ဘူးတယ်။ 
မောင်သာနိုး၊ မောင်စွမ်းရည် စတဲ့ လူလတ်ပိုင်းစာရေးဆရာတွေ ပြောတာဟောတာတွေလည်း နားထောင်ဘူးတယ်။ 
လမင်းတရာ အငြိမ့်ကြည့်ဘူးတယ်။ မြို့မနဲ့ မိုးကေသီ တီးဝိုင်းတွေ နားထောင်ဘူးတယ်။
အဲဒီတုန်းက မြန်မာစာ လမင်းတရာ သာခဲ့တာ စစ်အစိုးရတွေတက်တော့ တိုင်းပြည်သာမက မြန်မာစာနဲ့ ပညာရပ်ဟူသမျှ လငပုပ်ဖမ်းပါတော့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ