၁။ စလုံး ဆလိမ် အသုံး၊ ယပင့် ရရစ် အသုံး၊ အရမ်းမှားကြတယ်ဆရာ။ ဥပမာ ဆုံကြရအောင်ဆိုတာကို ဆုံကျတို့၊ စုံကြတို့ပေါ့ဆရာ။ အတော်လွဲကြတယ်။ ခု ကျနော်ရေးနေတာတောင် မှန်ရဲ့လားမသိ။ (သွားနေကျ အစုံရ စားသောက်ဆိုင်မှာ လူစုံတက်စုံ ဆုံကြမယ်။)
၂။ မေးစရာလေးရှိ့လို့ပါ။ ဆရာက ဗဟုသုတဆုံတယ်လေ။ (စုံတယ်လေ)
စုံ
စုံကန်
စုံစုံညီညီ
စုံစုံလင်လင်
စုံစုံစေ့စေ့
စုံစမ်းသည်
စုံစီနဖာ
စုံတွဲသီချင်း
စုံပတတ်ပင်
စုံမြိုင်
စုံဘက်သည် (စုံဖက်သည်)
စုံမက်မြတ်နိုး
စုံမဝှက်သည်
စုံတောမြိုင်
စုံရေမက်ရေ
စွယ်စုံဆင်
စွယ်စုံကျော်ထင်ကျမ်း
ယမိုက်အစုံ
အင်္ဂါစုံ
အပြည့်အစုံ
နွားကြန်စုံ
နှစ်ခုတစုံ
ဆုံ
ကံဆုံသည်
ကဆုံပေါက်ပြေးပြီ
ငရုတ်ဆုံ၊
ဆုံကုန်းရွာ
ဆုံကျည်ပွေ့
ဆုံစည်းသည်
ဆုံဆို့နာ
ဆုံဆီ
ဆုံတားရွာ
ဆုံလည်ကုလားထိုင်
ဆီဆုံ
တင်ပါးဆုံ
မင်းကြီးကတော် ခင်ဆုံ
လက်ဆုံစားသည်
လမ်းဆုံလမ်းခွ
ဆေးဆုံ
တွေ့ဆုံသည်
ပေါင်းဆုံသည်
မောင်းဆုံ
ဆီဆုံပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment