Skip to main content

မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ

၁။ မင်္ဂလာပါ ဆရာ ဘဘ၊ အဘ၊ အဘိုး တွေက ဘယ်လို ကွာခြားတာပါသလဲ ဆရာ အတူတူပါပဲလားဆရာ အားမှဖြေပေးပါဆရာ ကျေးဇူးပါဗျ

၂။ ဆရာရှင့် ဘထွေး(ဒွေး) ကအမေ့ညီမ၏ ခင်ပွန်း(သို့) အဖေ့ညီ ကို ခေါ်ရတာလားရှင့်

ဘထွေးဆိုတာ ဦးကြီး၊ အဖေဘက် အမေဘက် ခေါ်ပါတယ်။ အမေ အဖေ ထက် အသက်ကြီးသူ။

၃။ ဆရာရှင့် အဖေ/ အမေထက် ကြီးသူကို ဘကြီး/ ဦးကြီး လို့ ခေါ်ပီး(ပြီး) အဖေ့ညီကို ဘထွေး(ဒွေး) လို့ ငယ်စဉ်က ခေါ်ခဲ့ရလို့ ဒေသအခေါ်အဝေါ်များ ကွဲတာလားရှင့်

၄။ အုန်းကြီး၊ အုန်းလေးက ဘာကိုဆိုလိုတာလဲဆရာ မသိလို့ပါ။

ဦးကြီး ဦးလေးတော်သူကို တချို့အရပ်တွေမှာ အုန်း၊ အုန်ကြီး၊ အုန်းလေး နဲ့ ခေါ်ကြတယ်။ တချို့ကလည်း အုန်းတလုံးတည်းခေါ်တယ်။

ကျွန်တော့ဇာတိရွာမှာလည်း ခေါ်တယ်။

သတ်ပုံကျမ်းတွေမှာ ရှာတော့ အခုထိ မတွေ့သေးပါ။ ဦးသာမြတ်ထဲမှာတော့ ဦးရီးလို့ပါတယ်။

အသံထွက်အရ အုန်း (အုံး) လို့ ခေါ်သလား မပြောတတ်ပါ။

၅။ ကျေးဇူးပါဆရာ အခုမှ ကြားဖူးလို့ပါ။ နောက်ပြီး ဘကြီးဆိုတာ အဖေ၊ အမေတွေရဲ့ အကိုတော်သူတွေကို ခေါ်ရတာမဟုတ်လားဆရာ။ အဲ့တာ မှန်လား မှားလားဆရာ။

အခေါ်တွေက တရပ်နဲ့ တရပ် မတူတတ်ပါ။ တကယ်တော့ ဘကြီးဆိုတာ အင်္ဂလိပ်လို ဂရင်းဖားသား၊ အမေ အဖေတယောက်ယောက်ရဲအဖေဖြစ်ပါတယ်။ ဦးကြီးဆိုတာ အမေ အဖေတယောက်ယောက်ရဲ့ အကိုတော်သူ

တချို့က အသက်အရွယ်သိပ်မကွာတဲ့ဦးလေးကို အကိုလို့ခေါ်တယ်။တချို့က အသက်အရွယ်သိပ်မကွာတဲ့ အဒေါ်(ဒေါ်လေး)ကို အမလို့ခေါ်ကြသေးတယ်။

ဆွေမျိုးအခေါ်တွေ တရပ်နဲ့ တရပ် မတူတတ်ပါ။ အများလက်ခံတဲ့ အသုံးစကားတွေ တင်ပြထားပြီးပြီ။

မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ ၁၉၇၇ ခုနှစ်မှာ စာပေဗိမာန်က ထုတ်တယ်။ စာရေးသူက မော်လမြိုင်ကောလိပ်၊ မြန်မာစာဌာနက မာလေး။ တအုပ်လုံး စာလုံးပေါင်းသတ်ပုံလည်း မှန်တယ်။ ဥပမာ တဦးနှင့်တဦးလို့ အခန်း (၁) မှာ ရေးပါတယ်။ ၁၉၇၇ မှာ မြန်မာစာအဖွဲ့နဲ့ စာပေစိစစ်ရေးက သတ်ပုံတွေကို ရန်မရှာသေးလို့ ထုတ်သမျှစာအုပ်တွေက သတ်ပုံမှန်တယ်။

မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ file:///C:/Users/drswe/Downloads/MarLay_Dictionary.pdf

မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ

၁၉၇၇ ခုနှစ်မှာ စာပေဗိမာန်က ထုတ်တယ်။ စာရေးသူက မော်လမြိုင်ကောလိပ်၊ မြန်မာစာဌာနက မာလေး။ တအုပ်လုံး စာလုံးပေါင်းသတ်ပုံလည်း မှန်တယ်။

နိုင်ငံတကာနှင့် ဆက်ဆံမှု တိုးတက်လာသော ယနေ့အချိန်တွင် ယဉ်ကျေးမှု ကူးလူး ယှက်နွယ်ခြင်းများကြောင့် တချို့ကိစ္စများတွင် အရိုးပေါ်အရွက်ဖုံးသည့်အခြေအနေများကိုတွေ့လာကြရပါသည်။ နိူင်ငံတကာ ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု အပေါ်မူတည်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ မှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန်အတွက် မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ အကြောင်း အနည်းငယ် တင်ပြလိုပါသည်။ မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများကိုလေ့လာကြည့်သောအခမိသားစုခြင်း ရိုသေလေးစားမှု၊ ချစ်ခင်ကြင်နာမှု ကို အခြေတည်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။ အရွယ်အကြီးအငယ်ကို လိုက်ပြီး မိကြီး၊ မိထွေး၊ ဘကြီး၊ ဘထွေး၊ ဟူ၍လည်းကောင်း မေတ္တာကို အခြေခံပြီး ဖိုး၊ ဖွား၊ သား၊ သမီး၊ ခင်ပွန်း၊ ခမည်း၊ ခဲအို၊ ခယ်မ၊ စသဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြပါသည်။

ဖိုး၊ ဖွား၊ တို့၏အထက် ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့သည့် သဘောဖြင့် ဘေး၊ ဘီ၊ ဘင်၊ ဟူ၍လည်းကောင်း သား၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့်သဘော၊ မြှေးကပ်တွယ်သည့် သဘောဖြင့် မြေး၊ မြစ်၊ တီ၊ ကျွတ်၊ တွတ်၊ ဟူ၍လည်းကောင်း ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။

မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော ကဝိလက္ခဏာဒီပနီကျမ်းတွင် မိမိအထကဆွေမျိုး ခုနှစ်ဆက်ကို အဖအဖိုးအဘေးအဘီအဘဲးအဘောအဘွေး ဟူ၍လည်းကောင်း မိမိအောက် ဆွေမျိုး ခုနှစ်ဆက်ကို သားမြေးမြစ်တီတွတ်ကျွတ်မျှော့ ဟူ၍လည်းကောင်း ဖေါ်ပြထားပါသည်။

အမိ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင် = တိုက်ရိုက် သွေးသား တော်စပ်ခြင်း(နှာသံ ဖြင့် ရွတ်ရသော နူတ်ခမ်းဗျည်း ကို အနိမ့်သက်သံ အိ ဖြင့် ပေါင်းစပ်ထားခြင်း)အဖ၊ အဖေ = ချစ်ခင် အားကိုး ပြုလောက်သူ = အကြီး အကဲ အချုပ်(နူတ်ခမ်းဌာန်ဖြစ် ရုန်းပွင့်ဗျည်း ပ ကို လေသံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည်)ဖိုး၊ အဖိုး = ခေါင်၊ အကြီး အမှုး = အဖိုးထိုက် အဖိုးတန်

အဖွား = အထူး ချစ်ခင်အပ်သူ = ကြီးမားသော(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)

သား = အသွေးအသား၊ ငယ်ရွယ်သူ

သမီး = ရင်သွေး၊ မိန်းကလေး (သား + မိ မှ လာသည်)

မြေး = ရှက်တွယ်၊ မြှေးကပ် သူ

မြစ် = အမြစ်တွယ် သည့် သဘော

တီ တွတ် မျှော့ = မပြုတ်အောင် တွယ်ကပ်သည့် သဘော

မိခင် နှင့် တော်စပ်သူများ

မိကြီး = အမိ ထက် ကြီးသူ၊ အမိ နှင့် မခြား ချစ်အပ်သူ(အဖေ့ အစ်ကို ဘကြီးဇနီး အဖြစ်လည်း သုံးသည်)မိထွေး = အမိ ထက်ငယ်သူ၊ အဖ ၏ နောက် ဇနီး

ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ(အဖေ့ အစ်ကို ဘကြီး ၏ ဇနီး၊ အဖေ့ နှမ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည်)

ဒွေးဒေါ်၊ ဒွေးလေးဒွေးကြီး = ကြီးမြတ်သူ အမေညီမအဖေညီဇနီး

ဒေါ်ကြီး၊ ဒေါ်လေး၊ အဒေါ် = ကြီးမြတ်သူ အမေ ၏ အစ်မ၊ အဖေ့ အစ်ကို ၏ ဇနီး

ဦးကြီး၊ ဦးရီး၊ ၀ရီး၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်း၀င်သော ကြီးမြတ်သူအမိ ၏ အစ်ကိုကြီး၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း

ဖခင် နှင့် တော်စပ် သူများ ဘကြီး၊ ဘထွေး = အဖ နှင့် မခြား ချစ်အပ်သူပထွေး = အမိ ၏ နောက်အိမ်ထောင်

အရီးကြီး၊ အရီးလတ်၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်း၀င်သော ကြီးမြတ်သူ အဖေ ၏ နှမ အကြီး+ အလတ် + အငယ် ၊ အမေ့မောင် ဦးလေး၏ ဇနီး

ညီ၊ ညီမ = တမိသားချင်း၊ မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ စွဲငြိ + ငြိတွယ် + ညီမျှ ခြင်း သဘော

နှမ = နှစ်သက်တွယ်တာ အပ်သောတမိပေါကသားချင်းများ အနက် ယောက်ျားလေးမှ မိမိအောက်ငယ်သော မိန်းကလေး အား ခေါ်ခြင်း

နောင်၊ နောင်ကြီး၊ နောင်ငယ် = ရှေကျသည့်သဘောတမိပေါကသားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း

မောင်၊ မောင်ကြီးမောင်ငယ် = အင်အားကြီးမားအားကိုးအားထားတမိပေါကသားချင်းများ အနက် မိန်းကလေးမှ မိမိအောက်ငယ်သော ယောက်ျားလေး အား ခေါ်ခြင်း

အစ်ကို၊ အစ်ညီ၊ အစ်မ = ပြည့်ပြည့် ၀၀၊ အားပြု လောက်သောတမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများ အား ခေါ်ခြင်း

၀မ်းကွဲ၊ တနို့ခြား = ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွားလာသူများ လက်ထပ်ထိမ်းမြား၍ တော်စပ်သူများ ခမီး (ခမည်း)၊ ခမက် = ဖခင်ရင်းကဲ့သို့ မြတ်နိူး ချစ်ခင်အပ်သူ၊ သား သမီးနှင့် စပ်ကာ ခင်မင်တွယ်တာရသူ(လင်မယား နှစ်ယောက်၏ အမိ အဖ အချင်းချင်း တော်စပ်ပုံ)

ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ (မယား ၏ ညီမ၊ ညီ ၏ မယား)

ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ (အမ ၏ ခင်ပွန်း၊ လင် ယောက်ျား ၏ အစ်ကို)

ခင်ပွန်း၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်း၀င်ရသူ

ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ

ခြွေးမ = အခြွေ အရံ ခြွေရွေ ၀န်းရံ =သားဖြစ်သူ၏ ဇနီး

တူ၊ တူမ = တူညီ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ)

မယား = စွဲယူ၊ စွဲမြဲ (စွဲမြဲ ထားသော မိန်းမ)

လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ

မရီး = = ပွန်းပွန်းတီးတီး ကျွမ်း၀င်အပ်သော အမျိုးသမီး (အကို ၏ ဇနီး၊ မယား ၏ အမ)

မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ (လင် ၏ ညီ၊ ညီမ ၏ လင်)

ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ (မယား+ လင် ၏ အမိအဖ)

ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ (မယား ၏ မောင်၊ နှမ ၏ လင်)

ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ (လင် ၏ နှမ၊ မောင် ၏ ဇနီး)

(ဆရာမ ဒေါ်မာလေး၏ မြန်မာဆွေမျိုးစပ် ဝေါဟာရများ စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည်။)

ဖြည့်စွက်ချက် -

ဘေဘေ၊ အဘေအမေ (ကဝိဓဇသတ်ပုံကျမ်း)

အခုခေတ်မှာ -

အမျိုးတစက်မှမတော်တဲ့ အမျိုးသားတဦးကို မြင်တာနဲ့ အဘ တဲ့။

ဖေ့စ်ဘွတ်ပေါ်လာတော့ လူမမြင်ရဘဲ အဘ တဲ့။

အဘဆိုတာ ကိုလိုနီခေတ်က သခင်ကြီးကို ပြောင်းခေါ်နေကြတာ

သူတို့ကိုယ်သူတို့ ဂုဏ်ဖေါ်ပြီး တချို့က ညမ တဲ့။ တချို့က ကျယ်မ တဲ့။

ချစ်စနိုးနဲ့ ကောင်လေး တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ