Skip to main content

ပဲ နဲ့ ဘဲ

- ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ
- ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။
အချက်အလက်နဲ့ စာလုံးပေါင်းသတ်ပုံမှားတဲ့ ပုံမှန်သမျှကို မတင်ပါ။ ဆေးအတုပါလို့ပြောပြီး တင်မိတိုင်း ဘယ်မှာဝယ်ရမလဲ၊ ဘယ်လောက်ပေးရမလဲ မေးတတ်ကြတယ်။
ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/09/blog-post_71.html
ပဲ ဘဲ ပဲ့ https://burmese-spelling.blogspot.com/2022/10/blog-post_331.html
မြန်မာစာကို ဓါတုဗေဒဖေါ်မြူလာတွေနဲ့ သင်တာ မမှန်ပါ https://burmese-spelling.blogspot.com/2022/11/blog-post_901.html
ဗေဒါလမ်း https://burmese-spelling.blogspot.com/2022/08/blog-post_253.html
ဗေဒါလမ်း (ရေး-ဇော်ဂျီ / ဆို - ကြည်ကြည်ဌေး) https://www.youtube.com/watch?v=TuSzYcskqt8
ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း
ဗေဒါလမ်း
ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။    ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
ချောင်းအစွယ် = မှား
ချောင်းအဆွယ် = မှန်
ပန်းပန်လျက်ဘဲ = မှန်။
ပန်းပန်လျက်ပဲ = ဘဲ ကို ပဲလို့ ပြောင်းရန် မလို။ မ နောက်က ဘဲ လိုက်ဆိုတဲ့ ဖေါ်မြူလာ မမှန်ပါ။ ပဲ နဲ့ ဘဲ ကို အဆင်ပြေသလို ရေးနိုင်တယ်။ ပုံသေကားကျ မလိုပါ။
ပန်းပန်လျှက်ဘဲ = မှား။ လျက် မှာ ဟထိုး မလိုပါ။
ပန်းပန်လျှက်ပဲ = နှစ်ခါပြန် မှားတယ်။
ပန်းပန်လျက်ပါ ရုပ်ရှင် = မှန်တယ်။
'ပန်ပန်လျက်ပဲ' ဆိုတာ 'ဆိတ်အုပ်ကဗျာ'။
'ဘဲအုပ်ကတစ်ရာနှစ်ရာ' ဆိုတာ 'ဂဏန်းသင်္ချာမသင်ဘူးတဲ့ ဘဲအုပ်ကဗျာ'။
၁။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။
၂။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။
၃။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ
၄။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင်
ဖဲ
ပိုးထည် ဖဲထည်
ပိုးဖဲကတ္တီပါ
ဖဲကြဉ်
ဖဲရိုက် 
ပိုးဖဲသားပြောင် ညအိပ်ဝမ်းဆက်
ပဲ 
နတ်ပဲ၊ 
ပဲကတ္တီပါ
ပဲကပ်ကြော်
ပဲကျပ်ပျဉ်
ပဲကျား
ပဲကြီးခွံတွန့်
ပဲခွပ်
ပဲခူးတိုင်း
ပဲငံပြာရည်
ပဲငါးပိ
ပဲစင်းငုံ
ပဲစိမ်းစားဥ
ပဲစုန်းပြူး
ပဲစောင်းလျား
ပဲဆန်
ပဲဆုပ်မုန့်
ပဲတင်းပဲကျေ
ပဲတီချဉ်
ပဲတောင့်ပြုတ်ငှက်
ပဲထွေး(ငှက်)
ပဲဒလက်
ပဲနံ့သာ
ပဲနပြား
ပဲပိစပ်
ပဲပုစွန်
ပဲပုပ်
ပဲယဉ်း
ပဲယွံ
ပဲလွမ်း
ပဲလိပ်
ပဲလေးညှင်း
ပဲသီတာနာ
ဖတ်ရုံပဲဖတ် မမှတ်၊
လူပဲ၊ 
ပဲ
- ပဲပင်၏ အစေ့။
-  ကျပ်၊ ပဲ၊ ပိုင် ပိုက်ဆံ။ ဗြိတိသျှခေတ် မြန်မာနိုင်ငံသုံး ငွေတကျပ်၏ ၁၆ ပုံ ၁ ပုံ တန်ဖိုးရှိသော ငွေ။
ရှေး မြန်မာနိုင်ငံသုံး ငွေတကျပ်၏ ၂၀ ပုံ ၁ ပုံ တန်ဖိုးရှိသော ငွေ။
အလေးချိတ် တကျပ်သား၏ ၁၆ ပုံ ၁ ပုံ အလေးချိန်။
- မူ၍။ (တားမြစ်စကားနှင့် တွဲ၍ မသွားပဲ၊ မလာပဲ စသည် သုံးလေ့ရှိသည်။) ငယ်လည်းငယ်ကိုယ်၊ ပျိုလည်းပျိုမြဲ၊ မအိုပဲလျှင်။
- ဆိုလိုရာ နာမ် သို့မဟုတ် နာမ်စားပုဒ်ကို အခြားနာမ် သို့မဟုတ် နာမ်စားပုဒ်မှ ခွဲခြား၍ အထူးသေချာ သီးသန့်ထင်ရှားအောင် ဖော်ပြရာ၌ နှုတ်ပြောအားဖြင့် သုံးသည့် စကားလုံး။ (ပင်လျှ၊ သာလျှင် စသည်နှင့် တူသည်။) ကျုပ်ပဲ သွားမယ်၊ တခြားသူ သွားစရာမလိုဘူး။
- ဆိုလိုရာ အပိုင်းအခြားကို ကန့်သတ် သတ်မှတ်ဖော်ပြရာ၌ နှုတ်အားဖြင့် သုံးသည့် စကားလုံး။ ကျွန်တော် စားရုံပဲ စားမယ်။
- သီးခြား ကြိယာသဘောဖြင့် ဖြစ်သည်ဟူသော အနာက်၌ ဖြစ်ကြိယာကို မြှုပ်ချန်၍ သုံးသော စကားလုံး။ (ပါပဲ၊ ပေပဲ စသည်ဖြင့်လည်း သုံးသည်။ ပေတည်းနှင့် အရတူသည်။ အလှူပေးသူဟာ ဒီပုဂ္ဂိုလ်ပဲ။
ဘဲ
ပန်းပန်လျက်ပါ ရုပ်ရှင် = မှန်။
ပန်းပန်လျက်ပဲ = မှား။ ဘဲ ကို ပဲလို့ ပြောင်းရန် မလို။ 
ပန်းပန်လျက်ဘဲ = မှန်။
ပန်းပန်လျှက်ပဲ = နှစ်ခါပြန် မှားတယ်။
ပန်းပန်လျှက်ဘဲ = မှား။ လျက် မှာ ဟထိုး မလိုပါ။
ဗေဒါလမ်းကဗျာနဲ့ သီချင်း တင်ထားကြတာတွေ အများကြီးထဲမှာ သတ်ပုံမှန်တာ အတော်ကို ရှားတယ်။
ဘဲကျားရိုက် (ပိန်းကျားရိုက်)
ဘဲစားဘဲချေ
ဘဲစာမြက်
ဘဲတောင် (ဗိသုကာသုံး)
ဘဲတောင် (ရက်ကန်းသုံး)
ဘဲမြီး ဆံတောက်
ဘဲဥ
မလုပ်ဘဲ မကိုင်ဘဲ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။  (ဇော်ဂျီ)
ပန်းပန်လျက်ပဲ လို့ရေးတာက "ဆိတ်အုပ်" ကဗျာ။ "တစ်အုပ်" ကလည်း များတယ်။ ကနေ့ခေတ်မြန်မာစာမှာ အဲဒီ ၂ အုပ်က ကြီးစိုး လွှမ်းမိုး နေရာယူထားတယ်။
ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား https://burmese-spelling.blogspot.com/2022/10/blog-post_208.html
မ နောက်က ဘဲ လိုက် ဖေါ်မြူလာ မမှန်ပါ။ စာဝေဟင်ထဲ၊ ငှက်နှယ်ဝဲ၊ ဘဲ ပဲ အထူး မည်သို့နည်း (ဒဂုန်ဦးစန်းငွေ)
ယောက်ျားများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ဘဲ။ ဆေးရုံမှာ ကြည့်ပါလား။ သတ္တိချင်းယှဉ်ရင် မိန်းမတွေကို တဝက်မမှီဘူး။ (မောင် ကိုကို နှင့် မြနန္ဒာ ၁ ကြည်အေး)
ကြည်အေးက ယောက်ျားများစွာဟာ ကလေးဆိုးကြီးတွေနဲ့ တူတာ အမှန်ပဲလို့ မရေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ