Skip to main content

အရမ်း

၁။ ဆရာ မြန်မာစကားမှာ အရမ်း ဆိုတဲ့ စကားလုံး / စကား ရှိပါသလား။ သမီးလည်း သေချာမသိပါ။ တစ်ခါ(တခါ)ကတော့ ဖတ်ဖူးတဲ့စာအုပ်ထဲမှာ အရမ်း ဆိုတဲ့စကားမရှိပါတဲ့။
ထမင်းအရမ်းစားတာပဲလို့ ပြောမည့်အစား ထမင်းသိပ်စားတာပဲ ထမင်းတွေ အင်မတန်စားတာပဲ ထမင်းတွေအလွန်စားတာပဲလို့ ပြောမှ မှန်မယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။
၂။ ဆရာ အရမ်း ရဲ့အဓိပ္ပါယ်က မြန်မာစာမှာ ရမ်းကားတာကလွဲပြီး တခြားရှိသေးလားခင်ဗျာ။ လက်ရှိလူတွေပြောနေတာ အထူးသဖြင့် Presenter တွေ၊ စင်ပေါ်တက်ပြောနေတာ၊ နားကြားပြင်းကပ်ရပါတယ်။ အရမ်း၊ ပေါ့နော်၊ ဒါ၊ ဟုတ်ကဲ့ပါ၊ ဒီအလုံးကြီးလေးလုံး ပတ်လည်ရိုက် အပ်ကြောင်းထပ်တတ်ရင် Presenter ဖြစ်နေပြီဆရာ။ ကျွန်တော်တော့ အရမ်း ကို ကောင်းတဲ့အသုံးအနှုန်းအဖြစ် ခံစားလို့မရဘူးဆရာ။ ဆရာ့အမြင်လေးသိပါရစေ။
အရမ်းက ဘန်းစကားဖြစ်လို့ မူရင်းဆိုလိုချက်နဲ့တော့ မညီပါ။ များတာ၊ ကဲတာကိုပြောလိုတာ ဖြစ်ပါမယ်။ ဘန်းစကားတွေက ပြောင်းတယ်။ တချို့စာလုံးတွေသာ ကြာကြာခံတယ်။ တချို့ ကျန်ရစ်တယ်။ တချို့ကတော့ ခဏနဲ့ပျောက်တယ်။ အရန်းလို့ရေးရင်တော့ ဆိုလိုချက် ပျက်တယ်။ မွင်းဂါး၊ မွန်ငါး၊ ပြောကျိတွေ မသုံးသလောက်နည်းလာပြီ။ ကျယ်မ ဖြစ်လာတယ်။ တချို့ဘန်းစကား ခေါ်ခေတ်သုံးတွေက ရိုင်းစိုင်းတယ်။ သူ့နေရာနဲ့သူဆိုရင် တော်သေးတယ်။ စင်ပေါ်ကနေပြောသူရဲ့အဆင့်အတန်း နိမ့်တယ်။ အွန်လိုင်းကြော်ငြာတွေမှာလည်း အဲလိုဘဲ။ ရောင်းကုန် ခပ်ညံ့ညံ့ကို ခပ်ညံ့ညံ့အသုံးစကားတွေနဲ့ ရောင်းနေကြတယ်။ ရောင်းရတယ်ထင်ပါတယ်။ ဝယ်ချင်သူတွေရဲ့ အဆင့်အတန်းနဲ့ညီလို့ ဖြစ်ပါတယ်။ 
၃။ မင်္ဂလာပါဆရာ ဗိုက်အရမ်းဆာတယ်။ အရမ်းဗိုက်ဆာတယ်။ ဘယ်အသုံးက မှန်တာပါလဲဆရာ။ ၂ခုစလုံးရော သုံးလို့ရလားဆရာ။  ကျေးဇူးပြု၍ ဖြေကြားပေးပါဦးဆရာ။
'အရမ်း' ဆိုတာ ကြိယာဝိသေသန။ 'ဆာတယ်' က ကြိယာ။ ဥပမာ -
'မြန်မြန်' ပြေးသည်။ 'အလွန်' သဘောကျသည်။ 'မတရား' ဆိုးဝါးသည်။
အဲဒါကြောင့် 'အရမ်း ဆာသည်' က မှန်ပါမယ်။
စကားပြောရာမှာတော့ ဆာလိုက်တာ အရမ်းဘဲ။ လှလိုက်တာ အလွန်ဘဲ စသဖြင့် ပြောကြတယ်။
ဗိုက်အရမ်းဆာတယ် နဲ့ အရမ်းဗိုက်ဆာတယ် နှစ်ခုလုံး မမှားပါ။
ဆာတယ်လို့ အသုံးများပေမယ့် တချို့က ဗိုက်ဆာတယ်လို့ ပြောကြတယ်။ အရမ်း ဝိသေသနက ဗိုက်ကို အထူးမပြုရ။ ဆာတာကိုသာ အထူးပြုရမယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) အရ -
အလွန် အဆင်းလှ၏။
အလွန်အကြူး မစားသုံးရာ။
အရမ်း နဲ့ မိုက်
၄။ “အရမ်း” ဆိုတဲ့ ကြိယာဝိသေသနကို ကောင်းတဲ့အဓိပ္ပာယ်ကို ပြောတဲ့ညွှန်းတဲ့အခါမှာ မသုံးရဘူးလို့လည်း ပြောတာကြားဖူးထားပါတယ်ဆရာ။ ဥပမာ - “အရမ်းကျေးဇူးတင်တယ်။” ဒီလိုမျိုးမှာ “အရမ်း”ဆိုတဲ့အသုံးကို မပြောရပါဘူးတဲ့ ဆရာ။ အကျိုးအကြောင်း ဆီလျော်ပါရဲ့လားဆရာ။
ဘန်းစကား၊ ခေတ်စကားတွေမှာ ထောက်ပြစရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ စကားလုံးကို၌က စံကိုက်ဝေါဟာရတွေ မဟုတ်ကြပါ။ သတ်ပုံကျမ်းတွေမှာ ပါခဲတယ်။
ဥပမာ 'မိုက်တယ်' ဆိုတာ မယဉ်ကျေးဘူးလို့ ပြောချင်တာမဟုတ်တဲ့သဘောလည်း သုံးကြတယ်။ "ဒီဇာတ်ကားက သိပ်မိုက်တာဘဲ"။ "ဒီဇာတ်လိုက်က အရမ်းမိုက်တယ်"။ 'ခပ်မိုက်မိုက်ဘဲ' ဆိုတာ လူရမ်းကားကို ဆိုလိုတာ ဟုတ်ချင်မှ ဟုတ်မယ်။ "မင်းက ဒီအဝတ်အစားနဲ့ မိုက်တယ်နော်'။
"အရမ်းလှတယ်" ဆိုတာ ဘန်းစကာအနေနဲ့တော့ ပြောလေ့ရှိကြတယ်။
'အရမ်း' ဆိုတာ ရမ်းကားတယ်လို့ ဆိုလိုတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။
အရန်းအတား = ကာဆီးစောင့်ရှောက် (ယခင်အသုံး)
အရမ်း = အလွန်အကဲ (ခေတ်သုံး)
ကျွန်တော်က အကုန်သိတာတော့ မဟုတ်။ မြန်မာစာပညာရှင်လည်း မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ