Skip to main content

သစ်နေဆဲ သမိုင်းမြင်ကွင်းတခု

ဒီပုံကို ရိုက်တာ မကြာသေးလို့ ထင်တယ်။ ပုံအတွက် ကျေးဇူး။
ကျွန်တော် ၅ တန်းကနေ ဆယ်တန်းအောင်တဲ့အထိ နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ ရွာကို အလည်ပြန်တယ်။ မွေးဇာတိရွာက ယမားချောင်းဘေး မြေနိမ့်ရာမှာရှိလို့ ၃ တောင်ထူးတာနဲ့ ရေထွက်တယ်။ ရေကလည်း အေးလို့ ကြည်လို့။ တအိမ်မှာ ရေတွင်း ၂ တွင်းစီရှိကြတယ်။ တတွင်းက ချိုးရေ သုံးရေ။ တတွင်းက အခင်းစိုက်ဘို့။
ချင်းတွင်းမြစ်ထဲကို တောင်ယမားနဲ့ မြောက်ယမား ယမားနှစ်ခု စီးဝင်ကြပါတယ်။ ယမားဆိုတာ မိုးရွာမှ ရေလာတာ။ မင်းရွာတောင်ဘက်မှာ တောင်ယမားချောင်းရှိတယ်။ တောင်ယမား တောင်ဘက်က မကွေးတိုင်း၊ မြိုင်နယ်။ ကျွန်တော့ရွာက စစ်ကိုင်းတိုင်း၊ ပုလဲနယ်။
မင်းရွာတောင်ဘက်မှာ ကျောက်တောင်ရွာရှိတယ်။ မြေအမြင့်မို့ ရေရှားလို့ ကျောက်တောင်ရွာသူတွေက ယမားထဲမှာ လက်ယက်တွင်းလေးတွေကိုလာပြီး ရေခပ်ကြရတယ်။
၂၀၁၈ ခုနှစ်နွေရာသီမှာ အလည်ပြန်တော့ လက်ယက်တွင်းလေးတွေ ရှာကြည့်မိသေးတယ်။
နှစ်ပေါင်း ၇၀ အတွင်း ဘာတွေ ပြောင်းလဲသွားသနည်း။ 
လက်ယက်တွင်းမှာ ရေလာခပ်သူတွေ အရင်က ပြာသိုအိုး ခေါ် မြေအိုးတွေကို သုံးကြရတယ်။ အခုတော့ မြေအိုးကနေ ပလပ်စတစ်ပုံးတွေအဖြစ် ပြောင်းတာ ထူးခြား တိုးတက်သည်။
ရေခပ်စရာအဖြစ် အုန်းခွံနဲ့လုပ်ထားပြီး လက်ကိုင်အဖြစ် ဝါးရိုး၊ သစ်သားရိုးတပ် သုံးကြရတယ်။ အုန်းမှုတ်ခွက် လို့ ခေါ်တယ်။ ခွက်လည်း တိုးတက်ပြောင်းလဲပြီ။ ပလပ်စတစ်ခွက်။
ယမားချောင်းများကား အထက်အညာမှာ မိုးရွာရင်တော့ ရေလာပါသေးသည်။
ရေလာခပ်သူများ သနပ်ခါးနှင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ