ဒီပုံကို ရိုက်တာ မကြာသေးလို့ ထင်တယ်။ ပုံအတွက် ကျေးဇူး။
ကျွန်တော် ၅ တန်းကနေ ဆယ်တန်းအောင်တဲ့အထိ နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ ရွာကို အလည်ပြန်တယ်။ မွေးဇာတိရွာက ယမားချောင်းဘေး မြေနိမ့်ရာမှာရှိလို့ ၃ တောင်ထူးတာနဲ့ ရေထွက်တယ်။ ရေကလည်း အေးလို့ ကြည်လို့။ တအိမ်မှာ ရေတွင်း ၂ တွင်းစီရှိကြတယ်။ တတွင်းက ချိုးရေ သုံးရေ။ တတွင်းက အခင်းစိုက်ဘို့။
ချင်းတွင်းမြစ်ထဲကို တောင်ယမားနဲ့ မြောက်ယမား ယမားနှစ်ခု စီးဝင်ကြပါတယ်။ ယမားဆိုတာ မိုးရွာမှ ရေလာတာ။ မင်းရွာတောင်ဘက်မှာ တောင်ယမားချောင်းရှိတယ်။ တောင်ယမား တောင်ဘက်က မကွေးတိုင်း၊ မြိုင်နယ်။ ကျွန်တော့ရွာက စစ်ကိုင်းတိုင်း၊ ပုလဲနယ်။
မင်းရွာတောင်ဘက်မှာ ကျောက်တောင်ရွာရှိတယ်။ မြေအမြင့်မို့ ရေရှားလို့ ကျောက်တောင်ရွာသူတွေက ယမားထဲမှာ လက်ယက်တွင်းလေးတွေကိုလာပြီး ရေခပ်ကြရတယ်။
၂၀၁၈ ခုနှစ်နွေရာသီမှာ အလည်ပြန်တော့ လက်ယက်တွင်းလေးတွေ ရှာကြည့်မိသေးတယ်။
နှစ်ပေါင်း ၇၀ အတွင်း ဘာတွေ ပြောင်းလဲသွားသနည်း။
လက်ယက်တွင်းမှာ ရေလာခပ်သူတွေ အရင်က ပြာသိုအိုး ခေါ် မြေအိုးတွေကို သုံးကြရတယ်။ အခုတော့ မြေအိုးကနေ ပလပ်စတစ်ပုံးတွေအဖြစ် ပြောင်းတာ ထူးခြား တိုးတက်သည်။
ရေခပ်စရာအဖြစ် အုန်းခွံနဲ့လုပ်ထားပြီး လက်ကိုင်အဖြစ် ဝါးရိုး၊ သစ်သားရိုးတပ် သုံးကြရတယ်။ အုန်းမှုတ်ခွက် လို့ ခေါ်တယ်။ ခွက်လည်း တိုးတက်ပြောင်းလဲပြီ။ ပလပ်စတစ်ခွက်။
ယမားချောင်းများကား အထက်အညာမှာ မိုးရွာရင်တော့ ရေလာပါသေးသည်။
ရေလာခပ်သူများ သနပ်ခါးနှင့်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment