Skip to main content

ကညာခင်ဆိုတဲ့စကားရယ် မှားမှားပါလိမ့်မဗျာ

၁။ ခင်ဗျာ ခဗျာ ခင်မျာ ခမျာ အမျိုးမျိုးတွေ့နေရတယ်

၂။ ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်ခင်မျ (ဆီသတ်လို့ ရေးရတယ်)

ခင်ဗျ လို့ရေးသလားလို့ဆရာ

၃။ ဆရာ ခင်ဗျာ၊ ခင်မြာ၊ ခင်မျာ ဘာကွာပြီး၊ ဘယ်လိုအဓိပ္ပါယ်လည်းမသိလို့ပါ ဟိုတနေ့ကမြာတာတွေ့မိသလိုပါရှင်။

၄။ ဆရာခင်မျာ ဒီစာမှာ ခင်မျာ လို့ ရေးထားတာ တွေ့ပါတယ်။ ခင်ဗျား တို့ ကျွန်တော် တို့ လို့ ရေးရင် မှန်သလား မှားသလား သိချင်ပါတယ် ခင်မျာ။ ဝါကျ အဆုံးမှာ ခင်များ လို့ရော (း) ထည့်သုံးပါသလား။ ခင်မျာ ပဲလား အသုံးအနှုန်း ယူဆပုံ နားလည်ချင်ပါတယ် ဆရာ

၅။ ဆရာခင်ဗျား ခင်ဗျ ခဗျာ ခင်ဗျာ။ ဘယ်လိုအမှန်သုံးရပါသလဲ။

၆။ ဆရာမင်္ဂလာပါ ခင်ညာ ကျွန်တော် ( - ) နောက်ဆုံးနှစ်ကပါ။ အသက် ၂ဝ၊ ယောက်ျားလေး။ 

ခင်ညာလို့ နှစ်ခါရေးတယ်။ တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တယ်။ ခင်ညာဆိုတာ ဇာတ်ထဲမှာ လူရွှင်တော်တွေ ရီစရာသဘောပြောတယ်။ ကလေးတွေ စကားမပီခင်မှာ ပြောတယ်။ ဆောရီး။

ခင်ဗျားလို့ပြောတာ ရေးတာ စံကိုက်သတ်ပုံဖြစ်နေပါပြီ။ အဓိပ္ပါယ်က ယောက်ျား၏ အယဉ်အကျေး ထူးသံ။ အရိုအသေ ပြန်ပြောသော ယောက်ျား အာလုပ်စကားဖြစ်တယ်။

ကင်းဝန်မင်းကြီး ရေးသားခဲ့တဲ့ မေတ္တာစာမှာ ခင်ဘုရားလို့ ပါကြောင်း သတ်ပုံကျမ်းတခုက ကိုးကားပါတယ်။ အရင်က ခင်ဘြားလို့လည်း ရေးခဲ့တယ်။

ယုဒသန်အဘိဓါန်မှာ Sir ကို ခင်ဘုရား၊ ရှင်၊ အရှင်လို့ဘာသာပြန်ထားတယ်။ အရှင်သခင်သဘော ဖြစ်ပါတယ်။

ဦးထွန်းငြိမ်း အဘိဓါန်မှာ Sir ကို ခင်ဗျားလို့ဘာသာပြန်ထားတယ်။

ခင်ဘြား (ခင်ဘုရား) လို့ ရှေးကသုံးခဲ့တယ်။

ဗျား

ခင်ဗျား

ခင်ဖြား (ခင်ဖရား)

ခင်ဗြား (ခင်ဗရား)

ခင်ဘြား (ခင်ဘုရား)

ဗျာ

ဗျာပါသောက

ဗျာများသည်

ဗျာနည်းသည်

ဗျာပါဒတရား

ကဗျာကရာ

ကဗျာလင်္ကာ

ကဗျာကသီ

ဗျာဒိတ်တော်

ဗျာပါဆံ

ဇရာဗျာဒိ

များ

များပြားသည်

များများစားစား

များစွာသော

များဗိုလ်လူ

အနည်းအများ

များလျားကျ

မြာ 

မြာ = အပျို၊ မိန်းမ၊ ရည်းစား

မြာပွေသူ

အိမ်မြာတိုင်

မြာတောရွာ

ငမြာကြီးရွာ

ငမြာကဆေး

ဆရာ မြသန်းတင့်က လမင်းကို ထရံပေါက်မှကြည့်ခြင်းထဲမှာ သည်လိုရေးထားတယ်။ ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။

ခေါ်ရင် ဗျာလို့ ထူးတယ်။ ခင်ဗျာလို့ ထူးတယ်။ စကားကိုအလွယ်ပြောရာကနေ ခင်မျာ ခင်မြာလို့လည်း အသံထွက်လာကြတာရှိတယ်။ ဗျာထူးလို့ရှိတယ်။ မောင်မောင်ခေါ်တုန်းက ဗျာမထူးဆိုတဲ့စကားရှိတယ်။

စကားအသုံးမှာ အခြေအနေအရ နည်းနည်းလွဲပြီး ပြောဆိုကြတာလည်းရှိမယ်။ စာရေးရင် ခင်ဗျား။ ခေါ်တာကို ထူးရင် ခင်မျာ ခင်ဗျာ ဗျာ စသည်။ ရယ်စရာသဘော ဗျာ ဗျ လို့လည်းရှိသေးတယ်။

ကျေးရွာဝါဒ 

ရေး - နန်းတော်ရှေ့ဆရာတင်

မောင်တို့ရွာကို ယောင်လို့တောင် မလာချင်ဘူးတဲ့ ကညာခင် ကညာခင်ဆိုတဲ့စကားရယ် မှားမှားပါလိမ့် မဗျာ။

Hi နော် သား သမီး အဘ (နေပြည်တော်ဝါဒ) အသုံးတွေဖြစ်လာတာ အလွန်စိတ်မကောင်းပါ။ 

ခင်ဗျား၊ ခင်ဗျ၊ ဆရာ၊ ခင်ဗျာ၊ ဗျ၊ ရှင်၊ ရှင့်၊ ကျွန်တော်၊ ကျနော်၊ ကျမ အသုံးတွေဟာ မြန်မာစကားမှာ အလွန်ယဉ်ကျေးပျူငှာတဲ့ အသုံးဖြစ်ပါတယ်။

https://www.youtube.com/watch?v=pInm2eZ253I

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ