Skip to main content

ကျနော်တွေးမိသလို ရေးပါမည် (၁၃၁)

ဝင်းအောင်ကြီး (မောင်အောင်မွန်)

လူ လူချင်း လူလိုမြင်၍ လူလိုနေခဲ့ရခြင်း

၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျနော်တို့အိပ်ရာက ထကြရပြီး အဖေက ရေနွေး ဆန်းလိုက်ဆပ်ပြာနှင့် ရေချိုးပေး၊ အင်္ကျီပုဆိုးသစ်ဝတ်ကြရ၏။ မှောင်နေသေးသော်လည်း လမ်းပေါ်မှာ လူတွေသွားလာနေကြပြီ။ “ကျိုက်ထီးရိုး ဘုရာဖူးများ အခမဲ့တည်းခိုဆောင်" မှာ ဗမက အဖွဲ့က သက်သတ်လွတ် ထမင်းကျွေးရာ လူကြီးများနှင့်အတူ ဝင်စားကြရ၏။ သူကြီးကတော် မမနွဲ့က အမိမြန်မာပြည် အဖြစ်ပြည်ထောင်စုအလံကိုင်၊ စည်တော်ရွမ်းကာ စည်းတန်းလှည့်လည်ရာ တရွာလုံးလိုက်ပါကြ၏။ ကျောင်းတက်ရသော်လည်း လွယ်အိပ်ယူမသွားရ၊ စာမသင်ရ၊ ဆရာကြီး ဦးအုန်းမောင်က လွတ်လပ်ရေးနေ့အကြောင်း ရှင်းပြသည်။ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာပြဆရာ ဦးဘရွှေပြောပြသည့် “အမေရိကန်နိုင်ငံမှာ ဆင်ရဲသား တောသား အီဗရာဟင် လင်ကွန်း သမတဖြစ်လာပုံ" ခေါင်းထဲစွဲနေ၏။ ကျောင်းဆင်း၍ မုန့်ဝယ်စားတော့ မုန့်သည်တွေက နေပါစေဆိုကာ ပိုက်ဆံမယူကြ၊ အံ့ကိုသြရော။ 

၁၉၅၃ ခု၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်တော့ ကိုယ်ပိုင်ပိုက်ဆံ ၂ ကျပ်။ ၃ မူးတပဲသာရှိ၊ မိဘကလည်း တပြားမှမကူနိုင်၊ MCFT ၏ဆင်းရဲနွမ်းပါးသူများ ပညာသင်နိုင်းရေး အထောက်အပံ့နှင့် ရန်ကုန်တက္ကသိုလ်တက်ဘွဲ့ရပြီး၊ ဆင်ရဲသား တောသား ဝင်းအောင်ကြီးလည်း အမေရိကန်ရောက်နေသည်မှာ နှစ် ၂၀ ကျော်နေပြီ။ 

အာဖရိကတိုက်က လူမည်းတွေကို ကျွန်လုပ်ထားသည်ကို၊ အီဗရာဟင် လင်ကွန်း သမတဖြစ်လာတော့ အဆုံးသတ်လိုက်သည်။ လူဖြူများနှင့် တန်းတူနေလာခဲ့ကြရာ ယခုအခါ လူမည်း အိုဘားမားသမတဖြစ်နေပြီ။ 

မြန်မာပြည်တွင် အရပ်သား ဦးထင်ကျော် သမတဖြစ်လာ၍ ပျော်နေကြသည်များကို မြင်ရတော့ ပထမဆုံး လွတ်လပ်ရေးနေ့က ပျော်ခဲ့ဖူးသည်ကို၊ အီဗဟရာဟင် လင်ကွန်းကို အားကျဖူးပုံ ပြန်သတိရမိ၏။ လူလူချင်း လူလိုမြင်သော အီဗဟရာဟင် လင်ကွန်းကြောင့် အမေရိကန် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာခဲ့၏။ သမတ ဦးထင်ကျော်မှာ ဆေးကြိမ်လုံးမရှိ၊ နတ်ရေကန်မရှိလို့ ခက်ချင်ခက်နေမည်။ သို့သော်လည်း လူလူချင်း လူလိုမြင်သောခေတ်က မြန်မာပြည်လည်း ထိပ်တန်းနိုင်ငံဖြစ်ခဲ့ဖူသည်ကို သတိရရင်း အားတက်မိကြောင်းပါ။

၂၀၁၆ ခု၊ မတ်လ ၃၀ ရက်။

မှတ်ချက် - မောင်အောင်မွန်သည် အဖြစ်မှန်တွေလည်းသိတော့ အမှန်တွေ ရေးပါသည်။ ထိုအထဲတွင် စာလုံးပေါင်းသတ်ပုံလည်း ပါသည်။ တရွာလုံး၊ ၃ မူးတပဲ၊ တပြားမှမကူနိုင်လို့ ရေးသည်။ လွယ်အိပ်ယူမသွားရကို လွယ်အိပ်မယူသွားရလို့ မရေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ