Skip to main content

ကျနော်တွေးမိသလို ရေးပါမည် (၁၃၁)

ဝင်းအောင်ကြီး (မောင်အောင်မွန်)

လူ လူချင်း လူလိုမြင်၍ လူလိုနေခဲ့ရခြင်း

၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျနော်တို့အိပ်ရာက ထကြရပြီး အဖေက ရေနွေး ဆန်းလိုက်ဆပ်ပြာနှင့် ရေချိုးပေး၊ အင်္ကျီပုဆိုးသစ်ဝတ်ကြရ၏။ မှောင်နေသေးသော်လည်း လမ်းပေါ်မှာ လူတွေသွားလာနေကြပြီ။ “ကျိုက်ထီးရိုး ဘုရာဖူးများ အခမဲ့တည်းခိုဆောင်" မှာ ဗမက အဖွဲ့က သက်သတ်လွတ် ထမင်းကျွေးရာ လူကြီးများနှင့်အတူ ဝင်စားကြရ၏။ သူကြီးကတော် မမနွဲ့က အမိမြန်မာပြည် အဖြစ်ပြည်ထောင်စုအလံကိုင်၊ စည်တော်ရွမ်းကာ စည်းတန်းလှည့်လည်ရာ တရွာလုံးလိုက်ပါကြ၏။ ကျောင်းတက်ရသော်လည်း လွယ်အိပ်ယူမသွားရ၊ စာမသင်ရ၊ ဆရာကြီး ဦးအုန်းမောင်က လွတ်လပ်ရေးနေ့အကြောင်း ရှင်းပြသည်။ စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာပြဆရာ ဦးဘရွှေပြောပြသည့် “အမေရိကန်နိုင်ငံမှာ ဆင်ရဲသား တောသား အီဗရာဟင် လင်ကွန်း သမတဖြစ်လာပုံ" ခေါင်းထဲစွဲနေ၏။ ကျောင်းဆင်း၍ မုန့်ဝယ်စားတော့ မုန့်သည်တွေက နေပါစေဆိုကာ ပိုက်ဆံမယူကြ၊ အံ့ကိုသြရော။ 

၁၉၅၃ ခု၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်တော့ ကိုယ်ပိုင်ပိုက်ဆံ ၂ ကျပ်။ ၃ မူးတပဲသာရှိ၊ မိဘကလည်း တပြားမှမကူနိုင်၊ MCFT ၏ဆင်းရဲနွမ်းပါးသူများ ပညာသင်နိုင်းရေး အထောက်အပံ့နှင့် ရန်ကုန်တက္ကသိုလ်တက်ဘွဲ့ရပြီး၊ ဆင်ရဲသား တောသား ဝင်းအောင်ကြီးလည်း အမေရိကန်ရောက်နေသည်မှာ နှစ် ၂၀ ကျော်နေပြီ။ 

အာဖရိကတိုက်က လူမည်းတွေကို ကျွန်လုပ်ထားသည်ကို၊ အီဗရာဟင် လင်ကွန်း သမတဖြစ်လာတော့ အဆုံးသတ်လိုက်သည်။ လူဖြူများနှင့် တန်းတူနေလာခဲ့ကြရာ ယခုအခါ လူမည်း အိုဘားမားသမတဖြစ်နေပြီ။ 

မြန်မာပြည်တွင် အရပ်သား ဦးထင်ကျော် သမတဖြစ်လာ၍ ပျော်နေကြသည်များကို မြင်ရတော့ ပထမဆုံး လွတ်လပ်ရေးနေ့က ပျော်ခဲ့ဖူးသည်ကို၊ အီဗဟရာဟင် လင်ကွန်းကို အားကျဖူးပုံ ပြန်သတိရမိ၏။ လူလူချင်း လူလိုမြင်သော အီဗဟရာဟင် လင်ကွန်းကြောင့် အမေရိကန် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာခဲ့၏။ သမတ ဦးထင်ကျော်မှာ ဆေးကြိမ်လုံးမရှိ၊ နတ်ရေကန်မရှိလို့ ခက်ချင်ခက်နေမည်။ သို့သော်လည်း လူလူချင်း လူလိုမြင်သောခေတ်က မြန်မာပြည်လည်း ထိပ်တန်းနိုင်ငံဖြစ်ခဲ့ဖူသည်ကို သတိရရင်း အားတက်မိကြောင်းပါ။

၂၀၁၆ ခု၊ မတ်လ ၃၀ ရက်။

မှတ်ချက် - မောင်အောင်မွန်သည် အဖြစ်မှန်တွေလည်းသိတော့ အမှန်တွေ ရေးပါသည်။ ထိုအထဲတွင် စာလုံးပေါင်းသတ်ပုံလည်း ပါသည်။ တရွာလုံး၊ ၃ မူးတပဲ၊ တပြားမှမကူနိုင်လို့ ရေးသည်။ လွယ်အိပ်ယူမသွားရကို လွယ်အိပ်မယူသွားရလို့ မရေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ