Skip to main content

Footprints and Caps အတိတ် ခြေရာတွေနဲ့ ခေါင်းဆောင်းစရာတွေ

ဆယ်တန်းအထိ စာအတူသင်ခဲ့တဲ့ သူငယ်ချင်းတယောက်က မောင့်ကျက်သရေခေါင်းပေါင်းပုံနဲ့ တင်ထားတယ်။ သူလည်း အိမ်တွင်းပြတိုက်မှာ ထားရတော့တဲ့ပုံဘဲ။ ရှေ့နေအလုပ် ဥပဒေအလုပ်တွေက နားရပြီ။

ကျွန်တော့အတိတ်မှာ ခြေရာတွေနဲ့အတူ ခေါင်းဆောင်းစရာတွေလည်း ပါတယ်။ လူရည်ချွန်ဦးထုပ် မဆောင်းရဘူးပါ။ ဆေးကျောင်းရောက်တော့ ခွဲခန်းမွေးခန်းတွေမှာ ခွဲစိတ်ခန်းသုံးကက်ပ် သုံးရတယ်။

ဖေါင်ကြီး သင်တန်း ၄ လတိတိ စစ်သုံးသံခမောက်နဲ့။

၁၉၉၀ တုန်းက နယ်တွေသွားတဲ့အခါ ဝါးခမောက်ဆောင်းဖြစ်တယ်။ တိုင်းပြည်ကနေ ထွက်ပြေးရတော့ လမ်းမှာ မန်းကီးကက်ပ် ဆောင်းရသေးတယ်။

တနေ့က အသက်သိပ်မကွာသူတယောက်ကို ပြောဖြစ်တယ်။ နံပြားဦးထုပ်ခေါ် ဂျင်းတဲလ်မင်းတွေလို ဦးထုပ် ပြားပြား မဆောင်းပါလို့။

ကျွန်တော်က ကက်ပ်ဦးထုပ်ဆောင်းတာ ဝါသနာ။ အခုဆို လေးငါးခြောက်လုံးရှိတယ်။ ဆောင်းတွင်းတိုင်းမှာ အိမ်ပြင်ထွက်တိုင်း ကက်ပ်ဦးထုပ်ဆောင်းတယ်။ ခေါင်းစွပ်ကို အလွန်အေးမှသာ သုံးတယ်။

၂၀၁၈ အလည်ပြန်စဉ်က တယောက်ကလက်ဆောင်ပေးလိုက်တဲ့ အဝတ်စနဲ့ချုပ်တဲ့ ဦးထုပ် ပျော့ပျော့လေးလည်း တခါခါ ဆောင်းပါတယ်။ မြို့နယ်ဆရာဝန်ဘဝ တင်းနစ်ရိုက်တုန်းက ဆောင်းခဲ့ဘူးတာမျိုး။

မြန်မာသဘာသာပြန်ဆရာလုပ်စဉ်က စပိန်စကားပြော ကျောင်းသူကျောင်းသားစုံတွဲကပေးတဲ့ အင်္ဂလိပ်လို ဒေါက်တင့် အမည်ပါ ကက်ပ်ဦးထုပ်လည်း တခါတခါဆောင်းဖြစ်တယ်။ ဆိုင်းဘုတ်နဲ့ ဦးထုပ်။

မောင့်ကျက်သရေခေါင်းပေါင်းဇာတာ ပါမလာ။ လွှတ်တော်အနားမကပ်ခဲ့ရပါ။ 

အနာဂတ်ကောင်းကင်မှာ အတိတ်ခြေရာ မင်နဲ့ရေးဘို့ရာ ကြိုးစားခဲ့တာ အတိတ်နံရံမှာ မှန်ဘောင်သွင်းစရာတွေ ရှိရှိလာတယ်။

နောက်တလှမ်းရွေ့တိုင်း ရပ်နေတဲ့အောက်မှာ ထင်ကျန်ရစ်တာ ကိုယ့်ခြေရာ။ တခါတခါ ဖေါ့နင်းထားလို့ မထင်မရှား။ ရွံ့ဗွက်ထဲအသွား ခြေမ ကုပ်ထားရတာမို့ အထင်းသား။ မြက်ပင်ကြား ကားဖိနပ်နဲ့သွား၊ ဆူးလေပင်ကြား ခုံဖိနပ်နဲ့ ကစား။ (ကားဖိနပ် = ကားတာယာကို ကြိုးလုပ်ထားတဲ့ ဖိနပ်)

ဆေးရုံ ဆေးခန်းတွေမှာ ကတ္တီပါသည်းကြိုးတပ် သားရေဖိနပ်။ သပ်သပ်စီးစရာ ခွဲစိတ်ခန်းထဲအဝင်မှာ အပြင်က စီးလာတာကို ချွတ်။ နံပတ်က ဘာဖြစ်ဖြစ်၊ အရောင်က ဘာနေနေ၊ အဆင်ပြေတယ်လို့သာ အောက်မေ့ရတယ်။

ဆရာဝန်အဖြစ်ကနေ နိုင်ငံရေးထဲအရောက် ဖိနပ်ပေါက်တယ်။ အသစ်စီးရတာမို့ပါ။ တခါတခါ ခြေဗလာ၊ တခါတလေမှာ ရှူးဖိနပ်ပါ။ နင်းစရာ ကြမ်းခင်း၊ ကွန်ကရစ်ခင်း၊ ကော်ဇောခင်း၊ မြက်ခင်း။ 

နိုင်ငံရေးသည်လည်း ဆေးမင်ရည်စုပ်ထိုး နောင်ပြင်ရန်ခက်သည့်အမျိုး။ 

နိုင်ငံရေးမြင်ကွင်းမှာ အရောင်ပြောင်းကြသူတွေ ရှိတယ်။ ကျွန်တော့မှာ စုစုပေါင်းတရံတည်းသာ၊ အတိတ်နံရံမှာ မှန်ဘောင်သွင်းစရာ မောင့်ကျက်သရေ မပါ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ