Skip to main content

A doctor who also writes (2) ဆေးပညာ-စာရေးသူ (၂)

တို့စာ တို့စကား တို့တိုင်းပြည် (အဆက်)

ရေးထားတာ ၂၀၁၁ ခုနှစ်က။ ဆေးစာတွေ ဘာသာပြန်ရတော့ ဘာသာပြန်စာအုပ်တွေ ငယ်ငယ်က စွဲခဲ့ဘူးတာ အမှတ်ရပါတယ်။ သူ့ခေတ်နဲ့သူ ကောင်းခဲ့ပါတယ်။ ရှားလော့ခ်ဟုမ်းစ်ဝတ္ထုတွေကနေ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်ကြီး ဦးစံရှားသာမက ကာတွန်း အောင်ရှိန်ရဲ့ ဦးရှံစားလည်း ရေပန်းစားခဲ့တယ်။

နိုင်ငံတိုင်းဟာ၊ တခြားယဉ်ကျေးမှုတွေ၊ တခြားစီးပွါးရေးတွေနဲ့ ဆက်စပ်နေတာကို အရင်ကလို တားထား၊ ပိတ်ထားလို့ မရနိုင်တော့ လောက်အောင်ခက်လာတယ်။ ဒီတော့ ကိုယ့်စကားမဟုတ်တာ အနည်းဆုံး တခုတော့ တတ်ဘို့လိုလာပြီ။ သိတဲ့အတိုင်း အင်္ဂလိပ်စာကအများသုံး။ ကျောင်းမှာသင်၊ ကျူရှင်တက်၊ ကိုယ်တိုင် လေ့လာမှု မပြုလို့ မရကြတော့ပါ။

နယ်ကျောင်းကနေ ဆယ်တန်းအောင်ခဲ့သူဆိုတော့ အင်္ဂလိပ်စာမတော်ဘူး။ ခေတ်က ကိုလိုနီခေတ် မဟုတ်တော့ပေမဲ့ ကျွန်စာဆန့်ကျင်ရေး လုပ်ခဲ့ကြသလို၊ ဗိုလ်ကျတဲ့သူတွေကို တော်လှန်ဘို့ ဗိုလ်စာကောင်းကောင်းတတ်အောင် လုပ်သူတွေလည်း ရှိခဲ့ပါတယ်။

လွတ်လပ်ပြီးမကြာခင် အင်္ဂလိပ်စာကို အားမပေးပြန်ဘူး။ ဘာလို့ အဲလိုလုပ်သလဲဆိုတာ လုပ်တဲ့သူတွေကနေပြောမှသာ မှန်ပါမယ်။ ခံရသူကပြောပါဆိုရင် ဆယ်တန်းမှာ သိပ္ပံ (၃) ဘာသာကို အင်္ဂလိပ်လိုသင်နေရတုန်းမှာ မြန်မာလိုသာ သင်စေဆိုတဲ့ အထက်အမိန့် လာတယ်။ ဆရာတွေကလဲ ဘီအက်စီဘွဲ့ရအောင် အင်္ဂလိပ်လို သင်လာခဲ့ကြရတယ်။ သင်္ချာ၊ ဓါတုဗေဒ နဲ့ ရူပဗေဒကို မြန်မာစာလိုစာအုပ်ကလည်း ထုတ်မလို့လုပ်တုံးရှိသေးတော့ မတော်တဲ့သူတွေ ပိုညံ့စေတဲ့ပေါ်လစီသာ ဖြစ်ခဲ့တာကို အချိန်ကသက်သေပြခဲ့တယ်။

အင်္ဂလိပ်လက်အောက်ခံခြင်းအတူတူ ကျွန်တော်တို့နိုင်ငံက ယဉ်ကျေးမှုကို နယ်မကျွံအောင် ထိန်းနိုင်ခဲ့တာတော့ အတော် ကောင်းပါတယ်။ ပညာအရာမှာတော့ အတော်ခြာခြာသာ လာတော့တယ်။ (မဆလ) ခေတ်မှာ အင်္ဂလိပ်လို ပြောစရာ နေရာမရှိ၊ စားစရာတို့ ဝတ်စရာတို့လိုဘဲ ဖတ်စရာကလဲ ရှားပါးပစ္စည်းဘဲ။

ကိုးတန်းမှာ ဦးပန်းရည်ဂဏန်းသင်္ချာကို သင်ရတယ်။ ဆရာကနေ သင်္ချာပုစ္ဆာတွေကို အတန်းသားတွေ လိုက်ကူးအောင် ရှေ့တန်းကထိုင်ရတဲ့သူ (အရပ် မရှည်သူမို့ပါ) ကို ဖတ်ပြဘို့ ခိုင်းတယ်။ ဇန္နဝါရီကိုအသံထွက်ရာမှာ ဂျန်နူဝါရီလို့ ထွက်မိတာ ဝိုင်းရီကြတယ်။ အသံထွက်မှန်အောင်ထွက်ရင် ကဲရဲ့ခံရတဲ့ခေတ်မှာ ကြာခဲ့ပါတယ်။

ဘာသာပြန်တာတွေမှာ မြန်မာမှု အတော်ပြုကြတာ သတိထားမိတယ်။ တိုင်းတပါး စာပေ-ယဉ်ကျေးမှုကို ပြောင်းယူတာက တမျိုးဖြစ်ပါတယ်။ ဂရိရှေးလက်ရာ Homer (ဟိုးမား) ရဲ့ မဟာကဗျာကြီးတွေထဲက Achilles (အာချီးလိစ်) တို့ Troy (ထရွိုင်) တို့ကို နားယဉ်ကြသူ အတော်များပါမယ်။ Iliad (အိလိယတ်) နဲ့ Odyssey (အိုဒက်ဆေး) ဆိုတဲ့ Epic (အိပစ်) တွေကနေ လာတာလို့တော့ သိတဲ့သူ သိပ်မများလောက်ပါ။

မြန်မာမှု ကောင်းကောင်းတော့ ပြုကြပါတယ်။ စာလုံးအထပ်တွေ ပါဠိတွေနဲ့ရေးတော့ ခန့်သလိုလို၊ နန်းဆန်သလိုလို ထင်ကြရတယ်။ ခုခေတ်မှာ သိပ်မကိုက်ဘူး ထင်ပါတယ်။ ပိုသိချင်၊ သုတေသနလုပ်ခြင်သူတွေအတွက် ခက်ပါမယ်။ စာအုပ်တွေမှာ အင်္ဂလိပ်လို စာလုံးပေါင်းပါ ထည့်ရေး၊ ထည့်ရိုက်လာတာ သိပ်မကြာလှသေးဘူး။ ကောင်းတယ် ထင်ပါတယ်။ စာစီစာရိုက် စာလုံးပေါင်း မှားတာတော့ ဆိုးတယ်။

အိန္ဒိယက Mahabharata မဟာဘာရတ္တ (မဟာဘာရတ) ဆိုတဲ့ ရှေးအကျဆုံး Sanskrit သင်္သကရိုက် (သက္ကတ) ရှေးဟောင်းဘာသာစကားနဲ့ ရေးထားခဲ့တဲ့ Epic ကဗျာမော်ကွန်းရှည်ကြီးကို ရာမယဏဆိုပြီး မြန်မာမှု ပြုတယ်။ စာပေ-အနုပညာအရာမှာ အတော်ကိုကောင်းပါတယ်။ ကြာတော့ နန်းတွင်းရာမဇာတ်တော်ကြီးလို့ ထင်မှတ်လာခဲ့ကြတယ်။ သူများဟာကို ကိုယ်ပိုင်ထင်တာမျိုး တခြားမှာသွားပြောမိရင် ရှက်စရာကြီး။

ခုခေတ်မှာ ကိုယ့်နိုင်ငံကနေ အပြင်ထွက်နေသူ၊ အလုပ်သွားလုပ်သူ သန်းဂဏန်း မနည်းတော့ပါ။ အနည်းဆုံး Bodh Gaya (Bodhgaya) ဗုဒ္ဓဂါယာ ဘုရားဖူးထွက်သူတွေ အများကြီးပါ။ ဘုရားပွင့်တော်မူရာမှာ Buddan Saranan Gachchami ကို ဗုဒ္ဓံ သရနံ ဂစာ္ဆမိလို့ အသံမထွက်တာ သိကြမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ပါဠိတော် အမြစ် ကောင်းကောင်း၊ ကျကျနန တွယ်နေတာ ကြာပါပြီ။ မှန်တာ၊ ကောင်းတာကို ဆွေးနွေးနိုင်သူတော့ မဟုတ်ပါ။ ဒါပေမဲ့ သူများတွေ ဘာသုံးနေကြသလဲအထိတော့ သိကြဘို့ လိုသလားလို့ပါ။

တိုင်းပြည်၊ နေရာ၊ လူနာမည်တွေကို အသံထွက်ရင် မူရင်းအတိုင်းဖြစ်နိုင်လေ ကောင်းလေထင်ပါတယ်။ မိတ်ဆွေထဲမှာ ဦးဗိုလ် နဲ့ ဦးဘို နှစ်ဦးရှိတယ်။ စာလုံးပေါင်း မှားရေး၊ မှားရိုက်ရင် မကြိုက်ဘူး။ မှားတဲ့သူမှာ အပြစ်မလွတ်ပါ။

အထက်ကလို ကွင်းစကွင်းပိတ်နဲ့ ရေးရတာမျိုး၊ မူကွဲတွေ မနည်းပါ။ ဘယ်ဟာမှန်သလဲ စွယ်စုံကျမ်း၊ အဘိဓာန်တွေ လှန်ရပါတယ်။ အစိုးရက ဦးစီးထုတ်တာတွေကို အမှန်ယူမလား။ အစိုးရမတူရင် သတ်ပုံပါပြင်တာ တခြားဘယ်နိုင်ငံတွေမှာ ရှိပါသလဲ။ လွတ်လပ်ရေးရပြီးနောက်ထုတ်တဲ့ မြန်မာ့ စွယ်စုံကျမ်းမှာ ပိုးထိသည့်နေရာ အထက်နားတွင် ကြိုးတချောင်းဖြင့် တင်းကျပ်စွာ စည်းပေးရသည်လို့ ရိုက်ထားတယ်။ နောက်ပေါ် မြန်မာအဘိဓာန်က ကြိုးတစ်ချောင်းလို့ရေးထားတယ်။

(မဆလ) ကနေ အင်္ဂလိပ်စာကိုညံ့စေခဲ့ပြီး၊ စစ်အစိုးရနှစ်ဆက်က အဲဒါကိုအမွေဆက်ခံရုံသာမကသေးဘဲ မြန်မာစာ သတ်ပုံတွေကို ခက်ကုန်စေခဲ့ပါတယ်။ ဆေးပညာစာရေးသူ ဘယ်ဟာယူရမလဲ။ နောက်လူ မှားမှား၊ အရင်လူ မှန်မှန် မြွေဆိပ်အထက်မဆန်ဖို့က အရေးကြီးပါတယ်။ တကို မလိုအပ်ပဲ တစ်လုပ်တာကြောင့် မြွေဆိပ်ပြန့်နိုင်တယ်။ တစ်သတ်ပုံဟာ မြွေဆိပ်လိုပဲ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ