(ကန်တော့)
- ကျောင်းပြန်တတ်(တက်)တဲ့ ရက်မှာ
- ထမိန်တောင် မဝတ် “တက်” လို့ - မဝတ် “တတ်” လို့ ရေးရတယ်။
- "ပွဲတတ်ဝတ်စုံ" - "ပွဲတက်ဝတ်စုံ" လို့ ရေးရတယ်။
- ဆရာအောင်သင်းက ဤသို့ဆို ငယ်ငယ်မှာ စန်းပွင့်လွန်းရင် လှရင် စန်းပွင့်စမြဲပေါ့။ ဒါပေမယ့် ငယ်ငယ်မှာ‘စန်းပွင့်’ လွန်းရင် ဘ၀မှာ လာဘ်တိတ်သွားတက်တာကို သတိပြုသင့်တယ်။
ပြင်ပါမည်။ လာဘ်တိတ်သွား"တတ်"တာကို သတိပြုသင့်တယ်။
- ခွေး ကိုက်တတ်သည်။ မျောက် သစ်ပင်တက်တတ်သည်။
- ကျောင်းသားတွေ အတန်းတက်ကြသော်လည်း တချို့သာ စာကိုမှန်အောင်ရေးတတ်ကြသည်။
- စာရေးဆရာတွေ၊ ကဗျာဆရာတွေနှင့် ကျောင်းဆရာတွေလည်း ထိုသို့သာ ဖြစ်ပါသည်။
- ဖြစ်တက်(ဖြစ်တတ်) ပါတယ်အားတင်းထားပါ
- Chinese ဘာသာစကား အိမ်အရောက်လာရောက်သင်ကြားပေးတယ်ရှင့် အိမ်မှာလာသင်လဲရတယ်ရှင့် စာရေးတက်(တတ်) ဖတ်တက်(တတ်) ချင်လား အပြောပဲတက်(တတ်)ချင်သလား
- The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)
- ကင်ဆာရောဂါက ကူးတက်(ကူးတတ်)လား ဘယ်လို့မျိုးဆို့ကူးတက်(ကူးတတ်)လဲး(လဲ)
- ခွေးကိုက်တတ်သည်။ ခွေးသည် စာမတတ်။ အိမ်ပေါ်ခွေးတက်နေသည်။
- ဆရာ (တက်) နဲ့ (တတ်) ကဘယ်နေရာမှာ ဘယ်ဟာကိုသုံးသလဲ ကွဲကွဲပြားပြားမသိလို့ပါဆရာ။ တခါက ဆရာမတယောက် ပြောဖူးတယ် အမြင့်ကို တက်တာကလွဲလို့ကျန်တဲ့ တတ်ကိုပဲ သုံးတယ်ဆို ဟုတ်ပါသလားဆရာ။
- ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
- ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)
- ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)
- ဆရာ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
- ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲ ရွာချနေပါစေတပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတက်(တတ်)မှ ပညာရမှာပဲ ဖြစ်ပါတယ်။
- ဆရာရှင့် ကလေးက ၇ နှစ်ခွဲပါ သွားမကျိုးသေးပဲ ကြီးသွား ကြိုပေါက်နေလို့ပါ ဘယ်လို လုပ်သင့်ပါသလဲ ၁၂ နှစ်အောက် ခလေး ထုံဆေးပေးရင် ကြီးရင် ထုံနာကျင်နာ ဖြစ်တက်(ဖြစ်တတ်)တယ်ဆိုတာ ဟုတ်ပါသလား
- ဆရာရှင့် ကိုဗစ် နောက်ဆက်တွဲအနေနဲ့ သွေးပြစ် သွေးခဲ ခြင်းတွေ ဖြစ်တက် (ဖြစ်တတ်) တယ်လို့ သိရပါတယ် အဲ့လို သွေးပြစ်သွေးခဲတာကို ဘယ်လို အချက်တွေနဲ့ သိနိုင်ပါသလဲရှင့် အဲ့လို ဖြစ်တာကိုကော ကြိုတင်ကာကွယ်လို့ ရပါသလားရှင့်
- ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၁၅ ပတ်မှာ သွေးဆင်းပါတယ်ဆရာ။ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တယ် အချင်းလည်း ပုံမှန်လို့တော့ ပြောပါတယ်ဆရာ။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ စိုးရိမ်ရလား။ ဘာဖြစ်တက်လဲ ) (ဘာဖြစ်တတ်လဲ) ဆိုတာ သိချင်ပါတယ်ဆရာ။
- ဆရာသေခြာ (သေချာစွာဖတ်ပါတယ် မသုံးတက် (မသုံးတတ်) လို့ပါခင်ဗျာ။
- ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဖြစ်သွားတတ်သည် လို့ ရေးရတယ်။)
- ညောင်းကိုက်မောပန်းတက်(တတ်)လို့ပါ
- တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ် ဆရာ။ ဆရာအချိန် ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။
- ဓာတ်မကင်ရသေးပါ ကီမို ၁ကြိမ်သွင်းရင် ဆေးရုံ ၅ရက်တတ်(တက်) ရမယ်ဆိုလို့ ကီမိုက အနည်းဆုံး ၆ကြိမ်သွင်းရမှာဆိုတော့ ဆေးရုံက ၃၀ရက်တောင်တတ်(တက်)စရာ လိုလို့လားဗျာ။ ခုတောင် ခွဲစိတ်ပြီးဆေးရုံ ၁ပတ်တတ်(တက်)ပြီး
- ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)
- ပွဲတတ်ဝတ်စုံ ချူပ်ပုံလေးများ (ပွဲတက်)
- ပွဲတတ်ဝတ်စုံများ (ပွဲတက်)
- ပိုက်ဆံမတက်နိုင်တော့လို့ လက်မှတ်ထိုးဆင်းပြန်ရင်လဲ
- ဘလော့ကိုဝင်မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ။
- မင်္ဂလာပါဆရာရှင့် ဟင်းချက်တဲ့အထဲထည့်တာ ဆေးဖက်ဝင်ရန်သုံးစွဲတဲ့ဂျင်းတတ်(ဂျင်းတက်)က စာနဲ့ရေးရင်ချင်းလား ဂျင်းလားရှင့်
- မင်္ဂလာပါရှင် စာလုံးပေါင်းသတ်ပုံမေးချင်လိုပါရှင် ခွေးကိုက်တက်သည် ခွေးကိုက်တတ်သည် ဘယ်ဒါက(ဘယ်ဟာက) အဖြေမှန်ပါလဲရှင့် ကနဲ့သတ်တာလား တနဲ့သတ်တာလားရှင့်
- မနေ့ကတော့ (- ) ရဲ့ ဘွဲ့နှင်းသဘင် တတ်(တက်) ဖြစ်တယ်။
- မန္တလေးမှာသာ ကြားရလေ့ရှိပြီး မန်းသူ မန်းသားတွေသာ သုံးတက်(သုံးတတ်)တဲ့ ထူးခြားတဲ့ အသုံးအနှုန်း (၁၀) ခွန်း
- မန်းလေးမှာလေး ရင်သားကင်ဆာစစ်ဖို့ဆွေးနွေးဖို့ရာ ဘယ်ဆရာဝန်ကောင်းလဲရှင် (စျေးလဲအရမ်းမများတာလေးပေါ့ ဘယ်မှလဲမသွားမလာတက်(တတ်) လို့ပါ ရောက်တာမကြာသေးလို့ပါရှင်)
- မြန်မာပွဲတတ် ဝတ်စုံလေးများ (ပွဲတက်)
- မွေးပြီးနာရီဝက်ဆို ကလေးက အချိုဓာက် ကျတက် (ကျတတ်) တယ်လို့ စာထဲမှာဖတ်ရလို့ပါဆရာ အဒါလေး ဖြေပေးစေချင်ပါတယ်ရှင့်။
- ယိုးဒယားလက်ရက်ချည် ဇင်းမယ်ပွဲတတ်(ပွဲတက်)ဝတ်စုံလေးပါရှင့်
- ရင်သားကင်ဆာကို ဆေးအကုန်သွင်းပြီး ၂လအကြာ လက်ချောင်းတွေထုံနေလို့ဘာဖြစ်တတ်လည်းရှင် (ဘာဖြစ်တာလဲလို့ ရေးရ။ ဒါမှမဟုတ် အဲလိုဖြစ်တတ်သလားလို့ ရေးရ။ ဖြစ်တက်ဆိုရင် မှားတယ်။ ဖြစ်တပ်လည်း မှားတယ်။)
- ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်(ဖြစ်)တက်(တတ်)ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့်
- ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်တက်ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့် (ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဘာဖြစ်တတ်သလဲလို့ ရေးရ။)
- ရှယ်ငပိကြော် ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုး စားရတက်(တတ်) ပါတယ်
- လမ်းခရီးကတော့ တစ်တောင်(တတောင်)ပြီး တစ်တောင်(တတောင်) တတ်(တက် )နေရသလိုပါပဲ
- လူငယ်တွေ တက်(တတ်) နိုင်တဲ့ဘက်က တိုက်ပွဲဝင်ပေးကြစို့ ပုံထဲကစာမှာ တတ် နဲ့ တက် မှားနေတယ်။
- ဝင်ကြည့်တက် (ဝင်ကြည့်တတ်) သွားပါပြီ။
- သတို့သမီးလေးတွေ ညဘက်ပွဲတတ်ဝတ်စုံကို ဘာဝတ်ကျမလဲ (ပွဲတက်)
- သမီး မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက် (ကူးစက်စေတတ်) သောလား။ ဘလော့ကို ဝင်မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ။ ဝင်ကြည့်တက် (ဝင်ကြည့်တတ်) သွားပါပြီ။
- သမီး အသက် ၂၇ ပါ အကြောအရမ်းတက်တတ်ပြီး နေ့ရက်တိုင်း ဘာမှ မလုပ်ချင်သလိုဖြစ်ပြီး ပင်ပန်းနေသလိုခံစားရပါတယ်ဆရာ အစားလည်းပုံမှန်စားပြီး အိပ်တာတော့ တခါတလေ နောက်ကျတတ်ပါတယ်ဆရာ ကွန်ပြူတာလည်းနေ့စဉ်သုံးရပါတယ်ဆရာ တခါတလေတော့ အပြင်တွေပတ်ရလို့ မသုံးရပါဘူးဆရာ သမီးအလုပ်က Marketing အလုပ်ပါဆရာ မျက်မှန်က power နဲ့ 7 ရှိပါတယ် အကျင့်ပါမှာစိုးလို့ လိုအပ်မှပဲ တက် (တပ်) ပါတယ်ရှင်
- သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ ဘာဖြစ်တက် (ဖြစ်တတ်) လဲဆိုတာ သိချင်ပါတယ်ဆရာ။
- အကယ်ဒမီပွဲတတ်ဖက်ရှင်များ (ပွဲတက်)
- အကယ်ဒမီပွဲတတ်ဝတ်စုံကို သီချင်းလေးနဲ့ပြောပြလိုက်တဲ့ သက်မွန်မြင့် (ပွဲတက်)
- အခုဖြစ်တာက အူအတတ်(အူအတက်)ယောင်(ရောင်) ရင်နာတဲ့နေရာနားလောက်က စူးပြီးနာလာပါတယ်။ အူအတတ် (အူအတက်)
- အခုဖြစ်တာက အူအတတ်(အူအတက်)ယောင်(ရောင်) ရင်နာတဲ့နေရာနားလောက်က စူးပြီးနာလာပါတယ်။ အူအတတ် (အူအတက်)
- အင်္ဂလိပ်စာသင်ပေးတဲ့ ဗီဒီယိုလင့်တခုကို အမှတ်မထင် ဖတ်မိပါတယ်။ ကုန်းဆင်းတတ်သူလို့ရေးတာကို သိပ်နားမရှင်းတာနဲ့ လင့်ကိုပါ ဖွင့်နားထောင်တယ်။ ကုန်းအဆင်းကိုသာ လိုက်တဲ့သူလို မဖြစ်စေနဲ့လို့ ပညာပေးစာလုံးဖြစ်တာ သိလာတယ်။ ကုန်းဆင်းကို မတက်ရ၊ ဆင်းရတယ်လို့ စဉ်းစားမိပြီး၊ တတ် နဲ့ တက် သတ်ပုံကိုပါ တွေးမိစေတယ်။ အဆင်းချည်းသာ မဆင်းပါနဲ့ ကိုယ်ကတတ်နိုင်ရင် အတက်ကိုပါ လုပ်ဆောင်ပါလို့ ဆိုချင်တာ ထင်ပါတယ်။
- အဆုတ်ကင်ဆာဖြစ်နေပြီး ကုသဖို့အတွက် ပိုက်ဆံမတက်(တတ် )နိုင်တဲ့သူမို့လို့ပါ ကူညီစုံစမ်းပေးတာပါရှင့်
- အတက်ပညာ(အတတ်ပညာ)ခြင်း တူသော်လည်း အသိပညာခြင်းကွာတယ်
- အုဝဲရဲ့ ပွဲတတ်ဖက်ရှင် (ပွဲတက်)
- အူအ(တက်)ရောင်သဖြင့် ဆေးရုံ(တက်)လိုက်ရပါသည်။ ဘယ်တော့ဆင်းရမလဲ မပြော(တတ်)သေးပါ။ မိတ်ဆွေများက (တတ်) အားသ၍ ကူညီကြပါသည်။ ကျေးဇူးတင်ပါသည်။
- အူအ(တက်)ရောင်သဖြင့် ဆေးရုံ(တက်)လိုက်ရပါသည်။ ဘယ်တော့ဆင်းရမလဲ မပြော(တတ်)သေးပါ။ မိတ်ဆွေများက (တတ်) အားသ၍ ကူညီကြပါသည်။ ကျေးဇူးတင်ပါသည်။
- အောင်မြင်သူ - ပျိုမေလေးများအတွက် ပွဲတတ်ဝတ်စုံလှလှလေး (ပွဲတက်)
တတ်
ကြည့်တတ် မကြည့်တတ်
ကောင်းအောင် လုပ်တတ်သလား
ဆေးပညာအတတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့ လုပ်ပါ
တတ်တိုင်း ပညာပြနေသည်
တတ်တိုင်း မကြွားသင့်
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
တတ်ပွန်
တတ်မြောက်ပြီ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်သိလိမ္မ ာ
ပညာတတ်
ပြောတတ်ဆိုတတ်
ပုတတ်ကောင်
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
ဖွတ်ပတတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
လုပ်တတ် ကိုင်တတ်
လုပ်တတ် မလုပ်တတ်
သမားဟူးရားအတတ်
သေလုမတတ်
အတတ်ပညာ ရှာမှီးပါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်
တက်
ကျော်တက်သည်
ကုန်ဈေးနှုန်းတွေ တက်နေသည်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း လေ့လာသူ
တက်ခပ်သည်
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား
တက်ခေါက်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တတ် နဲ့ တက် မှားရေးသူတွေ အများကြီး။ ခုခေတ် တက္ကသိုလ်တွေကလည်း တစ်ကသိုလ်တွေဖြစ်နေကြတယ်။ မြန်မာစာ အတန်းမတက်ကြသေး။
တနှစ်တတန်း တက်တဲ့ကျောင်းသား
ဒေါသဖြင့် တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
မတုန်တက်သေး
လှေတက် တစုံယူခဲ့ပါ
လူ့သက်တမ်း
အတက် (ဝက်ရူးပြန်) ရောဂါ
ပွဲတက် ကို ပွဲတတ် လို့ရေးသည်များသည်။ အတန်းတွေ 'တက်' သော်လည်း စာမှန်အောင်မရေး 'တတ်' သူက များလှသည်။
ရောဂါရနေသော တတ် နှင့် တက် https://burmese-spelling.blogspot.com/2022/08/blog-post_655.html
တတ် နှင့် တက် https://burmese-spelling.blogspot.com/2022/08/blog-post_414.html
ကုန်းဆင်းကို မတက်ရ https://burmese-spelling.blogspot.com/2022/09/blog-post_230.html
တက် တတ် တပ် https://burmese-spelling.blogspot.com/2022/08/blog-post_689.html
Thu Zar Aye April
စာကြောင်းရေ (၁၃) မှာ အိမ်မှာလာသင်လဲ(❌)
လည်း ✔️
စာကြောင်းရေ(၂၀)မှာ ကျနော်(လဲ❌ ) (လည်း ✔️)
ခြွင်းချက် (ကျွန်တော်✔️)
စာကြောင်းရေ (၄၆)မှာ ခလေးထုံဆေးပေးရန် (ကလေး✔️)
စာကြောင်းရေ (၇၅) လက်မှတ်ထိုးဆင်းပြန်ရင်လဲ
(လည်း ✔️)
စာကြောင်းရေ (၇၇) ဆေးဖက်ဝင် (ဆေးဘက်ဝင်)
စာကြောင်းရေ (၈၈) ဘယ်မှလဲမသွားမလာတတ်
(ဘယ်မှလည်း✔️)
စာကြောင်းရေ (၉၁) အချိုဓါက် (ဓါတ်✔️)
စာကြောင်းရေ (၉၂) အဒါလေး (အဲ့ဒါလေး✔️)
စာကြောင်းရေ (၁၀၀) ရင်သားဖြတ်ထားသောဖက်မှ
(ဘက်မှ ✔️)
စာကြောင်းရေ (၁၀၂) ဆေးနဲ့ဓါတ်လဲ (လည်း✔️)
စာကြောင်းရေ (၁၁၂) ပွဲတက်ဝတ်စုံကို ဘာဝတ်ကျမလဲ
(ဘာဝတ်ကြမလဲ✔️)
ဒေါက်တာတင့်ဆွေ


Comments
Post a Comment