Skip to main content

A Poem ကဗျာတပုဒ်

ရှယ်လီရဲ့ကဗျာတွေကို ကြိမ်ဖန်များစွာ ပြန်ထုတ်ကြပေမဲ့ မူရင်းကဗျာပါ စပယ်လင် မပြင်ပါ။
မြန်မာလိုရေးတဲ့ ကဗျာတွေကို ပြန်ထုတ်ရင် မှားအောင်သာပြင်ထုတ်ကြတယ်။ ဒီလိုပုံနဲ့ စာလုံးပေါင်းသတ်ပုံမဲ့ကဗျာခေတ် ဖြစ်ပေါ်လာပါတော့တယ်။
ကဗျာတပုဒ် (တင်မိုး)
ကဗျာကို ဘယ်လိုရေးရပါ
အတွေးဟာ အရင်လာ၍
အလင်္ကာ နောက်မှာသ,ရင်လ
လှလေလိမ့် ထင်မိဘယ်။
အဘိဓာန် အထွေထွေက
စကားတွေ အခံ့သားကိုလ
ကြွားရအောင် တမင်ယူ၍
ကျမ်းဆူဆူ ကျေသကောရယ်လို့
ဂုဏ် ဒေါသာ ဝိဘာဝတွေနဲ့
သုတဥာဏ် ကိုယ်ထင်ပြချင်လို့
ဆင်သတယ် ထိုအခါတော့
ချိုကဗျာ ပျောက်ကာပြေး
မှေးမှိန်လိမ့်မယ်။
စိတ်ဖြူရင် အယူဖြောင့်ပေလိမ့်
အမှောင့်လို ထိုအကြွားကိုတော့
စာနားမှာ မသီစေနှင့်
ဤမြေမှာ လူအများရယ်နဲ့
သွေးသားနှယ် တခင်ခင်ပေါ့
ပတ်ဝန်းကျင် လူမှုရေးဆီသို့
အတွေးကို တမန်စေလိုက်ပါ့
ဥာဏ်အာခြေ အကြံပွင့်ပါလို
ရင့်ပါလိမ့် အတွေးနယ်
ကြွယ်ပါလိမ့် စာစကား။
တေးဆိုမည့်ကြံ
ဂိုဏ်းဂုဏ်တွေ မှန်မမှန်နဲ့
စာပေတံ အသာချပါလို့
ဘဝမှာ ပျော်ပျော်ဝင်လိုက်ပါ့
သည်အမြင် သည်အကြား
သည်အမှား သည်အမှန်သို့
အမြင်သန် ဥာဏ်သဘောတွေနဲ့
လူတောမှာ အခြေတည်ခဲ့
မှန်သည်ကို ကိုယ်လိုလား
မှားသည်ကို ကိုယ်မလိုဘဲ့
စိတ်ဆိုရာ ကဗျာတပုဒ်ပါဘဲ
စာအုပ်တွေ တလှန်လှန်
ကာရန်တွေ တလွှားလွှား
အကြွားတွေ တလူလူ
သည်အယူ စွန့်ကာပစ်ရင်လ
တေးကဗျာ တကယ်သစ်ပေလိမ့်
လှစ်ဖွဲ့ ကုန်တကား။ (တင်မိုး - ငွေတာရီ မဂ္ဂဇင်း၊ ၁၉၆၆ ​မေလ) 
Listener's Heaven Audiobooks - အသံစာအုပ် ကျေးဇုး။
ဆရာ'တင်မိုး' သည် 'ကဗျာတပုဒ်' ကို ရေးစပ်၏။ ခုခေတ် 'တစ်မိုး' ကျား-မ ကြီး-ငယ်တို့သည် 'ကဗျာတင်းပုတ်' များကို စပ်ကြ၏။ ကန်တော့ + ဆောရီး။
ရှယ်လီအမည်ကို စာဖွဲ့သူ များပေမဲ့ ဆရာတင်မိုးကို မေ့ထားသူ များလာပြီ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ