မြန်မာပြည်မှာ ပြည်နယ်ကစားစရာတွေကို ပြည်မမှာ အစားနည်းကြပြီး၊ အညာကစားစရာတွေကို အောက်ပြည်မှာ သိပ်မစားကြသလို အောက်ပြည်အောက်ရွာက ကောင်းတာတွေကိုလည်း အညာသား တချို့ကသာ စားကြတယ်။ သူများတိုင်းပြည်က စားစရာတွေကိုလည်း အဲလိုဘဲ။
ဒါပေမဲ့ ကြာလေကြာလေ ကမာ္ဘကြီးက ပြားပြားလာနေတယ်။ ဒီမြို့က ဆိုင်တွေမှာ အာရှစာမှန်သမျှ အကုန်လောက်ရတယ်လို့တောင် ပြောနိုင်တယ်။
မြန်မာပြည်ကြီးလည်း ပြားရာကနေ ချပ်လာပြီ။ အညာနဲ့ မြစ်ဝကျွန်းပေါ် မကွဲပြားတော့။ တောင်ပေါ်က စားစရာတွေ တောင်အောက်ကို လျှောချလာပြီ။
ဒါတင်ဘယ်ကမလဲ ဖေါ်ရိန်း ဖုဒ် အင်န် ဒရင့် ဘာလိုချင်သလဲ။ (ကန်တော့) စကော့ချ်ဝီစကီဆို ရန်ကုန်ကတောင် ပိုကောင်းသလား မသိ။ တံဆိပ်နဲ့ ပုလင်း။
ကိုကာကိုလာ အဆင့်မမီတာကိုတော့ ၂၀၁၈ ခုနှစ်က အလည်ပြန်တော့ ညောင်ပင်ဝန်းမှာ စမ်းသောက်တော့ သိတယ်။ တရုပ်အတု၊ အလေးရှားအတု၊ ယိုးဒယားအတုတွေက အစစ်ထက်ကောင်းဆိုဘဲ။ အစစ်ကို မစားဘူးတဲ့သူတွေက ပြောတာ။
တိုင်းတပါးထားဦး၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ကချင်စားစရာတွေကလည်း လူမျိုးအစစ်တွေက ကောင်းတယ်ပြောမှသာ စစ်မယ်။ ကောင်းမယ်။ ကပြားကတော့ ပေါသလားမမေးနဲ့။
အစားအစာဆိုတာ ကိုယ်ငယ်စဉ်ကစားရတာမျိုး၊ အမေကချက်ကျွေးတာမျိုးကိုသာ စွဲလမ်းကြတယ်။ အရပ်ဒေသအလိုက်လဲ အကြိုက်မတူကြပါ။ ကျွန်တော်က စားစရာတွေအကြောင်း တိုတိတိုတိ ရေးပါတယ်။ ကျွန်တော်ကတော့ အဲလိုအစာကိုမကြိုက်လို့ရေးခြင်းဟာ အဲဒါမကောင်းပါလို့ ပြောတာ မဟုတ်ပါ။ ကျွန်တော်က အလွန်ကြိုက်ဆိုတိုင်းလည်း လူကြီးမင်းတို့က နှစ်သက်ချင်မှသာ နှစ်သက်ပါလိမ့်မယ်။ မတူကြတာ နော်မယ်လ်ပါ။
အမည်နာမရောင်းချတဲ့ခေတ်မှာ မြေပဲပင်ပေါက် မန်ကျည်းရွက်သုပ် စားရသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment