Skip to main content

မြေပဲပင်ပေါက်မန်ကျည်းရွက်သုပ်

မေ့သလိုတောင်ဖြစ်နေတဲ့ စားစရာ။ အသက် ၄၂ နှစ်အထိတော့ မကြာမကြာ စားခဲ့ရတယ်။ အိန္ဒိယမှာ ၂၄ နှစ်ကြာ နေခဲ့ရစဉ်ကလည်း မစားခဲ့ရလို့ ထင်တယ်။ ယူအက်စ်အေမှာ မြေပဲစို ဝယ်လို့ ရပေမယ့် မြေပဲပင်ပေါက်တော့ တခါမှ မတွေ့သေးပါ။ မန်ကျည်းရွက်လည်း ပုလင်းနဲ့လာတာသာ ရတယ်။

မြန်မာပြည်မှာ ပြည်နယ်ကစားစရာတွေကို ပြည်မမှာ အစားနည်းကြပြီး၊ အညာကစားစရာတွေကို အောက်ပြည်မှာ သိပ်မစားကြသလို အောက်ပြည်အောက်ရွာက ကောင်းတာတွေကိုလည်း အညာသား တချို့ကသာ စားကြတယ်။ သူများတိုင်းပြည်က စားစရာတွေကိုလည်း အဲလိုဘဲ။ 

ဒါပေမဲ့ ကြာလေကြာလေ ကမာ္ဘကြီးက ပြားပြားလာနေတယ်။ ဒီမြို့က ဆိုင်တွေမှာ အာရှစာမှန်သမျှ အကုန်လောက်ရတယ်လို့တောင် ပြောနိုင်တယ်။

မြန်မာပြည်ကြီးလည်း ပြားရာကနေ ချပ်လာပြီ။ အညာနဲ့ မြစ်ဝကျွန်းပေါ် မကွဲပြားတော့။ တောင်ပေါ်က စားစရာတွေ တောင်အောက်ကို လျှောချလာပြီ။ 

ဒါတင်ဘယ်ကမလဲ ဖေါ်ရိန်း ဖုဒ် အင်န် ဒရင့် ဘာလိုချင်သလဲ။ (ကန်တော့) စကော့ချ်ဝီစကီဆို ရန်ကုန်ကတောင် ပိုကောင်းသလား မသိ။ တံဆိပ်နဲ့ ပုလင်း။

ကိုကာကိုလာ အဆင့်မမီတာကိုတော့ ၂၀၁၈ ခုနှစ်က အလည်ပြန်တော့ ညောင်ပင်ဝန်းမှာ စမ်းသောက်တော့ သိတယ်။ တရုပ်အတု၊ အလေးရှားအတု၊ ယိုးဒယားအတုတွေက အစစ်ထက်ကောင်းဆိုဘဲ။ အစစ်ကို မစားဘူးတဲ့သူတွေက ပြောတာ။ 

တိုင်းတပါးထားဦး၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ကချင်စားစရာတွေကလည်း လူမျိုးအစစ်တွေက ကောင်းတယ်ပြောမှသာ စစ်မယ်။ ကောင်းမယ်။ ကပြားကတော့ ပေါသလားမမေးနဲ့။

အစားအစာဆိုတာ ကိုယ်ငယ်စဉ်ကစားရတာမျိုး၊ အမေကချက်ကျွေးတာမျိုးကိုသာ စွဲလမ်းကြတယ်။ အရပ်ဒေသအလိုက်လဲ အကြိုက်မတူကြပါ။ ကျွန်တော်က စားစရာတွေအကြောင်း တိုတိတိုတိ ရေးပါတယ်။ ကျွန်တော်ကတော့ အဲလိုအစာကိုမကြိုက်လို့ရေးခြင်းဟာ အဲဒါမကောင်းပါလို့ ပြောတာ မဟုတ်ပါ။ ကျွန်တော်က အလွန်ကြိုက်ဆိုတိုင်းလည်း လူကြီးမင်းတို့က နှစ်သက်ချင်မှသာ နှစ်သက်ပါလိမ့်မယ်။ မတူကြတာ နော်မယ်လ်ပါ။

အမည်နာမရောင်းချတဲ့ခေတ်မှာ မြေပဲပင်ပေါက် မန်ကျည်းရွက်သုပ် စားရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ